Chapter 9

574 48 7
                                    

[Unicode]

Grace သူသွားတတ်တဲ့နေရာကို ရောက်တာနဲ့ Draco ကိုတောင် မနှုတ်ဆက်နိုင်ဘဲ ချက်ချင်းထွက်လာခဲ့သည်။ သွားရင်းနဲ့လည်း သူတစ်ခုခုကို မေ့နေသလို ခံစားရသဖြင့် အသည်းအသန် စဥ်းစားနေသည်။ စဥ်းစားလေ ခေါင်းထဲက ဘာမှ ထွက်မလာလေ ဖြစ်နေသောကြောင့် Daddy ရဲ့ အခန်းရှေ့ရောက်တော့ မဝင်သေးဘဲ မတ်တပ်ရပ်ကာ အခန်းတံခါးကို လက်ထောက်ထားပြီး စဥ်းစားကြည့်လိုက်သည်။ ခေါင်းကို အေးအေးထားပြီး ပြန်စဥ်းစားကြည့်တော့ အဖြစ်အပျက်တွေက ခေါင်းထဲမှာ တသီတတန်းကြီး အစီလိုက်ကြီး ပေါ်လာသည်။

Harry, Ron နဲ့ Hermione တို့ Quidditch အကြောင်း ပြောကြတာကနေစပြီး သူတို့သုံးယောက် Gryffindor Dungeon ကို ပြန်ရောက်လာတဲ့အထိ အဖြစ်အပျက်တွေက ခေါင်းထဲကို တန်းစီပြီး ဝင်လာသည်။

*Oh my goddess တစ်ခုတည်းကိုပဲ အာရုံစိုက်နေမိတာနဲ့ နောက်ပိုင်းအကြောင်းတွေ လုံးဝမေ့သွားတာပဲ အား...... တကယ်ပါပဲ ငါကတော့*

အခုချိန်မှာ Professor Snape ရဲ့ အခန်းရှေ့ကို တစ်ယောက်ယောက်က ဖြတ်သွားဖြစ်တာပဲ ဖြစ်ဖြစ်၊ Professor Snape ဆီကို ပြောစရာရှိလို့ လာတာပဲ ဖြစ်ဖြစ် အကြောင်းအရာတစ်ခုခုကြောင့် ထိုနေရာကို ရောက်သွားလျှင် မြင်နိုင်တာကတော့ တံခါးကို လက်ထောက်ထားပြီး ပါးစပ်အဟောင်းသားနှင့် အံ့သြနေသော ရုပ်နှင့် ရူးချင်တော့တာပဲ ဆိုသည့် မျက်နှာပေးကို ပေါင်းစပ်ထားသည့် ရုပ်နှင့် Grace ကို တွေ့ရမှာပဲ ဖြစ်သည်။ သို့သော်လည်း ကံကောင်းချင်တော့ ဖြတ်လျှောက်နေတဲ့ သူက တစ်ယောက်တောင် မရှိပေ။ ထိုအချိန်တွင်

"ကျွီ"

"ဘုတ်"

"အာ့"
........................................................................

Draco တစ်ယောက် Grace ထွက်သွားပြီးမှ ကိုယ့်အဆောင်ဘက်ကို ပြန်လာခဲ့သည်။ သွားရင်းနှင့်လည်း စဥ်းစားနေသည်။

*Harry ကို ဘာမှ မဖြစ်ခဲ့သလိုမျိုး သဘောထားပြီး ပုံမှန်အတိုင်း စကားပြောကြည့်ရမလား၊ ဒါမှမဟုတ် သူစကားစလာတာကိုပဲ စောင့်ရမလား၊ မသိချင်ယောင်ပဲ ဆောင်နေရမလား၊ ကိုယ်ကပဲအရင် စကားသွားပြောရမလား၊ တောင်းပန်ရမလား အဲ.... တောင်းပန်ရအောင်လည်း ငါမှ မမှားတာ သူ့ကို စတာ မဟုတ်ဘဲ ကြားထဲကနေ ဝင်ပါတာကိုး ဟွန့် ....... ငါ့အမှားမဟုတ်ဘူး၊ ဘာလုပ်ရမှန်း မသိလို့ Grace ကို မေးတော့လည်း လုပ်ချင်သလိုသာ လုပ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ*

You've reached the end of published parts.

⏰ Last updated: Apr 02, 2022 ⏰

Add this story to your Library to get notified about new parts!

I was transmigrated into Harry Potter's WorldWhere stories live. Discover now