အပိုင်း (၃၁) (Uni+Zawgyi)

17.9K 890 33
                                    

မြတ်နိုးရသောပန်းတစ်ပွင့်
အပိုင်း (၃၁)

"သမီးငယ်...တကယ်ဖြစ်ပါ့မလားဟင်..တီချယ်စိတ်ပူတယ်"
"ဘာမှမဖြစ်ပါဘူး..အဆင်ပြေမှာပါစိတ်ချ"
အိမ်ဘေးသို့ကားရပ်လိုက်သည်နှင့်တီချယ်မှာစိတ်ပူစွာဆိုလာတာကြောင့်မြင့်မိုရ်အားပေးနေမိသည်။
"နွေးလာ..ဘာမှတွေးမနေနဲ့ အဆင်ပြေမှာပါ"
ကိုကိုကပါဝင်ပြောပေးတော့တီချယ်ကအနည်းငယ်စိတ်သက်သာရာရသွားဟန်ဖြင့်ခေါင်းလေးငြှိမ့်ပြသည်။

"လာအိမ်ထဲဝင်ရအောင်"
"တီချယ့်ဘာသာလျှောက်ပါ့မယ်...ကြည့်လို့မကောင်းဘူးလေ"
မြင့်မိုရ်ဆွဲလိုက်သည့်လက်အားတီချယ်မှဖယ်ချကာ သူမဘာသာလျှောက်လေသည်။
"သမီးတို့ရောက်လာကြပြီလား..လာလာတီချယ်လေးလည်းပါလာတာကိုး ဧည့်ခန်းမှာထိုင်ပါအုံး"
"ဟုတ်ကဲ့"
မေမေကပြုံးရွှင်စွာကြိုဆိုလာတာကြောင့်မြင့်မိုရ်တို့လည်းဧည့်ခန်းမှာထိုင်လိုက်မိကြသည်။ဖေဖေကဖတ်လက်စသတင်းစာအား စားပွဲပေါ်ချကာ မုန့်ပြင်ခိုင်းလိုက်သည်။
"တီချယ်မုန့်နဲ့အအေးသောက်ပါအုံး...ပင်ပန်းနေရောပေါ့"ဟုဆိုရင်းမေမေကမုန့်နှင့်အအေးအားတီချယ့်ရှေ့တိုးပေးကာ ဖေဖေ့ဘေးတွင်ဝင်ထိုင်လိုက်ပြီးတီချယ့်အားအကဲခတ်နေလေသည်။
"တီချယ်..မုန့်စားနော်"နေရခက်နေသည့်တီချယ့်အားမြင့်မိုရ်ကပဲအဖော်လုပ်ပေးကာ ဧည့်ခံပေးနေမိသည်။ဖေဖေနှင့်မေမေကတော့ တီချယ့်အားကြည့်လိုက်၊မြင့်မိုရ်အားကြည့်လိုက်လုပ်နေလေသည်။
"သမီးကိုကိုပြောတာတော့ သမီးမှာမေမေတို့ကိုအသိပေးစရာရှိနေတယ်တဲ့ ဘာများလဲပြောပါအုံး"
မေမေပြောတော့ မြင့်မိုရ်တီချယ့်အားတစ်ချက်ကြည့်လိုက်မိသည်။ကိုကိုကတော့ သိပ်မကွာသည့်နေရာရှိဆိုဖာတွင်ထိုင်ကာ မြင့်မိုရ်တို့စကားဝိုင်းအားလေ့လာနေသည်။
"မေမေ"
"သမီးငယ်"
အသံနှစ်ခုဟာတစ်ပြိုင်တည်ထွက်လာတာကြောင့် မြင့်မိုရ်တီချယ့်အားကြည့်လိုက်မိသည်။
"ကိုလွင်သမီးငယ်ကိုခဏခေါ်သွားပေးပါ့လား နွေးအန်တီတို့နဲ့စကားခဏပြောချင်လို့"
"တီချယ်.."
