အပိုင်း (၂၀) (Uni+Zawgyi)

12K 828 91
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၂၀)

"ပြောခဲ့ဖူးပါတယ် ဒီတစ်ကြိမ်ထွက်သွားရင် တစ်သက်လုံးပဲလို့......"
"ဟဲလို"
"...."
"ဟုတ် အဲ့တာဆို နွေးလာခဲ့မယ်နော်"
ဖုန်းလေးချကာ အသင်းနေရာဆီထွက်လာလိုက်မိသည်။နွေးက ကျန်စစ်သားအသင်းဝင်တစ်ယောက်သာ။လိုအပ်တာတွေညှိနှိုင်းကြပြီးကလေးတွေကိုလည်းမှာစရာရှိတာမှာကြလေသည်။သိမ်းရမည့်ပစ္စည်းတွေကိုလည်းကိုယ့်အသင်းနေရာအလိုက်သိမ်းထားကြသည်။ညနေလေးနာရီပြိုင်ပွဲစမှာဖြစ်တာကြောင့်ကလေးတွေကို နေ့လည်ကျောင်းဆင်းတည်းကတစ်ခါတည်းဆင်းပေးလိုက်သည်။ကလေးများမှာ အသင်းအရောင်အင်္ကျီနှင့်နှစ်သက်ရာထဘီလေးများကိုတွဲဝတ်ထားကြပြီး တစ်ချို့အသင်းတွေမှာ မိန်းကလေးတွေက အသင်းရောင် ဖဲကြိုးလေးတွေ ဆံနွယ်တွေမှာချည်ထားကြသည်။ယောင်္ကျားလေးတစ်ချို့မှာတော့ မဏ္ဍပ်ကိုအပြိုင်အဆိုင်ပြင်နေကြသည်။ပစ္စည်းထားရာအခန်းက အနော်ရထာနှင့်ကျန်စစ်သားကတွဲနေတာပင်။ဝင်လိုက်ထွက်လိုက်အလုပ်ရှုပ်နေကြသည့်အထဲ ထိုကလေးမလေးလည်းပါပေသည်။

"မြင့်မိုရ်တို့ရေ ဒါလေးကြည့်ပါအုံး အဆင်ပြေလား"
မဏ္ဍပ်ပြင်နေသည့်အစ်ကိုတွေမှလှမ်းအော်မေးတာကြောင့် မြင့်မိုရ်တို့လည်းလိုအပ်တာတွေကြည့်ပေးပြီး ရယ်မောနေကြရသည်။
"မြင့်မိုရ် ဖဲကြိုးမပါဘူးလား"မေးလာသူမှာကောင်းဆက်သန့်။မြင့်မိုရ်နဲ့သူနဲ့ကတစ်သင်းထဲပင်။
"ဟုတ်တယ် ကြိုးကုန်သွားလို့ "
"ဒီမှာရှိတယ်လေ စည်းထားလိုက် မြင့်မိုရ်တစ်ယောက်တည်းမပါတာ"
"အင်း ကျေးဇူး"ဟုဆိုကာ ကြိုးယူဖို့ပြင်တော့ ကောင်းဆက်သန့်မှာစကားဆိုလာသည်။
"မြင့်မိုရ်လက်မအားရင် ကိုယ်ချည်ပေးမယ်လေ"မြင့်မိုရ်လက်ထဲမှပစ္စည်းတွေကိုင်ရင်းဘေးဘီကြည့်မိတော့ အခန်းဝမှ မိမိကိုကြည့်နေသည့်လူတစ်ယောက်။
"အင်း ချည်ပေးလေနော်"မြင့်မိုရ်အဖြေကိုအံ့သြသွားသူမှာကောင်းဆက်သန့်ပင်။ဒီတိုင်းပြောလိုက်တာ လက်မခံဘူးထင်ပေမဲ့ လက်ခံလိုက်တာကြောင့် ပျော်သလို အံ့လည်းသြနေမိတော့သည်။
"ဒါဆို ချည်ပေးမယ်နော်"ဟုဆိုကာ နှစ်ဖက်ခွဲကာစည်းထားသည့်ဆံနွယ်လေးတွေအား တစ်ဖက်စီ ဖဲကြိုးလိမ္မော်ရောင်လေးဖြင့်ဖဲပြားပုံစံချည်ပေးလိုက်မိသည်။ဘေးမှသူငယ်ချင်းတွေမှစသူကစ၊ဓာတ်ပုံရိုက်သူကရိုက်ဖြင့် ဆူနေတော့သည်။
"ရပြီ မြင့်မိုရ်"
"ကျေးဇူးနော် ဒါသွားလုပ်လိုက်အုံးမယ်"ဟုဆိုကာပစ္စည်းထားရာအခန်းသို့လာမိတော့ ခုနရပ်ကြည့်နေသည့်သူမှာမရှိတော့ပေ။သက်ပြင်းတစ်ချက်ခပ်ဖွဖွချရင်းအခန်းမှပြန်ထွက်လာမိတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now