အပိုင်း (၂၄) (Uni+Zawgyi)

12.6K 848 20
                                    

မြတ်နိုးရသော ပန်းတစ်ပွင့်
အပိုင်း (၂၄)

ကားလေးဟာလမ်းကြားလေးထဲသို့ထိုးဝင်ရန်ပြင်လိုက်ချိန်မှာနှစ်ထပ်တိုက်အိမ်ကလေးအားမြင်လိုက်ရသည်။ဒါကမြင့်မိုရ်ဦးလေးတို့အိမ်ပင်။အဝါနုရောင်ဆေးသုတ်ထားသည့် နှစ်ထပ်တိုက်ကလေးဟာ လမ်းအဝင်ကလှမ်းကြည့်ရုံနဲ့ရှင်းလင်းစွာမြင်ရသည်။ခြံကကျယ်ပြီးအိမ်နှင့်ကပ်လျှက်တွင် ဂိုဒေါင်လည်းရှိသည်။လမ်းအဝင်ညာဘက်တွင် ဘော်ဒါဆောင်ဖြစ်ဟန်တူတဲ့အဆောင်တစ်ဆောင်လည်းရှိလေသည်။ဦးလေးတို့အိမ်ဟာ လမ်းရဲ့ဘယ်ဘက်ဒုတိယမြောက်ဖြစ်သည်။ဝင်ဝင်ချင်းမှာ တိုက်အိမ်နှင့်တွဲရက်စျေးဆိုင်တစ်ခုရှိနေလေသည်။

"ဦးရေ သေချာဝင်အုံး လမ်းက နည်းနည်းကျဥ်းတယ် ဘေးမှာလည်း မြောင်းနဲ့ တော်ကြာ ဗွက်လူးနေရအုံးမယ်"မြင့်မိုရ်ပြောတော့ ကားမောင်းသည့်ဦးလေးမှာရယ်လေသည်။တကယ်လည်းလမ်းဟာ မြောင်းနှစ်ခုကြားမှာပင်။ဒါပေမဲ့ရေတော့ရှိမနေ၊ခမ်းသွားတာဖြစ်လိမ့်မည်။
"ဦးမောင်းနေကျပါ သမီးရယ် "ဟုဆိုရင်း ကားလေးဟာ အိမ်ရှေ့သို့အဆင်ပြေပြေဝင်ရောက်သွားလေသည်။
"မေမေရေ ဒီမှာ မမကြီးတို့လာပြီ"ကားပေါ်မှဆင်းသည်ဆိုရင်ပဲ ဦးလေးရဲ့သမီးအသံစာစာလေးမှာထွက်လာတော့သည်။
"မမကြီးလာ"ဟုဆိုရင်း မြင့်မိုရ်လက်အား ဆွဲလာတာကြောင့် မြင့်မိုရ်လည်းပေဖူးတို့အားခေါ်ကာ ဝင်လာလိုက်မိသည်။
"မမကြီးလို့မခေါ်ပါနဲ့ဆို မသိရင် ငါကအသက်အကြီးကြီးကျနေတာပဲ"မြင့်မိုရ်ပြောတော့ ထိုကလေးမက အားရပါးရရယ်လေသည်။တကယ်ဆို သူနဲ့ကိုယ်ဟာ အများဆုံးကွာ၅ နှစ်လောက်ပေါ့။သူကအခုဆယ်တန်းဖြေပြီးသားဆိုတော့ ဒီလောက်ပဲကွာမှာပင်။ဒါပေမဲ့လူကိုခေါ်တာ မမကြီး တဲ့လေ။ပြောလို့ဆိုလို့လည်းမရ။

"မမကြီးကလည်း ဝသုန်က ချစ်လို့ကို"
"ကဲ ဒီညီအစ်မတွေရောက်လာပြီဆို ဒီနာမည်ကိစ္စနဲ့စကားများကြပြီ"ဟုဆိုရင်း ဦးလေးနှင့်အဒေါ်မှာထွက်လာကာကြိုလေသည်။
"ကဲ ထိုင်ကြ ထိုင်ကြ "
"ကလေးတွေအတွက်အအေးနဲ့မုန့်ယူလာကြပါအုံး"
"ပေဖူးတို့ထိုင် သဇင်ရော"
"လွတ်လွတ်လပ်လပ်နေကြနော်..ဘာမှအားမနာနဲ့ တီချယ်လေးတွေကရော ဘယ်ချိန်လာမလဲ"
"ညနေမှသူတို့ထွက်လာမှာဆိုတော့ ဒီကိုညလောက်မှရောက်မှာ"အအေးနဲ့မုန့်ယူလာတာကြောင့်စားကြသောက်ကြ၊စကားပြောကြဖြင့်ဆူနေကြတော့သည်။
"ဝသုန် စာမေးပွဲဖြေနိုင်တယ်မလား "
"ဟုတ်ဖြေနိုင်ပါတယ် မမကြီး"
"အင်းပါ ပြီးရောဒါဆိုလည်း"
"မမကြီးတို့နားရင်အပေါ်အခန်းလိုက်ပို့ပေးမယ် တီချယ်နှစ်ယောက်ကိုဝသုန်အခန်းပေးလိုက်မယ် မမကြီးတို့ကဘေးကအခန်းမှာ သုံးယောက်ပြေတယ်မလား"
