ဇာတ်သိမ်းပိုင်း (Uni+Zawgyi)

24.6K 1K 96
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
ဇာတ်သိမ်းပိုင်း

-၂လခန့်ကြာသော်-

ဒီဇင်ဘာလ (၁၄)ရက်

"သမီးငယ်ပြီးပြီလား...အောက်မှာမေမေတို့စောင့်နေပြီ"
"ပြီးပြီ...ပြီးပြီ...​တီချယ်ရေ..."

ပြီးပြီဆိုပြီးအခန်းထဲမှထွက်မလာသေးသည့်သမီးငယ်အားနွေးအခန်းနံရံအားမှီရင်းစောင့်နေမိသည်။ဒီနေ့ကနွေးနဲ့သမီးငယ်ရဲ့မင်္ဂလာရက်မြတ်ကလေးပင်။တစ်နည်းပြောရရင် မင်္ဂလာဆောင်တဲ့နေ့ပေါ့။ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ဘဲနှစ်ဖက်မိဘနှင့်ဆွေမျိုးများကိုသာဖိတ်ပြီးဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းသာကျွေးဖို့နှစ်ယောက်အတူတိုင်ပင်ခဲ့ကြတာပင်။ဆွမ်းကျွေးပြီးမိဘမဲ့ဂေဟာတစ်ခုတွင်အလှူဒါနပြုဖို့စီစဥ်ခဲ့ကြသည်။တကယ်ဆို ကိုလွင်နဲ့အစ်မတို့မင်္ဂလာပွဲနှင့်သိပ်မကွာပဲလုပ်ဖို့ကို သမီးငယ်က ဒီနေ့မှလုပ်ချင်တယ်ဆိုတာကြောင့်ရွေချယ်ခဲ့ကြခြင်းသာ။
"တီချယ်..."
"ဟောထွက်လာပြီကြာလိုက်တာ"
"အဆင်ပြေရဲ့လားဟင် မြင့်မိုရ်ရင်တွေခုန်လိုက်တာ"
"ပြေပါသတဲ့ရှင့်..တီချယ့်သမီးငယ်ကအမြဲလှပြီးသားပဲကို"
ခရမ်းနုရောင်ချိတ်ဝမ်းဆက်ဆင်တူလေးဖြင့်နှစ်ယောက်လုံးမှာတကယ်ကိုလှရက်ကြသည်။အပြုံးတွေတောက်ပကာ နှစ်ဦးလုံးရင်ထဲဝယ်ကြည်နူးနေမိကြတော့သည်။
"ကဲကဲ..သတို့သားနဲ့သတို့သမီး..အဲလေမှားလို့သတို့သမီးနဲ့သတို့သမီး ဆင်းလာခဲ့ပါတဲ့သွားကြရအောင်"
ကိုကိုကဟာသနှောကာပြောသည်မလို့ရယ်မိလိုက်ကြသည်။
"နှစ်ယောက်လုံးလှနေကြတာ တကယ်ဝမ်းသာတယ်နော်"
"အစ်မကျေးဇူးတွေအများကြီးပါပါတယ်၊နွေးတကယ်ကျေးဇူးတင်ရပါတယ်"
"မလိုပါဘူးရှင်၊တစ်ယောက်နဲ့တစ်ယောက်ပျော်အောင်သာထား၊နားလည်မှုတွေနဲ့ရှေ့ဆက်လျှောက်၊နှစ်ယောက်လုံးပျော်နေတယ်ဆိုရင်ပဲ အစ်မကဝမ်းသာကျေနပ်နေမှာပါ"

ဘုန်းကြီးကျောင်းအား ကားဖြင့်ထွက်ခဲ့ကြပြီးဆွမ်းကပ်ကာ ဆွေမျိုးများကိုလည်းဧည့်ခံနေမိကြသည်။အခက်အခဲတွေအများကြီးရှိခဲ့တယ်ဆိုပေမဲ့နောက်ဆုံးတော့အတူရှိနိုင်ခဲ့ပြီဆိုတဲ့စိတ်ကြောင့်ပျော်ရွှင်နေမိကြသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now