Chapter 3

445 55 1
                                    

[Unicode]

၇ နှစ်ကြာသော်

Malfoy Manor တွင် Grace တစ်ယောက် Draco ၏ ပေါက်ပေါက်ဖောက်ခြင်းကို ခံနေရလေသည်။ တခြားကြောင့်တော့မဟုတ်။ Hogwarts မှ အကြောင်းကြားစာရောက်လာသည့်အကြောင်းရယ်၊ စာထဲမှာ ရေးထားသည့် အကြောင်းအရာကို စီကုံးပတ်ကုံး ပြောပြနေသောကြောင့်ပင်။ Grace လည်း မနက်က စာရောက်လာသည့်အတွက် Draco ကို ပြောပြဖို့အတွက်​ရော၊ ပြီးတော့ Daddy က Hogwarts မှာ လုပ်စရာတွေ ရှိနေသည့်အတွက် ​​ရှေ့တစ်ပတ်က အိမ်ပြန်မလာခဲ့သည့်အတွက် Draco ဆီ မလာလိုက်ရတာရောကြောင့် စောစောလာခဲ့မိသည်ကို နောင်တရသွားသလိုပင်။

ရောက်တာနဲ့ လူကို ချက်ချင်းဆွဲခေါ်သွားပြီး သူပြောချင်ရာတွေ စွတ်ပြောနေသည့် Draco ကို ​ကြာလာတော့ စိတ်က သိပ်မကြည်ချင်တော့။ ထို့ကြောင့် သူဘာပြောပြော အင်း ပေးလိုက်သည်။ သူကတော့ ကိုယ့်မျက်နှာ ဘယ်လိုဖြစ်နေလဲ ဆိုတာကို တစ်ချက်တောင် မကြည့်ဘဲ ပြောနေသည်။ တော်တော်လေး ကြာတော့ သူ့မှာ ပြောစရာကုန်သွားသည်ထင်သည်။ လူကို တစ်ချက်ကြည့်ပြီး မေးလာသည်။

"ဗိုက်ဆာနေပြီလား ငါကတော့ ဆာနေပြီ သွားစားရအောင် လာ"

"အော် အင်း စားမယ်လေ"

ထမင်းစားခန်းထဲကို ရောက်တော့ စားဖို့ ပြင်နေတဲ့ Mrs.Malfoy ကို တွေ့လိုက်ရသည်။

"စားကြတော့မှာလား"

"Draco က ဗိုက်ဆာပြီ ဆိုလို့ လိုက်လာတာ အန်တီက စားတော့မလို့လား"

"မနက်က သိပ်ပြီး ဗိုက်မဆာလို့ စားတယ်ဆိုရုံလိုက်ပဲ စားလိုက်တာ အာ့ကြောင့် အခု ဗိုက်ဆာလာတော့ စားလိုက်တော့မလို့ သမီးရော ဝင်စားလိုက်လေ"

"ဟုတ် အာ့ဆို စားလိုက်တော့မယ်"

အဲ့လိုနှင့် ၃ ယောက်သား နေ့လည်စာ အတူတူစားလိုက်သည်။

"သမီးရော Hogwarts ကို တက်ရမယ်ဆို Severus ပြောတယ်"

"ဟုတ် သမီးရော တက်ရမှာ"

"နင်ရောလား ငါ့ကိုတောင် မပြောပြဘူး လျှိုတယ်နော် Grace ပြောတော့ အကုန်ပြောပြပါမယ်ဆိုပြီး"

ပါးစပ်ထဲ ထမင်း ပလုတ်ပလောင်းနှင့် စူစူပုတ်ပုတ်ပြောလာသော Draco ပါပင်။ ထို့ကြောင့် တစ်ချက်လှည့်ပြီး ပြုံးပြလိုက်သည်။ စိတ်ထဲတွင်တော့

I was transmigrated into Harry Potter's WorldWhere stories live. Discover now