"ပြေပါတယ် ဒါဆိုတို့တွေအပေါ်တက်ကြမယ်လေ"
"အင်း"
"သမီးတို့သွားနားကြမလို့လား ရေချိုးချင်ရင်ချိုးကြနော် ဗိုက်ဆာရင်ဆင်းလာခဲ့ထမင်းဝိုင်းပြင်ထားပေးမယ်"
"ရပါတယ်အန်တီရယ် မြင့်မိုရ်တို့ကဧည့်သည်မှမဟုတ်တာ သူငယ်ချင်းတွေကလည်း ရတယ် မပူနဲ့"
"အေးပါ အဲ့တာဆိုသွားနား"
အချိန်က ဆယ်နာရီခွဲပဲရှိသေးတာကြောင့် မြင့်မိုရ်တို့လည်းခဏနားကာ အိမ်ကိုဖုန်းဆက်ပြီးရောက်ကြောင်းလှမ်းပြောလိုက်မိသည်။တီချယ့်ဆီဖုန်းဆက်ကြည့်တော့ စာသင်ချိန်ဝင်နေလို့ထင်ရဲ့မကိုင်တာကြောင့် စာသာပို့ထားလိုက်မိသည်။နားလို့ဝတော့ ရေမိုးချိုးကြကာ အဝတ်အစားလဲလိုက်ကြသည်။
"မမကြီး..မမကြီးရေ ထမင်းစားဖို့ဆင်းခဲ့ပါတဲ့မေမေက"
"အင်း လာမယ် လာမယ်"ဟုဆိုကာ သုံးယောက်သားအောက်သို့ဆင်းကာ ထမင်းဝိုင်းဆီသို့လျှောက်လှမ်းလာလိုက်ကြသည်။
"သမီးတို့စားနော် အားမနာနဲ့"
"ဟုတ်ကဲ့အားမနာပါဘူး အစားအသောက်ဆို အားမနာတတ်တာ"ထုံးစံအတိုင်းသွက်လက်သူပေဖူးကပြောလိုက်တာကြောင့် အကုန်လုံးသဘောတကျ ရယ်ကြတော့သည်။စားသောက်ပြီးတော့ အိမ်ရှေ့ထွက်ကာ အုတ်ခုံလေးပေါ်ထိုင်မိကြသည်။
"မမကြီးတွေ့လား..ဟိုဘက်ကအကောင်တွေ ငြိမ်ငြိမ်မနေဘူး မမကြီးကိုလှမ်းကြည့်နေကြတာ"ဝသုန်ကမကျေမနပ်ရွတ်တာကြောင့်သူကြည့်ရာနေရာဆီမြင့်မိုရ်လည်းအကြည့်ရောက်မိတော့ ဘော်ဒါဆောင်ထဲမှာကောင်လေးတစ်ချို့ ဒီဘက်အား ကြည့်နေခြင်းပင်။
"ဝသုန့်ကိုကြည့်တာနေမှာပေါ့"
"မဟုတ်ဘူး အဲ့ကောင်လေးတွေ ဝသုန့်အကြောင်းသိတယ် သူတို့မမကြီးကိုကြည့်တာ နောက်နေ့မှသွားပြီးရှင်းရမယ်"
"ကဲပါ ဝသုန်ရယ် သူတို့လည်းလူစိမ်းဆို​တော့ ကြည့်တာနေမှာ ပြီးတော့ မမကြီးကလည်း အဲ့လိုကလေးတွေစိတ်မဝင်စားပါဘူး"ဟုပြောတော့ ပေဖူးနဲ့သဇင်မှာ တဟားဟားဖြင့်ထရယ်တာကြောင့်မြင့်မိုရ်မျက်စောင်းထိုးလိုက်မိသည်။
"မြင့်မိုရ်က ကလေးတွေမကြိုက်ဘူးသိလား..သူကြိုက်တာက..တီ"
"ဟဲ့တိတ်စမ်း ကလေးကိုဘာတွေလျှောက်ပြောနေတာလဲ"ဟုဆိုကာ ပေဖူးပါးစပ်အားလက်တစ်ဖက်ဖြင့်ပိတ်ပြီးတစ်ဖက်မှ ကျောပြင်အား တဘုန်းဘုန်းထုလေတော့သည်။တီချယ့်ဆီမှာဖုန်းဝင်လာတာကြောင့်မြင့်မိုရ်လည်းအုတ်ခုံပေါ်မှထကာ ဂိုဒေါင်ထဲဝင်ပြီးဖုန်းကိုင်လိုက်မိသသည်။
"ဟဲလို..တီချယ်"
"...."
"ဟုတ်ရတယ် ထင်တော့ထင်တယ်စာသင်နေတာလို့လေ"
"..."
"ဟုတ်အဲ့တာဆို ထွက်လာရင်ဖုန်းဆက်လိုက်နော်မြို့ထဲဝင်ခါနီးကျရင်လည်းဆက်လိုက်"
"...."