"လိုက်သွားလိုက်ပါ တီချယ်ပဲပြောလိုက်ပါ့မယ်"
"ငယ်လေးလာ ကိုကိုတို့ကားထဲခဏသွားနေရအောင်"
မြင့်မိုရ်မှာ ကိုကိုနောက်ပါလာသည့်တိုင်တီချယ့်အားစိတ်မချစွာဖြင့်ခဏခဏလည်ပြန်ကြည့်နေမိတော့သည်။ခုနကထိကြောက်နေခဲ့တဲ့သူကအခုကျတစ်ယောက်တည်း ရင်ဆိုင်ဖို့ရွေးချယ်လိုက်တာကြောင့်စိုးရိမ်နေမိသည်။
"အဆင်ပြေသွားမှာပါငယ်လေးရယ်...မေမေတို့လည်းသိသင့်သလောက်သိပါတယ်အဲ့တာကိုမတားဘူးဆိုတည်းက ငယ်လေးဘက်မှာ ရှိလို့ပေါ့"
"အဲ့လိုပဲဖြစ်စေချင်တယ်ကိုကိုရယ် ငယ်လေးတီချယ့်ကိုစိတ်ပူလိုက်တာ"
မြင့်မိုရ်မှာဟိုဘက်လျှောက်ဒီဘက်လျှောက်ဖြင့်တီချယ့်အားစိတ်ပူနေမိတော့သည်။ညနေလေးနာရီဆိုသည့်အချိန်မှာအေးနေပေမဲ့မြင့်မိုရ်မှာတော့ပူလောင်နေတော့သည်။
"ကိုလွင်တို့ကို အန်တီက ဝင်လာခဲ့ပါတဲ့"
ခေါ်သံဆုံးသည်နှင့်ကိုကို့တောင်မစောင့်နိုင်ဘဲ မြင့်မိုရ်ဧည့်ခန်းဆီအပြေးလေးသွားမိသည်။
"တီချယ်"
ခုနထိုင်နေသည့်နေရာမှာပင်ထိုင်ရင်း စကားတွေရယ်ရယ်မောမောပြောနေသည့်တီချယ့်ကြောင့်မြင့်မိုရ်မှာကြောင်ရျ်သာ။တီချယ်ကမြင့်မိုရ်အားမျက်လုံးလေးတစ်ဖက်မှိတ်ပြသည့်အချိန် မေမေတို့ဆီမှရယ်သံတစ်ချို့ထွက်လာလေသည်။
"ကြည့်ပါအုံးဖေကြီးရယ် ရှင့်သမီးစိတ်ပူနေတာကို"မေမေကရယ်ရင်းပြောတော့ ဖေဖေကပါရယ်လေသည်။မြင့်မိုရ်မှာတော့ နားမလည်စွာရပ်ရျ်သာ။
"သမီးငယ်...လာထိုင်လေ"
"တီချယ်..ဒါက"
"မေမေ့သမီးလေးမျက်စိလည်သွားပြီထင်ရဲ့၊ သမီးကိုကိုပြောပြထားလို့မေမေတို့ကအကုန်သိပြီးသားပါ တမင်သက်သက်မေမေ့သမီးလေးကိုအချစ်စမ်းတာ"
"ဟာ!"
"ဒါဆို မြင့်မိုရ်ပဲ ဘာမှမသိတာပေါ့ တီချယ်လည်းသိပြီးသားပေါ့ဟုတ်တယ်မလား"နှုတ်ခမ်းစူကာ မျက်စောင်းလေးဝင့်ကာမေးတော့အကုန်လုံးရယ်ကြလေသည်။
"မကောင်းဘူးကွာ..သူများမှာတော့စိတ်ပူလိုက်ရတာ တီချယ့်ကိုစိတ်ဆိုးတယ်"
"ဟင်..ဘာဆိုင်လို့တုန်း အကုန်လုံးပါတာကိုကွက်ပြီးစိတ်ဆိုးစရာလား"
"မသိဘူးစိတ်ဆိုးတယ် တီချယ့်ကိုရော ဖေဖေ့ကိုရောမေမေ့ကိုရော ကိုကို့ကိုရော... တီချယ်နှင်းကိုရောပဲ"ဟုဆိုကာအိမ်ပေါ်သို့ခြေစောင့်ကာတက်သွားသည့်မြင့်မိုရ်ကိုကြည့်ရင်းပြုံးလိုက်မိကြသည်။အခုမှအိမ်ထဲဝင်လာသည့်နှင်းမှာတော့ဘာမှမသိပါဘဲ စိတ်ဆိုးခံလိုက်ရလေသည်။
"နွေးရောက်နေတာလား"
"ဟုတ်တယ်အစ်မ ဒီနေ့မှရောက်တာပါ"
"ဒါနဲ့ဟိုတစ်ယောက်ကဘာဖြစ်သွားတာလဲ ခုမှဝင်ရုံရှိသေး စိတ်ဆိုးနေတယ်"ဟုဆိုရင်း လက်ထဲရှိဟင်းချိုင်းအားခုံပေါ်ချကာမေးလိုက်မိသည်။
"ဒါကဒီလိုနှင်းရေ..."အကြောင်းစုံသိသွားတော့မှနှင်းမှာရယ်လိုက်မိသည်။"ထန်းသီးကြွေခိုက်ကျီးနင်းခိုက်"ဆိုသလိုမျိုး စိတ်ဆိုးနေသည့်အချိန်မှသူမကရောက်လာခြင်းကို။
"ဖေဖေနဲ့မေမေကိုသားပြောစရာရှိတယ်"
"ပြောလေသားရဲ့ပြောချင်တာကိုများ"
"သားနဲ့နှင်းလက်ထပ်တော့မယ်"
"အဟွတ်...အဟွတ်..ကိုလွင်..ဘာ..ဘာတွေပြော..အဟွတ်"နှင်းမှာအအေးခွက်အားသောက်ရုံရှိသေး ရုတ်တရက်ကြီးကြိုလည်းမပြောထားပါဘဲ ပြောလိုက်သည့် စကားကြောင့် သီးကုန်တော့သည်။
"ရရဲ့လား..နှင်း..ဖြေးဖြေး...ဒါနဲ့သုတ်လိုက်"
ပြာနေသည့်သားအားကြည့်ရင်း ဦးမာန်ထက်လွင်နှင့်ဒေါ်ကေသီဖြူတို့မှာ ပြုံးနေမိတော့သည်။
"အာ့..နာတယ်..နှင်းရဲ့"
"ဘာလို့ဘာမှမပြောဘဲ ပြောရတာလဲ "ဗိုက်ခေါက်အားလိမ်ဆွဲလိုက်ရင်း နှင်းဆိုတော့ အကုန်လုံးကရယ်ကြသည်။
"ချွေးမနှစ်ယောက်လုံးကို ကျွန်မတော့ချစ်နေပြီ အိမ်ကမနိုင်စိန်တွေကသူတို့နဲ့ဆို ငြိမ်နေကြပြီ"
နွေးနဲ့နှင်းမှာတော့ မျက်နှာလေးများရဲကာ အရှက်သည်းနေကြတော့သည်။
"ဒါဆို သားတို့ကိစ္စပြောပါအုံး ဘယ်တော့လောက်ဆောင်ချင်ကြလဲ ဖေဖေတို့ဘက်က နားဖောက်ပေးတာပေါ့"
"သားကတော့ မြန်လေကောင်းလေပဲ"
"ကို့!"
