အပိုင်း (၁၅) (Uni+Zawgyi)

13.6K 886 69
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၁၅)

"ဟုတ်လား တီချယ်က ကောင်းဆက်သန့်ကိုရည်ရွယ်......."နွေးစကားတွေအဆုံးမရောက်သေးခင် တစ်စုံတစ်ခုရဲ့ပိတ်ခြင်းကိုခံစားလိုက်ရသည်။လက်ညှိုးလေးကိုသူ့နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ်လေးတင်ကာ သူမလေးနှုတ်ခမ်းတစ်စုံနဲ့ထိကပ်ထားလေသည်။

"နောက်တစ်ခါ သူ့နာမည်ကိုခေါ်ရင် ဒီလက်ညှိုးက နေရာပြောင်းသွားပြီးကြားခံနယ်တွေရှိတော့မှာမဟုတ်ဘူးသိလား"မြင့်မိုရ်ပြောလိုက်တော့ တီချယ့်မျက်နှာလေးရဲသွားကာ တစ်ဖက်လှည့်သွားလေသည်။
"မြင့်မိုရ်အတွက် တီချယ်ကသာ အရေးကြီးတာ ပြီးတော့ ဒါတွေအကုန်လုံးကလေ တီချယ့်ကိုပဲ ရည်ရွယ်ခဲ့တာသိလား"
"ဟင် မြင့်မိုရ် ဘာ..ဘာတွေ"နွေးမျှော်လင့်ထားခဲ့မိတာတွေဆိုပေမဲ့ ရုတ်တရက်ကြီးပြောလာတာကြောင့်အံ့သြမှုတွေဖြင့်သာ။ဆက်ပြောလာမဲ့စကားတွေကိုလည်းရင်မဆိုင်ဝံ့ပေ။
"အစကမပြောတော့ဘူးလို့နေပေမဲ့ အခုတော့ တီချယ်ကို ပြောတော့မယ် မြင့်မိုရ်တီချယ့်ကိုချစ်တယ် အစ်မတစ်ယောက်လိုမဟုတ်ဘဲ လက်တွဲဖော်တစ်ယောက်လိုမျိုးချစ်တာမလို့ မြင့်မိုရ်ကို ညီမတစ်ယောက်လို ပြန်ချစ်ပေးစရာမလိုဘူးနော်၊ပြီးတော့ ပြန်ချစ်ပေးပါလို့လည်းမပြောပါဘူး။ဒီအတိုင်းမြင့်မိုရ်ချစ်တာကိုသိရင်ပဲရပါပြီ "ပြောကာ တီချယ်အနားမှထရျ် ကုတင်ခြေရင်းတစ်ဖက်ခြမ်းတွင်ထိုင်နေမိတော့သည်။

ချစ်တယ်တဲ့ ဒီစကားဟာ ကိုယ်မျှော်လင့်ထားမိတဲ့စကားမျိုးဖြစ်ပေမဲ့ လက်တွေ့ကျ ရင်ဆိုင်ရခက်ခဲလိုက်တာ။စည်းတွေခြားထားတဲ့လူနှစ်ယောက်ဟာ တကယ်ရော ချစ်ခွင့်ရှိရဲ့လား နွေးမတွေးတတ်တော့ပေ။တကယ်ဆို ကိုယ်ဟာ လူကြီးဖြစ်ပါလျှက် ကလေးတစ်ယောက်ကို စိတ်တွေယိုင်စေခဲ့မိတာ ကိုယ့်အပြစ်တွေပဲဖြစ်မယ်ထင်သည်။

"မြင့်မိုရ်"သုံးခွန်းလောက်ခေါ်ကြည့်ပေမဲ့ထူးမလာတာကြောင့် နွေး ထကာ သူမအနားသွားလိုက်မိသည်။
"ဘာလို့ငိုနေတာလဲ "
"မပြောတော့ဘူးလို့စဥ်းစားခဲ့တာပါ ဒါပေမဲ့ ဒီထက်ပိုပြီး မမျို​သိပ်နိုင်တော့လို့ပြောလိုက်မိတာ တီချယ်စိတ်ဆိုးလည်း မြင့်မိုရ်ခံပါ့မယ်"ပြောရင်း ငိုနေသည့်မြင့်မိုရ်ကို နွေးရင်ခွင်လေးထဲ သွင်းလိုက်မိသည်။
"မငိုပါနဲ့ တီချယ်သိပါတယ် မြင့်မိုရ်ဘယ်လောက်ထိ မျိုသိပ်ခဲ့မှန်းသိပါတယ် အဲ့ဒါကြောင့် မငိုနဲ့တော့နော်"

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now