Chapter 4

403 51 0
                                    

[Unicode]

Harry ကို စကားပြောပြီးတာနဲ့ ထမင်းခန်းထဲကို ဝင်သွားလိုက်သည်။ ထမင်းခန်းထဲရှိ မျက်နှာကျက်ကို ကောင်းကင်နဲ့ တူအောင် ဖန်တီးထားပြီး ဖယောင်းတိုင်တွေကို လင်းထိန်နေအောင် ထွန်းထားသည်။ အခန်းရဲ့ ​ရှေ့ဆုံးမှာတော့ ဆရာတွေ အတွက် သက်သက် စားပွဲရှည်တစ်ခုကို ထားထားသည်။ ထိုစားပွဲခုံ၏ အလယ်မှာတော့ Professor Dumbledore က ထိုင်နေသည်။ စားပွဲရဲ့ ဘယ်ဘက်အပိုင်းမှာတော့ ပုံမှန်မျက်နှာပေးလို့ ပြောလို့ရမည့် အကုန်လုံးကို စိတ်တိုနေသော မျက်နှာဖြင့် Daddy ထိုင်နေလေသည်။ Daddy ကို တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်သည်။ ကိုယ့်ကို ပြန်မပြုံးပြလာသော်လည်း။ Professor Dumbledore ရဲ့ အရှေ့မှာ ခုံတစ်ခုံရှိပြီး အဲ့ခုံပေါ်မှာတော့ Sorting Hat ကို တင်ထားသည်။ ကျောင်းသားတွေ အလယ်ကို ရောက်တဲ့ အခါမှာတော့ Professor Dumbledore က မတ်တပ်ရပ်ကာ

"အရင်ဆုံး ဒီကျောင်းကို တက်ခွင့်ရတဲ့ ကလေးတွေ အားလုံး ဂုဏ်ပြုပါတယ် အခုမှ လာရောက်သင်ကြားတဲ့ ကလေးတွေကို ပြောချင်တာ ရှိပါတယ် ပထမနှစ်ကလေးတွေ မှတ်ထားပေးပါ အမှောင်တောအုပ်ဟာ ကျောင်းသားတွေ အားလုံးအတွက် တားမြစ်တားတဲ့ နေရာဖြစ်ပါတယ် ကျောင်းရဲ့ အစောင့်ကတော့ Mr.Filch ဖြစ်ပါတယ် သိချင်တာတွေ ရှိရင်တော့ သူ့ကို သွားမေးနိုင်ပါတယ် ပြီးတော့ ညာဘက်ခြမ်း ၃ ထပ်မြောက်က ကော်ရစ်ဒါဟာလည်း တားမြစ်နယ်မြေဖြစ်ပါတယ် အားလုံးကလည်း ကိုယ့်သေတွင်းကို မတူးချင်ကြဘူးလို့ ထင်ပါတယ် ကျေးဇူးပါ"

Professor Dumbledore ရဲ့ မိန့်ခွန်းအရှည်ကြီးကို နားထောင်ပြီးတဲ့ နောက်မှာတော့ Professor McGonagall က သူ့ရဲ့ စာရွက်လိပ်အရှည်ကို ဖြန့်ပြီးတော့

"နာမည်အခေါ်ခံရတဲ့ သူတွေ ဒီအရှေ့ကို ထွက်လာခဲ့ကြပါ ငါကတော့ မင်းတို့ခေါင်းပေါ်ကို အဆောင်ခွဲပေးတဲ့ ဦးထုပ်ကို ဆောင်းပေးမယ် အဲ့ဒီတော့မှ မင်းတို့က ဘယ်အဆောင်ထဲ ရောက်မှာလဲဆိုတာ သိရမှာပါ အဲ့ဒါဆို စလိုက်ရအောင်"

"ပထမဆုံးတစ်ယောက်က Hermione Granger"

*အဆောင်ခွဲရတော့မှာပဲ Slytherin ပဲ ကျရင် ကောင်းမယ် တခြားဟာ မကျချင်ဘူး တခြားဟာကျရင် Draco နဲ့ အတူတူရှိဖြစ်မှာ မဟုတ်ဘူး အဲ့လိုဆိုရင် ကြားထဲကနေ စေ့စပ်ပေးဖို့က အဆင်မပြေဘူး အဲ Draco ဆိုမှ သူဘယ်ရောက် အော် တွေ့ပြီ ဟိုဘက်ဘေးအရမ်းရောက်နေတာကိုး ဘယ်တွေ့မလဲ မျက်နှာကလည်း စူပုတ်နေတာပဲ Ron ကို စိတ်တိုနေတုန်းပဲကို*

I was transmigrated into Harry Potter's WorldWhere stories live. Discover now