"ဟားဟား ငါ့သားကတော့ဖအေတူပဲ သမီးနှင်းမိဘတွေဆီလည်းဦးတို့လာပြောပေးပါ့မယ် ရက်လေးဘာလေးရွေးကြတာပေါ့"
"ဟုတ်ကဲ့အန်ကယ် ရပါတယ်"
"ဒါနဲ့ချွေးမငယ်လေးကရောဘယ်တော့ဆောင်ကြမလဲ"
"ရှင်..ဟို..အဲ့တာတော့နွေးမသိသေးဘူး သမီးငယ်နဲ့မတိုင်ပင်ဖြစ်သေးပါဘူး ပြီးတော့ နွေးတို့ဆောင်ဖြစ်ကြရင်တောင်ဒီတိုင်းဆွမ်းကျွေးတာလောက်ပဲလုပ်မှာပါ"
"အေးကွယ် ဒါဆို တိုင်ပင်ကြအုံး..အခုတော့ အပေါ်မှတဝုန်းဝုန်းဖြစ်နေတယ် သွားထိန်းလိုက်ပါအုံး"
ပစ္စည်းတွေအားပစ်ချနေသလား ဘာလုပ်နေသလဲမပြောတတ်။သမီးငယ်အခန်းဆီမှဆူဆူညံညံဖြစ်နေတာကြောင့် နွေးလည်းအပေါ်သို့တက်လာလိုက်မိသည်။
"သမီးငယ် တံခါးဖွင့်ပါအုံး တီချယ်လာမလို့"
"မဖွင့်ဘူး အဲ့မှာပဲနေ သူများကိုလာမခေါ်နဲ့"
"သမီးငယ်ကလည်းကွာ...အဲ့တာဆိုလည်းနေမဖွင့်နဲ့ ပြန်တော့မယ်"
"အမေ့!...."တံခါးပွင့်လာတာကြောင့်နွေးပြုံးလိုက်မိစဥ် လက်အားဆတ်ခနဲဆွဲခံလိုက်ရတာကြောင့်လန့်သွားတော့သည်။
"သမီးငယ်..ဘာလုပ်တာလဲ..လွှတ်"
"မလွှတ်ပါဘူး လူကိိုစိတ်ပူအောင်လုပ်တဲ့အတွက်အပြစ်ပေးမလို့"ဟုဆိုကာ ခါးအားပိုတိုးဖက်လာတာကြောင့်နွေးမှာ မျက်နှာလေးလွှဲနေမိတော့သည်။
"အောက်မှာလူကြီးတွေရှိတယ်လေ..လွှတ်ပါလက်ကို"
"မလွှတ်ပါဘူး..အပြစ်ပေးပြီးမှလွှတ်မှာ"ဟုဆိုရင်း တီချယ့်ကိုယ်လုံးလေးအား မွေ့ယာပေါ်သို့တွန်းလှဲလိုက်ပြီးအပေါ်မှနေရျ် အုပ်မိုးလိုက်မိသည်။
"သ..သမီးငယ်..မ..မလုပ်နဲ့ဖယ်ကွာ"
မြင့်မိုရ်ရင်ဘတ်အားလက်ကလေးနှစ်ဖက်ဖြင့်တွန်းကာပြောနေသည့်တီချယ့်အား မြင့်မိုရ်ခေါင်းခါပြလိုက်ပြီး လက်နှစ်ဖက်အားတီချယ့်ခေါင်းအထက်နားတွင်ချုပ်ကာထားလိုက်မိသည်။
"ဟွန့် အဲ့လိုမျက်နှာလွှဲနေလို့လွတ်မယ်ထင်လို့လား...ဟင်ပြောပါအုံး"ဟုဆိုရင်း လည်တိုင်လေးအားနမ်းလိုက်တော့ တီချယ့်မျက်နှာလေးမှာမြင့်မိုရ်ဘက်သို့လှည့်လာလေသည်။
"သမီးငယ်ရယ်..လွှတ်ပါ..တစ်ယောက်ယောက်မြင်သွားရင်မသင့်တော်ပါဘူး"
"မြင့်မိုရ်ကတော့သင့်တော်တယ်ထင်တာပဲ ကိုယ့်အမျိုးသမီးကိုယ်နမ်းတာ ဘာဖြစ်လဲ"
"သမီးငယ်!!"နွေးအသံကျယ်သွားမိပြီးမှ အောက်မှာလူကြီးတွေရှိတာကြောင့် ငြိမ်လိုက်မိသည်။
