Chapter 8

379 40 3
                                    

[Unicode]

ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုပ်ချင်ရာ လုပ်လိုက်သော Grace တစ်ယောက် ဆေးခန်းရောက်နေသည်။ Hogwarts ကို ရောက်ကတည်းက ဒီအခန်းထဲ မရောက်သေးတာ အတော်ဖြစ်သွားသည်။ တကူးတကကြီး လာစရာမလိုတော့။

Madam Hooch က Grace ကို ပို့ပေးပြီး အနားယူဖို့ ပြောပြီးတော့ ခဏအကြာမှာပဲ အတန်းချိန်မပြီးသေးတာကြောင့် သွားတော့သည်။ အခန်းထဲမှာ တခြားသူတွေလည်း ရှိသေးတဲ့ အပြင် ကိုယ့်ဒဏ်ရာကလည်း အရမ်းကြီး ဆိုးတာမျိုးမဟုတ်ပဲ ဘယ်ဘက်လက်က လက်ဆစ်ယောင်တာရယ်၊ တခြားနေရာတွေက နည်းနည်းပွန်းပဲ့သွားရုံလောက်သာ ဖြစ်သောကြောင့် ကိုယ့်အလှည့်ရောက်ဖို့ ကုတင်တစ်ခုပေါ်မှာပဲ ထိုင်စောင့်နေလိုက်သည်။

တကယ်တော့ ဒီဘက်ကမ္ဘာကို ရောက်လာတာလည်း ဘာမှ မဖြစ်ပါဘူး။ အနီးကပ် ship ခွင့်၊ ချောင်းခွင့်တောင် ရှိသေးသည်။ မိဘတွေကို အရမ်းလွမ်းပြီး ကိုယ့်သူငယ်ချင်းတွေကို သတိရနေတာတွေက လွဲလျှင် အားလုံးအဆင်ပြေနေပါသည်။ ဟိုဘက်က ကိုယ်က သေသွားတာလား၊ ခဏမေ့မျောနေတာမျိုးလားတောင် မသိ။ စစရောက်ချင်းတုန်းကတော့ ပြန်လို့ရမယ့် နည်းလမ်းရှိလောက်တယ်လို့ တွေးမိပေမယ့်လည်း ကြာလာတော့ အဲ့အတွေးတွေက ပျောက်သွားသည်။

အခုလိုမျိုး time travel တို့၊ transmigrate တို့ကိုလည်း ဖတ်ဖူးနေတာဆိုတော့ ထူးဆန်းနေတာမျိုးတော့ မဟုတ်။ တစ်ခုပဲ သူတို့က system နဲ့ mission လုပ်ပြီးတာနဲ့ ပြန်သွားလို့ရတာလေးပဲ။ အခုတော့ ဒီကိုရောက်နေတာ ၁၀ နှစ်တောင် ရှိနေပြီကို ဘာ system မှလည်း ပေါ်မလာ။ ဘာလုပ်ရမလဲ ဆိုတာလဲမသိ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကြည့်ခဲ့ဖူးတဲ့ ဟာကို ပြန်စဥ်းစားပြီး လုပ်ရတာ လွယ်ကူမနေပါဘူးနော်။ system ပေါ်လာရင် ကောင်းမှာပဲ။ သူ့ဟာသူ အချိုးပြေပြေမပြေပြေ။ အနည်းဆုံးတော့ ပေါက်ပေါက်ဖောက်လို့ ရတာကို။ စကားနည်းနည်းလေးပဲ ပြောတာ ငါ့စတိုင်လ် မဟုတ်ဘူးလို့။

နည်းနည်းကြာတော့ Madam Pomfrey က လက်ကို လာကုပေးသည်။ လက်ကို ကုပေးပြီးတာနဲ့ အခန်းထဲက ထွက်လာတော့ အပြင်မှာ ရပ်နေသည့် Draco ရယ်၊ Harry ရယ်၊ Hermione ရယ်၊ Pansy ရယ်၊ Neville ရယ်၊ Ron ရယ်ကို တွေ့လိုက်ရသည်။ ရပ်နေတဲ့ ပုံစံက ship ချင်စရာလေးတွေဖြစ်နေသည်။ ရှေ့ဆုံးမှာ ရပ်နေသည်က Harry နဲ့ Draco ၊ သူတို့နှစ်ယောက်နောက်မှာတော့ Hermione နဲ့ Pansy ပင်။ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် မကြည်ကြည့်နှင့် ကြည့်နေကြသည်။

I was transmigrated into Harry Potter's WorldWhere stories live. Discover now