Chapter 7

351 40 1
                                    

[Unicode]

Grace ထွက်သွားတာကို လိုက်ကြည့်ရင်း ကိုယ့်​မြင်ကွင်းထဲက ပျောက်သွား​တော့မှပဲ ဘေးက သူကို ကြည့်လိုက်သည်။ Harry က ကိုယ့်ကို ဆက်​ပြောလေ ဆိုသည့် ရုပ်နှင့် ကြည့်နေသည်။ မျက်လုံးလေးတွေကလည်း အရောင်လဲ့လို့နေသည်။

*Quidditch အကြောင်း အဲ့လောက် စိတ်ဝင်စားတယ်တဲ့လား ချစ်ဖို့ ကောင်းလိုက်တာ စိုက်ကြည့်နေတဲ့ ရုပ်လေးက သူ့ပါးလေးကလည်း ဆွဲညှစ်ချင်စရာလေး ဖောင်းနေတာပဲ အိအိလေးနေမှာ သူ့ပါးလေးကို ကိုက်ချင် အဲ ကိုင်ချင်လိုက်တာ*

ကိုယ့်ဟာကိုယ် မသိလိုက်ချိန်မှာပင် အတွေးနှင့် အတူ ကိုယ့်လက်ကလည်း သူ့ရဲ့ ပါးကို ကိုင်လိုက်ပြီးသား ဖြစ်နေသည်။ သူက မျက်လုံးလေးပြူးကာ ပြန်ကြည့်နေသည်။ အဲ့ဒါနဲ့ Draco တစ်ယောက် သူ့ပါးစပ်ထဲ ပေါ်ရာ ပြောလိုက်သည်။

"အဟမ်း ဘာမှ မဟုတ်ဘူး ပါးမှာ ကပ်နေတာ တွေ့လို့ ဖယ်ပေးတာ အင့် ဖယ်လိုက်ပြီ"

အပြောနှင့်အတူ လက်ကလည်း တစ်ခုခုဖယ်ပေးသလို လုပ်လိုက်သည်။ သူကတော့

"သြော် ဘာများလဲလို့ ဖယ်ပေးပြီးရင် ဆက်ပြောပြ"

"အွန်း blah blah......"

After about 30 mins....

"ဂွီ"

"အယ်"

"ဟီး ဟို ညစာစားချိန်ရောက်ပြီလေ"

"သွားကြတော့မလား အာ့ဆို နောက်နေ့အားမှ ထပ်တွေ့ကြတာပေါ့"

"အင်းသွားမယ်လေ"

အဲ့လိုနှင့်ပင် နှစ်ယောက်အတူ ညစာစားဖို့ ထမင်းစားခန်းကို လျှောက်လာလိုက်သည်။ ထမင်းစားခန်းကိုရောက်တာနဲ့ Harry က သူ့ Gryffindor စားပွဲရှိရာကို အပြေးသွားတော့သည်။ သူ့စားပွဲကို ရောက်တော့ အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ Weasley ရဲ့ ဘေးမှာ သွားထိုင်သည်။ အဲ့တော့မှ Draco လည်း သူ့စားပွဲရှိရာကို သွားတော့သည်။ ​စားပွဲဘက်မှာ Grace က အခုထိ မရောက်သေး။ Pansy ရယ်၊ Crabbe နဲ့ Goyle ကတော့ ရောက်နေပြီ ဖြစ်သည်။ Draco လည်း အဆင်ပြေတဲ့ နေရာမှာ ထိုင်လိုက်တော့သည်။

အဲ့ဒီအချိန် Grace ကတော့ သူ့ Daddy ဆီက အမှာစကားလေးများကို တစ်ဝကြီး နားဆင်ပြီးနောက် သူ့စာအုပ်ကို အခန်းထဲ သွားထားနေသည်။ စာအုပ်ထဲမှာက Spell တော်တော်များများ ပါသည်မို့ သူ ဒီနေ့က စပြီး အဲ့စာအုပ်ကို သေချာဖတ်ကြည့်ဖို့ စဥ်းစားထားသည်။ စာအုပ်ကို တစိမ့်စိမ့်ကြည့်နေရင်း ညစာမစားရသေးသည်ကို သတိရသွားသည်။ ထို့ကြောင့် ထမင်းခန်းစားသို့ မြှောက်ကြွမြှောက်ကြွဖြင့် သွားတော့သည်။ အရင်တုန်းကတောင် စာကို စာမေးပွဲနီးမှ ကပ်လုပ်တတ်တဲ့ သူက အခုတော့ စာလုပ်ဖို့ မိုတီရှိသည်။ သူ့သားလေးနဲ့ သားမက်လေး။ သူတို့အတွက် အန္တရာယ် ရှိနိုင်တဲ့ ဟာတွေ အကုန်နီးပါးကို ကြားထဲကနေ ဝင်ကာကွယ်ပေးရမည်။ Grace အခုချိန်ကစပြီး စာလုပ်တော့မည်။အခုချိန်သွားကြည့်ရင်တော့ သူ့မျက်နှာကြီး ပြုံးဖြီးနေလောက်သည်။

I was transmigrated into Harry Potter's WorldWhere stories live. Discover now