"ဒီနှုတ်ခမ်းပါးလေးကို လွမ်းနေတာ"ဟုဆိုရင်းနမ်းလိုက်မိသည်။အစကခဏပဲတီချယ့်အားစနောက်ကာနမ်းဖို့တွေးထားပေမဲ့ တကယ်တမ်းကျမလွှတ်မိတော့ပေ။
"နွေးရေအန်တီကထမင်းစား..စား..အမလေး..ဘာကြီးလဲ"
နှင်းမှာထမင်းစားဖို့ခေါ်ခိုင်းလိုက်တာကြောင့်တက်လာစဥ်အခန်းတံခါးမှာဟနေတာကြောင့်ဆွဲဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တစ်ဖက်သို့လှည့်ကာစကားတွေပင်ထစ်သွားတော့သည်။
"သမီးငယ်...ဖယ်!"အပေါ်မှမြင့်မိုရ်ကိုယ်လုံးလေးအားဘေးသို့တွန်းဖယ်လိုက်ပြီး ခုတင်ပေါ်မှထရပ်ကာ တွန့်ကျေသွားသောအကျီအားပြန်ဖြန့်ရင်း မျက်နှာတစ်ခုလုံးလည်းရဲနေတော့သည်။
"အစ်..အစ်မ..ဘာဖြစ်လို့လဲ..ဝင်လာလေ"
"အန်တီဖြူကထမင်းစားရအောင်ဆင်းခဲ့တဲ့ မြင့်မိုရ်ရောပဲထမင်းအရင်ဆင်းစား"ဟုဆိုကာ နောက်မလှည့်ကြည့်တော့ပဲ အောက်သို့ဆင်းသွားလေသည်။
"ဟင့်..ဟင့်"
"ဟာ..တီချယ်ဘာလို့ငိုနေတာလဲ"
"အဲ့တာသမီးငယ်ကြောင့်..ပြောစကားကိုနားမထောင်ဘူး..ဟင့်..အစ်မကိုဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ"
မြင့်မိုရ်ရင်ဘတ်အား ထုရိုက်ရင်း ငိုနေတာကြောင့် မြင့်မိုရ်မှာခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတော့သည်။တစ်ခါမှမကြုံဖူးတဲ့အရာမလို့ တီချယ်တော်တော်လေးရှက်သွားသည်ထင်သည်။ရှိုက်ကြီးတငင်ငိုနေတာကြောင့် မြင့်မိုရ်မှာဘယ်လိုချော့လို့ချော့ရမှန်းမသိတော့ပေ။မျက်နှာတစ်ခုလုံးလည်းရဲနေပြီး နှာဖျားလေးပါနီရဲတွတ်နေတော့သည်။ဒီအမျိုးသမီးလေးတော်တော်ရှက်သွားပုံပင်။
"တီချယ်...မငိုတော့နဲ့နော်..အောက်မှာမေမေတို့စောင့်နေတယ်"
"သွား..ကိုယ့်ဘာသာသွားစားမလိုက်ချင်ဘူး..ဟင့်..အစ်မနဲ့မျက်နှာချင်းမဆိုင်ချင်တော့ဘူး"
"တီချယ်ကလည်းအဲ့လိုမလုပ်ပါနဲ့နော်...နော်"
"ငယ်လေးရေ နွေးကိုခေါ်လာခဲ့လေ ထမင်းစားရအောင်"
"ဟုတ်ဟုတ်ကိုကိုရေ"
"တွေ့လားတီချယ့်ကိုစောင့်နေကြပြီ မငိုတော့နဲ့နော်"
"ဖယ်ပါ...ဆင်းနှင့် လိုက်လာခဲ့မယ်"ဆိုတာကြောင့်မြင့်မိုရ်လည်း အောက်အရင်ဆင်းလိုက်မိသည်။တော်ကြာပိုပြီးစိတ်ကောက်သွားရင်မလွယ်ပေ။
"သမီး..နွေးရော.."