"ဟုတ်ကဲ့...ဒါဆိုဖုန်းချလိုက်တော့မယ်နော်"
"မြင့်မိုရ်ရေ ဟိုကောင်လေးချောလိုက်တာ နင့်ကိုကြည့်နေတာ"ဖုန်းချလုဆဲဆဲ ဘယ်ချိန်ကရောက်နေသလဲမသိသည့်ပေဖူးမှာပြောလိုက်တာကြောင့် မြင့်မိုရ်လန့်သွားတော့သည်။
"ဟဲလို...တီချယ်ပေဖူးပြောတာမဟုတ်..တီတီတီ"
စကားပင်မဆုံးသေးဖုန်းကျသွားတာကြောင့်မြင့်မိုရ်ပေဖူးကိုလိုက်ရိုက်တော့သည်။
"ပြေး..နင်ငါ့လက်ကလွတ်အောင်"ဟုဆိုကာ အတင်းလိုက်တော့တာကြောင့်ဘေးမှသူများမှာရယ်နေတော့သည်။
"စိတ်လျှော့..စိတ်လျှော့..စတာကို..ဟောဟဲ..ဟောဟဲ"ပေဖူးမှာပြေးရတာမောလာတာကြောင့်မျက်နှာချိုသွေးလိုက်လေသည်။မြင့်မိုရ်ကလက်မခံဘဲလိုက်ရ်ိုက်တာကြောင့်မပြေးနိုင်သည့်အဆုံး အရိုက်ခံလိုက်ရတော့သည်။
"မှတ်ပြီလား..သူများကိုစချင်တာ"
"မှတ်ပြီ..မှတ်ပြီ..ဒါလေးပြောမိတာကို"
"ဘာ ဒါလေးလဲ ဟိုကကောက်ပြီသိလား"ဟုဆိုကာ အုတ်ခုံပေါ်စူစူကြီးထိုင်နေတာကြောင့်ပေဖူးတို့မှာပြန်ချော့ရပြန်သည်။
---
"အစ်မ ပစ္စည်းတွေစုံပြီနော်"
"အင်း စုံပြီနွေး သွားကြရအောင်လေ"နွေးတို့လည်း ကျောင်းဆင်းတာနှင့်ရေမိုးချိုးပြင်ဆင်ကာ ကားလေးဖြင့် သမီးငယ်တို့ရှိရာ မြို့ကလေးသို့ထွက်လာလိုက်မိသည်။လမ်းတစ်လျှောက်မြင်ရသည့်လယ်ကွင်းစိမ်းစိုစိုများမှကြည့်ရျ်ကောင်းလှသည်။တစ်ချို့နေရာတွေမှာ ငှက်ပျောခြံတွေကိုတွေ့ရပြီး တစ်ချို့မှာတော့ လျှော်ပင်တွေစိုက်ပျိုးထားကြသည်။ကားလေးဟာ လမ်းမပေါ်အရှိန်ဖြင့်သွားနေတာကြောင့် နွေးတို့မှာလည်းပတ်ဝန်းကျင်ကိုငေးမောလိုက် စကားပြောလိုက်ဖြင့် ထွက်လာသည်မှာ နှစ်နာရီနီးပါးပင်ရှိလေပြီ။
"နွေး မြင့်မိုရ်ကိုဖုန်းဆက်ထားသေးလား"
ထိုအခါမှနွေးလည်းဖုန်းမဆက်ဖြစ်တာကိုသတိရသွားတော့သည်။တကယ်ကျမေ့နေတာမဟုတ်၊တမင်မဆက်ခြင်းသာ။
"နွေး မဆက်ရသေးဘူး အစ်မဆက်ပေးပါလား"
"ဟင်..ရပါတယ် ဒါဆို အစ်မဆက်ပေးမယ်"ဟုဆိုကာ ယမင်းမှာ မြင့်မိုရ်အားဖုန်းခေါ်ပြီး ရောက်နေသည့်နေရာအားပြောပြလိုက်မိသည်။တဖြည်းဖြည်းဖြင့်အချိန်ကလည်းကုန်ကာ ခုနှစ်နာရီပင်ထိုးလုတာကြောင့်ကားလေးမှာ ခုနထက်အရှိန်လျှော့သွားလေသည်။
"အစ်မ ရောက်တော့မယ်ထင်တယ်နော်"
"အင်းဟုတ်တယ် ရောက်တော့မှာ မြင့်မိုရ်ပြောပုံအရဆို နာရီဝက်လောက်ပဲမောင်းရတော့မယ်ထင်တယ်"
"ဟုတ်လောက်မယ်အစ်မ"
"သူ့ကိုဖုန်းဆက်ပြောလိုက်မယ်နော်"ဟုဆိုကာ ယမင်းမှာ မြင့်မိုရ်ဆီဖုန်းလေးဆက်လိုက်တော့သည်။ကားမောင်းသမားရဲ့အပြောအရ သမီးငယ်ရှိရာ ဇလွန် မြို့ကိုဝင်လာပြီမှန်းသိရသည်။နွေးတို့လာတဲ့လမ်းကတစ်ဖက်ကမလို့ "ဇလွန်မြို့မှလှိုက်လှဲစွာကြိုဆိုပါ၏"ဟူသော ဆိုင်းဘုတ်ကိုတော့မတွေ့ရပေ။လမ်းမပေါ်မှာလူဟာအနည်းငယ်ရှင်းလင်းနေပြီဖြစ်သည်။ဆယ်မိနစ်လောက်မောင်းပြီးသည့်နောက်မှာတော့ သမီးငယ်တို့နှင့်ဆုံဖို့ပြောထားရာ "မာရ်အောင်မြင်ပြည်တော်ပြန်"ဘုရားရှေ့အားရောက်လာတော့သည်။ဖုန်းလာတာကြောင့်ကြည့်လိုက်တော့ မြင့်မိုရ်ပင်။နွေးလည်း ကိုင်လိုက်ကာ
"ဟဲလို.."
