Chapter 2

689 62 3
                                    

[Unicode]

Daddy Snape က သူ့ကို တရားဝင် မွေးစားလိုက်ပြီးနောက် သူ့ကို ထိန်းဖို့ Laura ဆိုသည့် အန်တီကြီးကိုလည်း ငှားထားသေးသည်။ ဘယ်လိုကြောင့်မှန်းမသိသော်လည်း နာမည်ကို သူ့ရဲ့ နာမည်အရင်းဖြစ်သည့် Grace ဟုသာ ပေးသည်။ ထို့ကြောင့်  သူမနာမည်က Grace Snape ဖြစ်သွားလေသည်။ ခေါ်ရသည်မှာ နည်းနည်းထောက်နေသော်လည်း Grace ကတော့ အလွန်ကျေနပ်လေသည်။

Daddy Snape က တစ်ပတ်ကျော်ကြာ အိမ်မှာ Grace နဲ့ နေပေးပြီးနောက် Hogwarts မှာ စာပြန်သွားသင်သည်။ မနက်စောစော Grace အတွက် အကုန်ပြင်ဆင်​ပေးပြီးသွားသည်နှင့် apparation လုပ်ပြီး Hogwarts ကို သွားသည်။ နေ့ခင်းဘက်တွင်တော့ အန်တီ Laura နဲ့သာ နေရလေသည်။ ထိုအန်တီက ကလေးထိန်းတော်နေသော်လည်း သူထိန်းနေရသည့် ကလေးမှာ ၁ နှစ်အရွယ်ကိုယ်ထဲ ရောက်နေသည့် ၁၇ နှစ်အရွယ်ဖြစ်နေသောကြောင့် ထိုအန်တီ၏ ကလေးထိန်း skill များမှာ Grace အတွက်တော့ အသုံးမဝင်ပေ။ ထို့ကြောင့် အန်တီ Laura နှင့် နေရသည့် အချိန်များမှာ အလွန်ပျင်းဖို့ ကောင်းနေသည်။ Daddy ညဘက် Grace အိပ်ခါနီးလောက်မှသာ ပြန်လာလေ့ရှိသည်။ အန်တီ Laura ကလည်း ထိုအချိန်မှသာ အိမ်ပြန်ရလေသည်။

Saturday နဲ့ Sunday တွေဆိုလျှင် Daddy က အိမ်မှာသာ နေသောကြောင့် ထိုနေ့တွေတွင် အန်တီ Laura မလာပေ။ Daddy နဲ့ နေရသော ရက်မှာ တစ်ပတ်မှာ ၂ ရက်သာ ရှိသောကြောင့် ထို ၂ ရက်ကို အပြည့်အဝ ချွဲရင်း အသုံးချရမည်။ Daddy ကလည်း တစ်ခါ ပြုံးပြ၊ ရယ်ပြ၊ အသံထွက်ပြလိုက်သည်နှင့် Daddy ​ခေါ်ခိုင်းနေသည်။ သို့သော် Grace ကတော့ Daddy ရဲ့ မွေးနေ့ရောက်မှသာ လက်ဆောင်အဖြစ် ခေါ်ဖို့ စဥ်းစားထားသောကြောင့် ခေါင်းမာမာနှင့်ပင် ပါးစပ်ကို ရေငုံနှုတ်ပိတ်နေလေသည်။

Daddy ရဲ့ မွေးနေ့ဖြစ်သော 9th January တွင်တော့ သူပျော်သွားစေရန် မနက် သူ့ကို လာနှိုးသည်နှင့် Daddy ဟု အကျယ်ကြီး ခေါ်ပေးလိုက်သည်။ ပျော်သွားပုံရသော Daddy က ပါးဖောင်းဖောင်းလေးကို နှာခေါင်းနဲ့ လာထိသည်။ Daddy Snape နဲ့ နေတာ တဖြည်းဖြည်း ကြာလာသည်နှင့်အမျှ Grace သိလာရသည်မှာ Daddy က အလွန်ချစ်ဖို့ကောင်းပြီး ဂရုစိုက်ပေးတတ်တဲ့ သူဆိုတာကိုပင်။ သံယောဇဥ်လည်း အလွန်ကြီးသည်။ သူဂရုစိုက်သည်က်ို တခြားသူတွေ သိအောင် ထုတ်မပြရုံလေးသာ။ Harry Potter ကို စစကြည့်ကတည်းက Professor Severus Snape ကို မမုန်းခဲ့မိ။ Professor Dumbledore ကို သတ်သည့်အခန်းတွင်တောင် Draco Malfoy ကို မလုပ်စေချင်၍ သူကိုယ်တိုင် ဝင်လုပ်လိုက်သည်ဟု ဖြည့်တွေးပေးခဲ့သည်အထိ အရမ်းသဘောကျခဲ့ရသည့် character ပင်။ Draco Malfoy ကို ပိုသဘောကျတာဆိုသော်လည်း။ ဤသို့ဖြင့် ၂ နှစ်ဆိုသည့် အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးလာသည်။ ထိုအချိန်တွေမှာ Grace တစ်ယောက် သူရဲ့ လက်ရှိဘဝလေးကို အလွန်သဘောကျနေမိသည်။
.
.
.
.
.
.
.

I was transmigrated into Harry Potter's WorldWhere stories live. Discover now