"လာမှာမေမေ..နောက်မှာ"ဟုဆိုရင်း ထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်မိသည်။ခဏကြာတော့ တီချယ်ဆင်းလာလေသည်။ငိုထားတာသိမှာစိုးရျ်ထင်ရဲ့မျက်နှာသစ်ပြီးသနပ်ခါးလိမ်းလာလေသည်။ထမင်းဝိုင်းမှာဝင်ထိုင်ပြီး မေမေတို့အားပြုံးပြပေမဲ့ မြင့်မိုရ်ဘက်တော့လှည့်မလာ။တီချယ်နှင်းကလည်း မစရျ်တော်သေးသည်။မဟုတ်ရင် ထပ်ငိုချင်ငိုနေမှာပင်။
"နွေး...နေမကောင်းဘူးလားမျက်နှာလည်းမလန်းဘူး"
"ကောင်းပါတယ်အန်တီ နွေးနည်းနည်းပင်ပန်းသွားလို့ပါ"
"အဲ့တာဆိုစားပြီးရင်အနားယူလေ မြင့်မိုရ်ကြောင့်များ မျက်နှာမကောင်းတာလားလို့သူဆိုးရင် အားမနာနဲ့ရိုက်သာရိုက်"
"ဟုတ်ကဲ့အန်တီ"
မတော်ရသေးသည့်ချွေးမနှစ်ယောက်နှင့်တည့်နေသည့်မိဘနှစ်ပါးအား မြင့်မိုရ်တို့မောင်နှမမှာ ထိုင်ကြည့်နေရတော့သည်။စားသောက်ပြီးခဏစကားပြောကြပြီးတော့ တီချယ်က အပေါ်တက်သွားတာကြောင့် မြင့်မိုရ်တို့သာကျန်ခဲ့တော့သည်။ခဏစကားပြောပြီး တီချယ်နှင်းပြန်မည်ဆိုသောကြောင့်ကိုကိုကလိုက်ပို့လေသည်။မြင့်မိုရ်လည်းဖေဖေတို့နှင့်စကားပြောပြီး တီချယ့်ဆီတက်လာတော့ တီချယ်မှာစာအုပ်ဖတ်နေတာကြောင့်အခန်းတံခါးအားပိတ်ကာ ခုတင်ပေါ်ဝင်ထိုင်လိုက်မိသည်။
"တီချယ်"
"တီချယ်...မြင့်မိုရ်ကိုစိတ်ဆိုးနေတာလား"
"ဟင်း"တီချယ်မှသက်ပြင်းချပြီး လက်ထဲမှစာအုပ်အား ကုတင်ဘောင်ပေါ်တင်ကာ မြင့်မိုရ်ဘက်သို့လှည့်လာလေသည်။
"တီချယ်စိတ်ဆိုးတာမဟုတ်ပါဘူး...ဒါပေမဲ့နောက်ဆိုတီချယ့်ကိုချစ်ရင်အဲ့လိုမလုပ်ပါနဲ့..အစ်မမလို့တော်သေးတာပေါ့ တစ်ခြားတစ်ယောက်ဆိုဘယ်လိုလုပ်မလဲဟင်"
"တောင်းပန်ပါတယ်နော်တီချယ်...မြင့်မိုရ်နောက်ဆိုတီချယ့်စကားနားထောင်ပြီး တီချယ်မကြိုက်တာမလုပ်ပဲနေပါ့မယ်"
"အင်းပါ..စိတ်မကောင်းမဖြစ်တော့နဲ့နော် တီချယ်အဆင်ပြေနေပါပြီ"ရုတ်တရက်ကြီးမလို့ရှက်စိတ်ကြောင့်သာ နွေးငိုခဲ့မိခြင်းပါပဲ။သမီးငယ်အပေါ်တော့ ဒေါသစိတ်တို့မရှိခဲ့ရိုးအမှန်ပါ။
"တီချယ်"
"ရှင်"
စာအုပ်အားပြန်ယူရင်းဖတ်ဖို့ပြင်စဥ် သမီးငယ်ခေါ်တာကြောင့်နွေးထူးလိုက်မိသည်။ကိုယ်အားနည်းနည်းလျှောကာ သက်တောင့်သက်သာဖြစ်စေမည့်အနေအထားအားပြောင်းရင်း စာအုပ်အားဖတ်ဖို့ပြင်လိုက်မိသည်။
"တီချယ့်ကိုစားချင်လို့"
"ဘာ!.."လက်ထဲမှစာအုပ်ပင်လွတ်ကျကာ နွေးရင်ထဲထိတ်သွားတော့သည်။ခုနလေးတင်ဒီအကြောင်းပြောပြီးအခုကျဒီနေရာပြန်ရောက်လာပြန်ပြီ။
"တီချယ့်ကိုချစ်မလို့...တီချယ့်ကိုစားမလို့ဆို"
"သမီးငယ်!!တော်တော့ကွာမနောက်နဲ့"ဟုဆိုရင်း စာအုပ်အားဘေးချကာ နွေးထရပ်လိုက်မိသည်။
"ရှောင်ပြေးမလို့လား..."
"သမီးငယ်ခုနလေးပဲ တီချယ်မကြိုက်တာမလုပ်ဘူးဆို.."
"အဲ့တာကနေ့ဘက်ကိုပြောတာလေ အခုက ညရောက်နေပြီ မယုံရင်နာရီကြည့်ကြည့်ပါလားကိုးနာရီလောက်ဖြစ်နေပြီ"
ပြောပြီးသည်နှင့် ကုတင်ပေါ်မှဆင်းကာ တီချယ့်ဆီလျှောက်သွားလိုက်မိသည်။မြင့်မိုရ်လျှောက်လေ တီချယ်မှာနောက်ဆုတ်လေဖြစ်နေပြီး နောက်ဆုံးတော့ နံရံတွင်ကပ်သွားလေသည်။
"ဟွန့်...ထပ်ဆုတ်ချင်သေးတာလား"
"သ..သမီးငယ်.."