"..."
"အင်းတွေ့ပြီတွေ့ပြီ အဲ့တာဆိုနောက်ကမောင်းလိုက်ခဲ့မယ်"ဟုဆိုကာဖုန်းချလိုက်မိသည်။
"အစ်ကိုရေ ရှေ့က ကောင်မလေးသုံးယောက်စီးထားတဲ့ဆိုင်ကယ်နောက်ကို လိုက်မောင်းပါနော်"ဟုဆိုကာ မြင့်မိုရ်တို့သုံးယောက်အားလက်ညှိုးညွှန်ပြလိုက်တာကြောင့်ကားသမားလည်းမြင်ကာ ကားစက်ပြန်နှိုးပြီးမောင်းလိုက်လေသည်။ဘုရားရှေ့မှခဏသွားပြီးလမ်းဆုံတွင် ဘယ်ဘက်ချိုးလိုက်ကာ တည့်တည့်မောင်းပြီး နှစ်လမ်းမြောက်မှာတော့ ဆိုင်ကယ်ကဘယ်ဘက်ကွေ့ဝင်သွားတာကြောင့် နွေးတို့ကားလေးလည်းလိုက်ကွေ့လိုက်မိသည်။လမ်းဘယ်ဘက်ရှ်ိဘော်ဒါဆောင်မှာတော့ မီးလင်းကာကလေးတစ်ချို့စာကျက်နေကြလေသည်။
"တီချယ်တို့လာ လမ်းမှာအဆင်ပြေရဲ့လား"ရောက်တယ်ဆိုရင်ပဲ မြင့်မိုရ်ဦးလေးတွေမှာနှုတ်ဆက်လိုက်တာကြောင့်နွေးတို့ပြုံးလိုက်မိသည်။အဆင်ပြေကြောင်းပြောရင်းဆိုရင်း အိမ်ထဲရောက်ကာ ဧည့်ခန်းတွင်ထိုင်မိလိုက်ကြသည်။
"သမီး ဝသုန် တီချယ်တို့ပစ္စည်းတွေကူသယ်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့"ပစ္စည်းက နည်းနည်းစီပဲပါတာကြောင့်မြင့်မိုရ်တို့လည်းယူကာ အပေါ်ထပ်ရှိ တီချယ်တို့နေမည့် ဝသုန့်အခန်းတွင်ထားလိုက်ကြပြီးအောက်သို့ပြန်ဆင်းလာလိုက်ကြသည်။
"တီချယ်တို့ ခဏနားပြီးရေချိူးကြလေ ကျွန်မတို့ ထမင်းဝိုင်းပြင်ထားလိုက်မယ်"
"ဟုတ်ကဲ့ရပါတယ် အစ်မရယ် နွေးတို့ကိုဒီတိုင်းပေါ့ပေါ့ပါးပါးပဲဆက်ဆံပါ"ခဏစကားပြောကြပြီးရေချိုးဖို့ရန် အပေါ်ထပ်သိူ့တက်လာကြလေသည်။
"တီချယ်တို့ ဒီအခန်းမှာအဆင်ပြေကြတယ်မလား တစ်ခုခုလိုရင်ပြောနော် ဘေးခန်းမှာမြင့်မိုရ်တို့ရှိတယ်"
"အင်းပါ ရပါတယ်ရှင်"
မြင့်မိုရ်စကားပြောနေပေမဲ့ တီချယ့်ဆီမှစကားပြန်အားမရသေးပေ။လမ်းမှာတုန်းကလည်းသူကိုယ်တိုင်ဖုန်းမဆက်ဘဲ တီချယ်ယမင်းကိုဆက်ခိုင်းလေသည်။
"အစ်မအရင်ချိုးလိုက်နော် နွေးပြီးမှချိုးမယ်"ဆိုတာကြောင့်တီချယ်ယမင်းကအရင်ချိုးရန်ရေချိုးခန်းဆီဝင်သွားလေသည်။ပေဖူးတို့ကလည်းထမင်းဝိုင်းပြင်ဖို့အောက်ဆင်းသွားတာကြောင့်မြင့်မိုရ်နဲ့နွေးသာကျန်လေသည်။
"တီချယ်"
"တီချယ်လို့ခေါ်နေတာကို"
"ဘာဖြစ်လို့လဲ ခေါ်ချင်ရင် တစ်ခြားကောင်လေးသွားခေါ်ပါလား"
ကဲ..ကြည့်ဒါကကောက်ခြင်းပင်။နေ့လည်ကပေဖူးစကားကိုခုထိကောက်လို့မပြီးသေး။တကယ်တကယ်ဒီအမျိုးသမီးက တစ်ခါတစ်လေကျ သိပ်ကိုကလေးဆန်လွန်းတယ်။
"တီချယ်ကလည်းလေ.."
