အပိုင်း (၂၆)(Uni+Zawgyi)

15.4K 878 36
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၆)

"သမီးငယ်"
"တီချယ်လာလေ မြင့်မိုရ်တောင်အောက်ဆင်းလာမလို့ရယ်"
"ပေဖူးရော ဘယ်သွားလဲ"ဟုမေးရင်းတီချယ်က မြင့်မိုရ်ကုတင်ပေါ်တွင်ဝင်ထိုင်လေသည်။တီချယ့်မျက်နှာပေါ်မှာခံစားချက်တွေကပြေးလွှားနေသည်။ဒီတစ်ခါဒီအရိပ်အယောင်တွေကိုတော့မြင့်မိုရ်ကောင်းကောင်းဖတ်တတ်ခဲ့သည်။တီချယ့်စိတ်ထဲမြင့်မိုရ်ကိုအားနာသလို ဝမ်းလည်းနည်းနေလေသည်။
"အောက်ဆင်းသွားတယ် သူက study hour ချိန်ပြည့်ရင်သွားနေကျလေ"
"အင်း"တီချယ်ကဘာစကားမှမဆိုတော့ဘဲတိတ်ဆိတ်ကာ ​ကုတင်ပေါ်မှာနေရင်း ကော်ရစ်တာအပြင်အားငေးကြည့်နေလေသည်။အတော်အကြာငေးကြည့်နေပြီးမှမြင့်မိုရ်ဘက်မလှည့်ဘဲ စကားဆိုလာလေသည်။
"သမီးငယ် တီချယ့်ကိုတစ်ခုခုပြောချင်တာမရှိဘူးလား"
"ဟင့်အင်း မရှိပါဘူး"
"စိတ်ရောမဆိုးဘူးလားဟင်"ဟုပြောသည့် တီချယ့်လေသံမှာတိုးဖျော့နေလေသည်။
"မြင့်မိုရ်ပြောဖူးပါတယ် တီချယ်နဲ့ပတ်သက်ပြီး စိတ်ဆိုးတာရောစိတ်ကောက်တာရော ဘာမှမလုပ်နိုင်ပါဘူးလို့"
"ဒါပေမဲ့တစ်ခုခုတော့ လုပ်ပါ ဒီလိုကြီးကျ တီချယ့်ရင်ထဲမွန်းကြပ်ရတယ်"
"ဘာလို့လဲ..တီချယ့်မြင့်မိုရ်အပေါ်ဘာအမှားမှလုပ်မထားတာဘဲ"
"အမှားလုပ်ထားတာပေါ့..ဒီအမှားကသိပ်ကိုကြီးတယ် သမီးငယ်သိသားနဲ့"ဟုဆိုရင်း မြင့်မိုရ်မျက်ဝန်းတွေအားငေးစိုက်ကြည့်လာလေသည်။ဒီမျက်ဝန်းတွေထဲအဖြေကိုရှာနေသလားတီချယ်။နှုတ်ဖျားကအဖြေနဲ့မျက်ဝန်းကအဖြေအတူတူပါပဲ။
"စေ့စပ်ပွဲကို အမှားတစ်ခုလို့များသတ်မှတ်နေသလား တီချယ်"ဒီလိုဆိုတော့ တီချယ်ကခုနလိုမတည်ငြိမ်တော့ဘဲ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
"အမှားမဟုတ်ဘူးလားသမီးငယ် တီချယ်သမီးငယ်ကိုမျှော်လင့်ချက်တွေပေးခဲ့မိတာ"
"ဟင့်အင်း မမှားပါဘူး ဒါကဖြစ်သင့်ဖြစ်ထိုက်တာပါပဲ။ ပြီးတော့ မြင့်မိုရ်တို့အတူရှိနေနိုင်တာပဲလေ ဘာမှမတွေးပါနဲ့ "
"သမီးငယ်ရယ် တီချယ်လေ..စဥ်းစားရတာတွေများလို့ရူးတော့မှာပဲသိလား"
"လာပါအုံး အဲ့တာတွေထား တီချယ့်ကိုခဏလောက်ဖက်ထားချင်လို့"ဟုဆိုတော့ တီချယ်ကနားမလည်သည့်မျက်ဝန်းများဖြင့်ကြည့်လေသည်။တီချယ့်ဘက်သို့တိုးပြီးတီချယ့်ကိုယ်လေးအား ဖက်ထားလိုက်မိသည်။
"ဘာမှမတွေးနဲ့တော့ မြင့်မိုရ်အဆင်ပြေပါတယ် ဝမ်းနည်းမိတယ်ဆိုပေမဲ့လည်း အဆင်ပြေပါတယ်။တီချယ့်ကိုငေးကြည့်ခွင့်လေးရှိနေသေးတာမလို့အဆင်ပြေရပါတယ်။မဆုံနိုင်တော့ရင်တောင် တီချယ်ကမြင့်မိုရ်အတွက်တန်ဖိုးထားရ၊ချစ်ရခင်ရတဲ့မိသားစုဝင်တစ်ယောက်ပါ။မြင့်မိုရ်ရဲ့အစ်မတစ်ယောက်ပါ။ဒီလိုတော့အခွင့်အရေးရှိတယ်မလား"
"သမီးငယ်ရယ်..."ခဏတာမျှဖက်ထားပြီးခွာလိုက်ကြသည်။
"ဒီညဒီမှာအိပ်မလားဟင် အဆင်ပြေတယ်ဆိုမှပါ"
"ပြေတာပေါ့မပြေစရာဘာရှိလဲ"ဟုဆိုတော့ မြင့်မိုရ်အခန်းတံခါးထပိတ်လိုက်မိသည်။
"ပေဖူး မလာသေးဘူးမလား"
"လာသွားပြီ ခုနလေးကပဲ ပြန်ဆင်းသွားပြီ သူကအလိုက်သိတယ်လေ"ဟုမြင့်မိုရ်ဆိုတော့ တီချယ်ကပြုံးလေသည်။အခန်းမီးကိုပါပိတ်လိုက်ပြီး ပြတင်းပေါက်ရှိလိုက်ကာအားဆွဲကာပိတ်ပြီးသည့်နောက်ကုတင်ပေါ်ပြန်တက်ကာ တီချယ့်ရင်ခွင်လေးထဲ ဝင်အိပ်လိုက်မိသည်။
"မြင့်မိုရ်ကလေ တီချယ့်ကိုချစ်နေခွင့်ရရုံနဲ့ကိုကျေနပ်နေတာပါ"
"ဟုတ်ပါပြီရှင်"
တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း အိပ်ပျော်သွားတော့သည်။ပျော်နေခဲ့တာတော့မဟုတ်ပေမဲ့အတူရှိနေနိုင်သေးတယ်ဆိုတဲ့စိတ်နဲ့အနည်းငယ်သက်သာရာရနေခဲ့ခြင်းပါပဲ။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now