မြင့်မိုရ်ရင်ဘတ်အား သူ့လက်ကလေးများဖြင့်တွန်းကန်ထာပေမဲ့ မြင့်မိုရ်လက်တွေကတော့ တီချယ့်ခါးမှာတင်းတင်းကပ်တွယ်လျှက်သာ။
"သမီးငယ်လွှတ်ကွာ..."
"ဒေါက်...ဒေါက်...သမီးရေ နွေးလေးသက်သာရဲ့လား"အခန်းခေါက်သံနှင့်အတူတစ်ပြိုင်တည်းပေါ်ထွက်လာတဲ့မြင့်မိုရ်မေမေအသံကြောင့်နွေးစိတ်သက်သာရာရသွားတော့သည်။ခါးမှာကပ်တွယ်ထားသည့်သမီးငယ်လက်အားဖယ်ချကာ အခန်းတံခါးဆီလျှောက်တော့ ရှုံ့မဲ့နေသော မျက်နှာလေးအားမြင်ဖြစ်အောင်မြင်ပြီးရယ်လိုက်မိသည်။
"အန်တီ...အထဲလာလေ"
"ရတယ်..နွေးသက်သာရဲ့လားလာကြည့်တာ မဝင်တော့ဘူး"
"ဟုတ်သက်သာပါတယ်အန်တီ"
"ဒါဆိုအန်တီသွားတော့မယ်...အနားယူနော်..ဟိုတစ်ယောက်နွေးကိုအနိုင်ကျင့်မနေနဲ့အုံး"
"မကျင့်ဘူးမကျင့်ဘူး.."
"တွေ့လားအသံကိုတည်းက...သွားတော့မယ်နွေးရေ"
"ဟုတ်ကဲ့အန်တီ"ပြောပြီးလှည့်ထွက်သွားတာကြောင့်နွေးအခန်းတံခါးပိတ်ဖို့ပြင်စဥ်အန်တီမှပြန်လှည့်လာတာကြောင့်ရပ်သွားမိသည်။
"ပြောဖို့မေ့နေလို့...နောက်ဆိုအန်တီလို့မခေါ်တော့နဲ့နားထောင်ရတာမကောင်းဘူး"
"ရှင်!"
ပြုံးကာဆင်းသွားသည့်အန်တီကြောင့်နွေးမှာမျက်နှာလေးရဲကာကျန်ခဲ့တော့သည်။အခန်းတံခါးအားပိတ်ကာ ကုတင်ပေါ်ကြည့်တော့ သမီးငယ်မှာတစ်ဖက်လှည့်ကာနေတာကြောင့်နွေးလည်းဘေးတွင်ဝင်လှဲလိုက်ကာ စောင်ခြုံထားလိုက်မိသည်။
"တီချယ်"
"အမလေး..အမေ့"
အိပ်ပျော်မယ်ကြံကာရှိသေးရုတ်တရက်ကြီးခေါ်ပြီးထထိုင်လိုက်သည့်မြင့်မိုရ်ကြောင့်နွေးမှာလန့်သွားတော့သည်။
"သမီးငယ်ဘာဖြစ်လို့လဲအိပ်မက်ဆိုးတွေမက်လို့လား"
နွေးစိတ်ပူစွာမေးလိုက်ပေမဲ့တစ်ဖက်ကပြန်ဖြေတဲ့အဖြေကြားတော့ဆွံ့အသွားမိတော့သည်။"စိတ်ကောက်တာကိုမချော့ဘဲဘာလို့အိပ်တာလဲ"တဲ့။
"သမီးငယ်စိတ်ကောက်မှန်းတီချယ်မှမသိတာပဲ..တီချယ်လည်းဘာမှမလုပ်မိပါလားဟင်"
"ဘာလို့မလုပ်ရမှာလဲ...ခုနသူများကိုရယ်သွားပြီး"
ဘုရားရေ!ဒါဆိုရယ်လို့စိတ်ကောက်တာလား။အိုကိုယ့်ဘာသာရယ်တာဘာဖြစ်လဲ။
"တီချယ်ပြောနေတာကိုရယ်ပြန်ပြီတွေ့လား"
"ဟားဟားဟား မရယ်တော့ဘူး မရယ်တော့ဘူး"
"တီချယ်!"ခေါ်သံနဲ့အတူနွေးကိုယ်လေးအားလှဲကာအပေါ်မှအုပ်မိုးလိုက်သည့်သမီးငယ်။နောက်ဆုံးတော့ဒီနေရာပဲပြန်ရောက်ခဲ့တာပဲ။
"နောက်ဆုံးတော့ဒီဘူတာပဲမလား..တမင်သက်သက်အကြံထုတ်နေတာ"
"ဟွန့်...သိရင်ပြီးတာပဲ..အခုတော့ရယ်ထားပေါ့..ပြီးရင်တော့မအော်ကြေး"
"သမီးငယ်ကကွာ..."