"ဘာတီချယ်ကလည်းလေလဲ ခုကျစိတ်မရှည်တော့ဘူးမလား"
"မဟုတ်တာပဲ ဘာလို့တီချယ့်ကိုစိတ်မရှည်ရမှာလဲ တီချယ့်အတွက်ဆို အမြဲရှည်တယ်
"တော်ပါ"
"တကယ်ပြောတာကို ကောက်မနေပါနဲ့ ကောက်ရက်တာလည်းမဟုတ်ဘဲ နေ့လည်က ပေဖူးကတမင်စတာကို"
"မယုံပါဘူးနော်..."
"ယုံပါဆို.."
"မယုံဘူး..မယုံဘူး..သွား ရေချိုးတော့မယ်"ဟုဆိုကာ ကုတင်ပေါ်မှထလိုက်တာကြောင့် မြင့်မိုရ်လည်းဆွဲကာ ကုတင်ပေါ်ပြန်ထိုင်လိုက်စေပြီးမှ
"မယုံဘူးဆိုတော့ ယုံအောင်သက်သေပြရမလား"ဟုဆိုကာ နွေးမျက်နှာနားသို့တိုးကပ်လိုက်လေသည်။
"ဘာ..ဘာလုပ်တာလဲ..ဖယ်.ယုံတယ်ယုံတယ်"ဟုဆိုကာ အတင်းထသွားတာကြောင့် မြင့်မိုရ်ရယ်လိုက်မိသည်။
"ဒီနှစ်ယောက်ဘာဖြစ်ကြပြန်ပြီလဲ"ဟုဆိုကာ တီချယ်ယမင်းမှာရေချိုးပြီးထွက်လာတာကြောင့်ပြုံးပြလိုက်မိသည်။တီချယ်ယမင်းထွက်လာတယ်ဆိုရင်ပဲ တီချယ်နွေးမှာ ရေချိုးခန်းထဲတန်းဝင်သွားတော့သည်။
"ဟီး ဒီတိုင်းစနေတာတီချယ် ပြီးရင်ဆင်းခဲ့နော် မြင့်မိုရ်အောက်ကစောင့်နေမယ်"
"အင်းပါ တီချယ်တို့ ဆင်းခဲ့မယ်"
ရေမိုးချိုးပြီးတော့ထမင်းစားကာ ဧည့်ခန်းတွင်ထိုင်ပြီးစကားခဏပြောကြလေသည်။ဟိုအကြောင်းဒီအကြောင်းစပ်မိစပ်ရာတွေပြောကြပြီးတော့အချိန်မှာဆယ်နာရီပင်ကျော်သွားလေပြီ။
"တီချယ်တို့အိပ်တော့မလား..ပင်ပန်းနေမှာစိုးလို့"
"အင်း အိပ်ကြတာပေါ့ဆယ်နာရီတောင်ကျော်နေပြီ"အိပ်မယ်ဆိုပြီးအပေါ်တက်သွားခဲ့ကြပေမဲ့ တီချယ်တို့အခန်းထဲစကားများလိုက်သေးသည်။မနက်ဖြန်သွားဖို့လာဖို့ကိုတိုင်ပင်ကြနဲ့တကယ်အိပ်ဖြစ်တော့ ဆယ့်တစ်ပင်ထိုးလို့ကျော်နေခဲ့ပြီ။
---
"ဘုရားကိုအရင်လိုက်ပို့ပေးမယ်နော် သမီးတို့"
ဦးလေးကပြောတာကြောင့်မြင့်မိုရ်တို့လည်း ခေါင်းညိတ်ပြလိုက်မိသည်။ဦးလေးတို့ကားဟာ မြင့်မိုရ်တို့ကားထက်ကြီးတာကြောင့် ဦးလေးကားနဲ့ပဲမြို့ထဲပတ်ဖို့ဆုံးဖြတ်လိုက်ကြသည်။ဘုရားသို့အရင်ဆုံးဦးတည်ကာထွက်ခဲ့ကြသည်။မြို့ဟာမြို့ကြီးမဟုတ်တာကြောင့် အရမ်းကြီးတော့ရေပက်တဲ့သူမများပေ။ဒါပေမဲ့ ဘုရားဘေးရှိအံတော်ပတ်လမ်းတွင်တော့ မဏ္ဍပ်ကြီးတစ်ခုရှိလေသည်။ထိုနေရာတွင်တော့ရေပက်ကြသူပိုများသည်။အကပြိုင်ပွဲများလည်းရှိတာကြောင့်လူရှုပ်လေသည်။
"ဘုရားထဲကိုတန်းဝင်ပြီးဘုရားဖူးပြီးပြန်ထွက်ကြမယ်နော်"
