"ဘာ ငါကမသိဘူးများထင်နေလား"

ပြောရင်း ဘတ်ဟျွန်းက ချန်းယောလ်ကိုလည်ပင်းကနေ ဖက်ပြီး ချုပ်ထားလိုက်သည်။

"အား အား နာတယ် လွှတ်အုံး"

"ငိုလို့ဝသွားပြီဟုတ်?"

"အင်း ဒီနေ့အတွက် ကျေးဇူးပါ ဘတ်ဟျွန်း"

"ကျေးဇူးတင်ရင် အရက်တိုက်"

အဲ့လိုပြောတော့ ချန်းယောလ်က နှာခေါင်းရှုံ့ကာ

"ငါ အရက်မသောက်ဘူး"

"ဘယ်သူကကော အရက်သောက်ခိုင်းနေလို့လဲ ငါပဲသောက်မှာ မင်းကလိုက်စောင့်ပေး"

"မဖြစ်ဘူး အိမ်မှာ Omma"

"အရူးကောင်လေး မင်းဝင်သွားရင်လည်းမောင်းထုတ်မှာပဲ မထူးတော့ဘူး ဒီကအစ်ကိုကြီးနဲ့ပဲလိုက်ခဲ့တော့ ကြားလား"

"သိပါပြီ"

"ချစ်ဖို့ကောင်းတယ်"

"မင်းရောပဲ"

ချန်းယောလ်ဆီက ပထမဦးဆုံး "ချစ်ဖို့ကောင်းတယ်" လို့အပြောခံလိုက်ရသည်။
ဘတ်ဟျွန်းပျော်ရွှင်နေခဲ့ပါသည်။ ပုံမှန်ဆိုရင် စိတ်ဆိုးဒေါသထွက်ပေမယ့် ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ပျော်ရွှင်စေတဲ့ဆေးလိုပဲ။

လမ်းလေးပေါ်မှာ ကောင်လေးနှစ်ယောက်ရှိခဲ့သည်။ တစ်ယောက်ပုခုံးပေါ် ကိုတစ်ယောက်က လက်တင်ထားကာ ပြုံးရယ်လျက်သွားနေကြသည်။ ရိုးရှင်းပေမယ့် ဘဝမှာအလှပဆုံး memory တစ်ခုပဲ။

~🌷

"ချန်းယောလ် omma အခြေအနေဘယ်လိုလဲ သက်သာပြီလား"

"အင်း အခုထိတော့.....
မကြာခင်သက်သာသွားမှာပါ"

"ငါလာလို့ရတယ်မလား ချန်းယောလ်အိမ်ကို"

"အင်း ရတာပေါ့"

"အခုပဲထွက်လာပြီ စောင့်နေနော်"

ချန်းယောလ်က ဖုန်းမသုံးတော့ သူ့ရဲ့အိမ်ဖုန်းနံပါတ်ကို မရမကတောင်းပြီး နေ့တိုင်းအကြောင်းမရှိအကြောင်းရှာ ဆက်ဖြစ်သည်။
အထက်တန်းပြီးသွားတော့ ဘတ်ဟျွန်းပိုလွတ်လပ်လာသည်။ အိမ်ကလည်းတင်းကြပ်တာမျိုးမရှိတော့။ အိမ်ကလိုချင်တဲ့အတိုင်းအတာရောက်အောင်လည်းလုပ်ပေးပြီးသွားပြီ။ လွတ်လပ်တဲ့လူငယ်အရသာကို ဘတ်ဟျွန်းပြည့်ဝစွာ အသုံးချနေသည်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now