"ချစ်ဖို့ကောင်းအောင်မနေပါနဲ့ဆို။တီချယ်ကအဲ့လိုချစ်ဖို့ကောင်းရင် မြင့်မိုရ်မထိန်းနိုင်ဘဲ နေလိမ့်မယ်"
"တီချယ်ပြောပြီးသားပဲလေ။သမီးငယ်လိုချင်တဲ့အချိန်တိုင်း တီချယ့်ဘက်ကပေးဖို့အသင့်ပါလို့"
"ချစ်လိုက်တာ၊တီချယ့်ကို မြင့်မိုရ်ချစ်လိုက်ရတာ၊ချစ်လို့ကိုမဝတော့ဘူး"
ပုံမှန်အတိုင်းနဖူးလေးအား အနမ်းခြွေပြီး ရင်ခွင်ထဲတိုးကာအိပ်သည့်သမီးငယ်ပါးပြင်လေးအား နွေး နမ်းရှိုက်လိုက်မိသည်။
"တီချယ်လည်း သမီးငယ်ကို ချစ်လို့မဝပါဘူးကွယ်"
---
"အချစ်ရေ..ထွက်ခဲ့လို့ကွာ"
"ဟင့်အင်း..မလာဘူး..ရှင်လေးကိုမယုံဘူး"
"ဘာမှမလုပ်ဘူးကတိပေးတယ်...ထွက်ခဲ့တော့ရေချိုးခန်းထဲမှာအေးတယ်"
ခုနကနည်းနည်းလေးစလိုက်မိတာကို အပျိုကြီးတစ်ယောက်အရှက်သည်းစွာရေချိုးခန်းထဲဂျက်ချပြီးနေနေသည်မှာအတော်ကြာချေပြီ။ပေဖူးဘယ်လိုပဲပြောပြောထွက်မလာ။
"အချစ်ရေ..အချစ်ရေလို့ဆို..ထွက်ခဲ့ဖျားလိမ့်မယ်"
"ကတိတည်နော်"
"တည်မယ်တည်မယ်..ထွက်ခဲ့တော့"
ရေချိုးခန်းတံခါးပွင့်လာတော့မှ ပေဖူးပြုံးလိုက်မိသည်။
"အမေ့...လွှာ..လွှတ်"
ရေချိုးခန်းထဲကထွက်ရုံရှိသေး လက်အားဆတ်ခနဲဆွဲကာ နံရံမှာအကပ်ခံလိုက်ကတာကြောင့် ယမင်းလန့်သွားမိသည်။
"လွှာ..ဘာလုပ်တာလဲ..ခုနကတိပေးထားတယ်လေ"
"တစ်ချို့ကတိတွေကလွယ်လွယ်ပျက်တတ်တာမသိဘူးလား"
"လွှာ...မင်းနော်..တို့အော်လိုက်မှာ"
"အော်ပေါ့...အော်ချင်သလောက်သာအော်လိုက်လေလို့..အိမ်မှာဘယ်သူမှမရှိဘူး"
"လွှာ!"
"သူ့အိမ်ဆိုပြီး လူကိုသက်သက်အနိုင်ကျင့်တာ မကောင်းဘူး"
ရင်ဘတ်အားလက်နှစ်ဖက်ဖြင့်ထုရင်း အရှက်သည်းစွာအော်နေသည့်အမျိုးသမီးအား ပေဖူးမှာချစ်မဝဖြစ်နေတော့သည်။နှုတ်ခမ်းပါးလေးအား အပေါ်အောက်တစ်လှည့်စီနမ်းရှိုက်မိတော့ မှိတ်ကျသွားတဲ့မျက်ဝန်းငယ်တွေ။အနမ်းတွေပိုတိုးပေးမိရင်း ရှက်နေသည့်အမျိုးသမီးအား ရုတ်တရက်ဆန်စွာပွေ့ချီပြီး ကုတင်ပေါ်သို့တင်လိုက်မိသည်။
"လွှာ့...ဟွန့်တော်တော်အားရှိနေတယ်ပေါ့"
"ဒီလိုပဲ လေ့ကျင့်ထားရတာပေါ့"ဟုဆိုရင်း အပေါ်မှတက်အုပ်လိုက်လေသည်။
"တို့တော့လိုက်လာတာမှားပြီထင်တယ်"
"အချစ်ခံရတာကိုအမှားလို့ပြောတာလား ဟင်.."
"ရှင့်ချစ်ပုံက ကြောက်စရာကို"
နှုတ်ခမ်းလေးစူကာပြောနေပုံမှာ ပေဖူးအားတကယ်ကိုအသည်းယားစေသည်။ပထမဆုံးအကြိမ်ဖြစ်သည့်အလျောက် ရင်ထဲမှာလည်းတလှပ်လှပ်ဖြင့်သာ။
နှုတ်ခမ်းမှအနမ်းအား လည်တိုင်တစ်လျှောက် ပြောင်းနမ်းရင်း လက်တို့မှာလည်း ဘာမှမရှိသည့် ကိုယ်လေးအား အပေါ်အောက်ပွတ်သိပ်နေမိတော့သည်။
"လွှာ..."