"အင်းဟုတ်တယ် လူကများတယ်"ဒီလိုနဲ့ဘုရားဝန်းရှေ့တွင်ကားလေးရပ်ကာ ဝင်လိုက်မိကြသည်။ဘုရားပန်းအချို့နှင့်ဘုရားအားကပ်ရန် ရွှေသင်္ကန်းများလည်းဝယ်လိုက်ကြသည်။ဆွမ်းတော်ပွဲတစ်ယောက်တစ်ပွဲဖြင့်လက်ထဲမှာပြည့်သွားကြတော့သည်။ဘုရားရှေ့မျက်နှာတော်ဘက်သို့လျှောက်လိုက်ကြပြီးဆွမ်းတော်နှင့်ပန်းများကိုကပ်လိုက်ကြသည်။ရွှေသင်္ကန်းကိုတော့ ဘုရားပေါ်ရှိအစ်ကိုများထံပေးကာ ကပ်စေချင်သည့်နေရာအားပြောပြလိုက်မိသည်။ဘုရားဆင်းတုတော်၏ရှေ့ဘက်တွင်ထိုင်ကာ မှန်ထဲမှရွှေသင်္ကန်းကပ်နေသည်အားကြည့်လိုက်မိကြသည်။အဲ့ဒီနောက်တော့ ဘုရားရှိခိုးလိုက်ကြသည်။
"ဘာဆုတွေတောင်းလဲ..သမီးငယ်"တီချယ်ကမေးတာကြောင့်မြင့်မိုရ်လည်းပြုံးလိုက်ရင်း
"ချစ်ရတဲ့သူတွေနဲ့အတူနေနိုင်ဖို့ပဲတောင်းပါတယ်တီချယ်ရယ်"ဆိုတော့ တီချယ်ကပြုံးလေသည်။တီချယ့်ကိုတော့ပြန်မမေးဖြစ်ခဲ့။အကုန်ဘုရားရှိခိုးပြီးတော့ ဘုရားထဲခဏပတ်လိုက်မိကြသည်။လူလည်းများတာမလို့အမြန်ပတ်ပြီးပြန်ထွက်လာလိုက်ကြသည်။
"တီချယ် မြင့်မိုရ်တို့နောက်တစ်ခေါက် ဒီဘုရားကိုပြန်လာဖူးမယ်နော်"
"အင်း ပြန်လာဖူးကြမယ်"နှစ်ယောက်လုံးမျက်နှာမှာအပြုံးပန်းတွေဝေလျှက်။
"ဒါဆို ဦးလေးတို့မြို့ထဲသွားပတ်ကြည့်ကြမယ်လေ"
"ဟုတ်ကဲ့"ဘုရားမှထွက်ကာကားပေါ်သို့တက်လိုက်မိကြသည်။ဝသုန်နဲ့ပေဖူးကတော့ ရေပက်ခံချင်ကြတယ်ဆိုပြီးကားနဲ့မလိုက် ဆိုင်ကယ်ဖြင့်သာကားနောက်ကပ်လိုက်လေသည်။သဇင်က ရှေ့ခန်းမှာထိုင်ပြီး မြင့်မိုရ်နဲ့တီချယ်တို့က နောက်ခန်းမှာထိုင်လိုက်မိကြသည်။ကလေးတစ်ချို့က မဏ္ဍပ်အသေးလေးတွေထိုးပြီးရေတွေပက်နေကြသည်။ကားမှန်တင်ထားတာမလို့ရေတော့မစိုကြပေ။ပေဖူးတို့ကတော့အနောက်မှာရေတော်တော်လေးရွှဲနေလေပြီ။မြို့ကကျဥ်းတာကြောင့် တစ်နာရီလောက်တောင်မကြာလိုက် အိမ်သို့ပြန်ရောက်လာကြသည်။
"အမလေး..အေးလိုက်တာ"တစ်ကိုယ်လုံးရေရွှဲကာ ကြွက်စုတ်ဖြစ်နေသည့်နှစ်ယောက်မှာ အေးကာ အိမ်ထဲအပြေးဝင်သွားကြတော့သည်။ခဏကြာတော့ရေချိုးပြီးဆင်းလာကြလေသည်။
"တော်တော်မှအေးရဲ့လားပေဖူး"
"အေးတာမှပြောမနေနဲ့ ရေခဲရေနဲ့ပက်ကြတာ"ပေဖူးပြောတော့ အကုန်လုံးရယ်မိလိုက်ကြသည်။
"မြင့်မိုရ်ဒီလမ်းထိပ်ကိုလိုက်ခဲ့ အသုပ်သွားဝယ်စားမလို့"
"ဟယ် ထမင်းစားချိန်ရောက်တော့မှာကို"
"ဟင့်အင်းမစားချင်သေးဘူး တီချယ်တို့လည်းမစားသေးဘူးမလား"
"အင်း မးစားသေးပါဘူး သွားစားကြလေ"
"အကုန်လိုက်ခဲ့လေ လမ်းထိပ်ပဲကို ရေလောင်းသူလည်းမရှိပါဘူး"အစကငြင်းကြပေမဲ့အကုန်လုံးကဝိုင်းခေါ်နေတာကြောင့်အကုန်သွားဖို့ဖြစ်လာတော့သည်။မြင့်မိုရ်က ထဘီနဲ့မသွားချင်တာကြောင့်အပေါ်တက်ကာ စံမြန်းအစအား ချုပ်ထားသည့်ဂါဝန်လေးအားဝတ်လိုက်မိသည်။
"မြင့်မိုရ် ဒါချုပ်တာလား"
"အင်း ဟုတ်တယ် မေမေချုပ်ပေးတာ နည်းနည်းတော့ပါးတယ် အဲ့တာကြောင့်အောက်ပိုင်းက အခံခံပေးထားတာ"
"အင်းလှတယ် သွားကြမယ်"ဟုဆိုကာ ဝသုန်နဲ့ပေဖူးကရှေ့မှဦးဆောင်ကခေါ်သွားတာကြောင့် မြင့်မိုရ်တို့လည်းစကားပြောရင်းလိုက်လာမိလိုက်ကြသည်။ဆိုင်ရောက်တော့ အသီးသီးကြိုက်တာ မှာစားကြလေသည်။ဆိုင်ထဲမှာ သုံးလေးဝိုင်းတော့လူရှိသည်။နှစ်ဆယ်ကျော်အရွယ်ကောင်လေးတွေဖြစ်ပြီးမြင့်မိုရ်တို့ဝိုင်းဘက်အားခဏခဏကြည့်နေတာကြောင့်ဝသုန်မှာစကားစလာတော့သည်။
"မမကြီး ဟိုဘက်ဝိုင်းကလူတွေကလေ မမကြီးတို့ရဲ့တီချယ်တွေကိုကြည့်နေတယ်"ဝသုန်ပြောတော့မှမြင့်မိုရ်လည်းသေချာကြည့်လိုက်မိသည်။ထိုဝိုင်းမှလူတွေမှာ တီချယ့်အားတကယ်ကို ကြည့်နေခြင်းပင်။စိတ်ထဲဒေါသထွက်ကာ ထဆွဲပြီးရိုက်ပလိုက်ချင်ပေမဲ့ထိန်းထားရသည်။
"ပေဖူး တီချယ်နွေးကိုနေရာလဲပေးလိုက်ပါလား"ကောက်ကာငင်ကာကြီးနေရာလဲခိုင်းတာကြောင့်နွေးတို့မှာကြောင်သွားတော့သည်။
"ဘာဖြစ်လို့လဲဟင် သမီးငယ် အဆင်ပြေနေတာကို"
"ဟိုကကြည့်နေလို့ပါဆို သူကလာပြီးအဆင်ပြေနေတယ်"မြင့်မိုရ်စိတ်ထဲကပြောလိုက်မိသည်။အခြေအနေကိုနားလည့်ပေဖူးက ထလာတာကြောင့်နွေးမှာဘာမှမသိဘဲ နေရာလဲလိုက်ရတော့သည်။
အသုပ်စားနေရင်း ဒေါသထွက်နေသည့်မြင့်မိုရ်အား ကြည့်ကာ နွေးမှာဆက်စားရမလို၊ထပဲပြန်ရမလိုဖြင့် မြင့်မိုရ်မကျေမနပ်ကြည့်နေသည့်ဘက်အားလိုက်ကြည့်မိတော့မှ အခြေအနေအားနားလည်သွားတော့သည်။စားသောက်ပြီးတော့ပိုက်ဆံရှင်းကာထွက်ချိန်နွေးမှာ မြင့်မိုရ်လက်အားအမိအရလှမ်းဆွဲထားလိုက်သည်။
"ဘာလို့ဆွဲတာလဲ ကိုယ့်ဘာသာလျှောက်ပါလား"
"လက်ကလေးဆွဲတာကိုဘာဖြစ်နေတာလဲ"နှစ်ယောက်သားပွစိပွစိဖြင့်ပြောရင်း လမ်းမထိပ်တွင် ရပ်ကာ ပေဖူးတို့အားစောင့်မိသည်။
"ကျွန်တော်..မကိုရေလောင်းချင်လို့"
စကားသံအဆုံးနှာခေါင်းထဲသို့တိုးဝင်လာသည့်မွှေးရနံ့နဲ့အတူ မြင့်မိုရ်ကိုယ်လုံးမှာရေစိုသွားတော့သည်။ရုတ်တရက်ကြီးမလို့တားချိန်လည်းမရ။ဘယ်သူလဲကြည့်မိတော့ ဘော်ဒါဆောင်က ကောင်ကလေးပင်။ရေလောင်းပြီးတယ်ဆိုပဲ ချက်ချင်းဘော်ဒါဆောင်ထဲပြန်ဝင်သွားကာ သူ့သူငယ်ချင်းတွေမှာဆူနေတော့သည်။
"ဘာလဲဟဒီကောင်တွေ သေချင်လို့လားမသိ"ဝသုန်မှာ မကျေမနပ်ရွတ်ရင်း လှမ်းအော်လိုက်လေသည်။
"မမကြီး ကလည်းဘာလို့အဲ့လူတွေလောင်းတာခံရတာလဲ"
"ဟဲ့ ငါကဘာမှတောင်မပြောရသေးဘူး လောင်းသွားတာကို တကယ်ပါပဲ"ဟုဆိုရင်း မြင့်မိုရ်လည်းနှုတ်ခမ်းစူလိုက်မိသည်။ရေစိုသွားတာကြောင့် အကျီအပါးမှာကပ်သွားတော့သည်။
"ရော့ ဒါဝတ်ထား"ဟုဆိုကာ နွေးကသူ့အင်္ကျီ ပေးပေပဲ့မြင့်မိုရ်ကအားနာတာ​ကြောင့်ငြင်းလိုက်မိသည်။အိမ်နဲ့နီးနေတာကြောင့်လည်းပါသည်။