"ပြောလေအချစ်ရဲ့"
"သိပ်မကြမ်းနဲ့နော်...တို့မင်းကိုချစ်လွန်းလို့သာလိုက်လျောပေးတာ..တို့ကြောက်မိတာအမှန်ပဲ"
"မကြောက်ပါနဲ့ ဒီကလည်းချစ်လွန်းလို့ချစ်ချင်တာပါနော်"နှုတ်ခမ်းလေးအားတစ်ဖန်ပြန်နမ်းရင်း လက်တို့မှာရင်သားစိုင်ထိပ်ကလေးများအားဖိချေမိတော့ ခပ်တိုးတိုးညည်းသံလေးဟာထွက်ပေါ်လာတော့သည်။
"အာ့...အင်း...ဟင်း"
ဗိုက်သားတစ်လျှောက်ပွတ်ဆွဲရင်း main pointလေးဆီတိုးဝင်တော့ ပုခုံးအား အားကိုးတကြီးဆုပ်ကိုင်လာတဲ့လက်ဖဝါးနုနုလေးတွေ။
"ဘာမှမကြောက်နဲ့နော်...စိတ်ကိုလျှော့"
ခုတင်ပေါ်မှကော့တက်သွားသည့်ကိုယ်လုံးလေးအား လက်တစ်ဖက်ဖြင့်ထိန်းကိုင်လိုက်ရင်း တစ်ဖက်မှာလည်း မြန်မြန်လေးလှုပ်ရှားနေမိသည်။
"အင့်..လွှာ...ဟင့်...နာတယ်..ဖြေးဖြေး"
နှုတ်ခမ်းလေးအား စုပ်ယူလိုက်ပြီး လက်အားအရှိန်ပိုတင်တော့ ကျောပြင်အား အတင်းကုပ်တွယ်ကုတ်ခြစ်လာတော့သည်။
"အာ..မရဘူး..နာတယ်...လွှာလေးကကွာ..လူကို..အာ့..သနားပါအုံး"
ဘယ်လိုပြောပြော ပေဖူးလက်တို့မှာအရိုင်းဆန်စွာလှုပ်ရှားနေဆဲ။ပိုတိုးဖက်လာသည့်လက်တို့ကြောင့် အဆုံးသတ်ရောက် တော့မည်ကိုသိစွာ အရှိန်ပိုတင်ပေးတော့ သိပ်မကြာခင်မှာပဲ မိမိလက်ထဲမှာပင်ပျော့ခွေကျသွားတော့သည့်ကိုယ်လုံးလေးအား အလိုက်သင့်ပြန်ဖက်ထားပေးရင်း အမောဖြေစေစဥ် ထွက်လာသည့်ငိုရှိုက်သံလေးကြောင့် ကြည့်လိုက်မိတော့ ငိုနေသည့်သူမ။
"ဟင့်.."
"အချစ်..ဘာလို့ငိုတာလဲ..စိတ်ဆိုးသွားတာလားဟင်"
"ဟင့်..မင်းသိပ်ဆိုးတာပဲ..လူကိုမညှာမတာနဲ့"ဟုဆိုရင်း ရင်ဘတ်အား ထုတော့မှပေဖူးမှာပြုံးလိုက်မိတော့သည်။
"နောက်တစ်ခါဆိုမဆိုးတော့ပါဘူး..နော်"
"တော်ပါ..မင်းတို့ကလေးတွေသိပ်ဆိုးတာပဲ အမြဲတမ်းတို့တွေက ခံဘက်ကကြီးပဲ မတရားဘူး"
စောင်အားဆွဲခြုံရင်း တစ်ဖက်လှည့်ကာ ပြောတာကြောင့်ပေဖူးမှာ ရယ်သာရယ်နေမိတော့သည်။
"အမေ့..ဘာ..ဘာလုပ်တာလဲ..လွှာတော်ပြီကွာ...ဒီမှာအမောတောင်မပြေသေးဘူး"ကိုယ်ပေါ်အုပ်မိုးထားသည့်သူအား ယမင်းမှာ အကြောက်အကန်တွန်းကာငြင်းနေမိတော့သည်။
"ငြိမ်ငြိမ်နေပါ..ဘာမှမလုပ်ပါဘူး"
"အဲ့ဘာမှမလုပ်ပါဘူးဆိုတာကိုပဲ တို့ကြောက်ရတာအခုတင်ဘာမှမလုပ်ပါဘူးဆိုပြီး လူမှာမျော့နေပြီ လိုက်မလာဘဲနေခဲ့ရမှာ"
"အတည် ဘာမှမလုပ်ဘူး နားတော့သိလား"
ကိုယ်ပေါ်ကဖယ်ခွာသွားမှ ယမင်းမှာအသက်ဝဝရှူနိုင်တော့သည်။
"အခုတော့နားတော့ ညမှတွေ့မယ်"
"လွှာ!!"
တော်ပါသေးရဲ့လို့တွေးနေမိတုန်း အဝတ်အစားဝတ်ရင်းပြောသွားသည့်စကားကြောင့် ယမင်းမှာ ညရောက်မှာပင်ကြောက်သွားမိတော့သည်။
"တကယ်ပါပဲ..လူကိုအမျိုးမျိုးတွေးကြောက်အောင်လုပ်နေတယ်။ကလေးတွေသိပ်ဆိုးတာပဲ"လို့ပြောနေသည့်မျက်နှာလေးပေါ်မှာပင် ကလေးဆိုးအား ချစ်နေမိတာကိုပျော်ရွှင်နေသည့်အရိပ်အယောင်များမြင်နေရတော့သည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Donde viven las historias. Descúbrelo ahora