"ရတယ် ရတယ် မယူတော့ဘူးတီချယ်"ဟုဆိုတော့ နွေးမှာ "မယူလည်းနေပေါ့"ဆိုပြီးရှေ့မှထွက်သွားလေသည်။အိမ်ထဲရောက်တော့အကုန်လုံးဧည့်ခန်းမှာနေခဲ့ပြီးတီချယ်ကတော့အပေါ်တက်သွားလေသည်။မြင့်မိုရ်လည်းအဝတ်လဲဖို့လိုသေးတာကြောင့်အပေါ်လိုက်သွားရင်း မလဲသေးဘဲ တီချယ့်ဆီအရင်ဝင်လိုက်မိသည်။
"တီချယ်"
"ဘာလဲ အဝတ်အစားမလဲဘဲနဲ့ဝင်လာပြန်ပြီ"
"လဲမှာပေါ့ သူစိတ်ကောက်သွားတာလားလို့ကို
"မကောက်ပါဘူး ကလေးမှမဟုတ်ဘဲ"မကောက်ဘူးသာဆိုတာ ၊နှုတ်ခမ်းမှာစူနေလေပြီ။
"တီချယ်ကလည်းမကောက်ဖူးသာဆိုတယ် နှုတ်ခမ်းကရှေ့ရောက်နေပြီ"
"မြင့်မိုရ်"
"သမီးငယ်ပါ"မြင့်မိုရ် နောက်တီးနောက်တော့ပြောတော့ နွေးလက်ဝါးကမြင့်မိုရ်ကျောပေါ်ကျလာလေသည်။
"ကဲဟာ..နောက်ချင်အုံး လူကြီးကို"
"အားနာတယ်..အားကြီးနဲ့ရိုက်တော့တာပဲ"
"နာပါစေ နာအောင်ရိုက်တာကို"
"သူများကိုနာအောင်ရိုက်တာနော် အကြွေးပြန်ယူလိုက်မှာ"ဟုဆိုကာ မြင့်မိုရ်ကညစ်ကျယ်ကျယ်ပြုံးတော့ နွေးမှာ ကုတင်ပေါ်ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်လေသည်။
"အင်္ကျီသွားလဲတော့ အောက်ဆင်းတော့မယ်"
"ဘာလဲ ဒါကပြေးတာလား"ဟုဆိုရင်းအပြင်ထွက်ဖို့ပြင်နေသည့်တီချယ့်လက်အားလှမ်းဆွဲကာ အနောက်မှသိုင်းဖက်ထားလိုက်မိသည်။
"သမီးငယ်..လွှတ်လို့"
"ဟင့်အင်းမလွှတ်ပါဘူး..."ဟုဆိုရင်း ဖြန့်ချထားသည့်နွေးဆံနွယ်များအား တစ်ဖက်သို့သိမ်းလိုက်ရင်းလည်တိုင်လေးအားတစ်ချက်နမ်းလိုက်မိသည်။
"သ.သမီးငယ်..အစ်မတက်လာလိမ့်အုံးမယ်"
"လာပါစေပေါ့..."
"သမီးငယ်နော်..."
"ဟီး..မစတော့ဘူးနော်၊မြင့်မိုရ်အဝတ်အစားသွားလဲတော့မယ်၊ပြီးရင်လာခဲ့မယ်နော်"
"အင်း၊သွားလဲ..။ဖျားလိမ့်အုံးမယ်"
"ဟုတ်..။ချစ်တယ်"
"သမီးငယ်!"
ပါးအားဖျတ်ကနဲနမ်းပြီးလှစ်ကနဲပြေးထွက်သွားတာကြောင့် နွေးသဘောတကျ ပြုံးရယ်နေမိလိုက်သည်။
"ဒီကလေးနဲ့တော့..."
ကုတင်ထက်ဝယ်ထိုင်လိုက်ရင်းအတွေးများတွေးမိတော့ ဝမ်းနည်းစိတ်တို့ဝင်မိသွားပြန်သည်။
"ချစ်တယ်လို့တရားဝင်မပြောနိုင်သေးတာလေးတစ်ခုပါပဲသမီးငယ်ရယ်..တီချယ့်အသွေးအသားဖြစ်တည်မှုအားလုံးက သမီးငယ်အတွက်ပါ"
တိုးညှင်းစွာရွတ်ရင်း အခန်းထဲအတော်ကြာအောင်ထိုင်နေမိသည်။
"နွေး..ဘာဖြစ်လို့လဲအောက်လည်းဆင်းမလာဘူး"ဟုဆိုရင်းအစ်မကအခန်းထဲဝင်လာတာကြောင့် နွေးကုတင်တစ်ဖက်ခြမ်းအားရွှေ့ရင်းပြုံးပြလိုက်မိသည်။
"ဘာမှမဖြစ်ပါဘူးအစ်မရဲ့ နွေးနည်းနည်းပင်ပန်းလို့ပါ"
"အင်းပါအင်းပါအဲ့တာဆိုလည်းအနားယူ၊ဆေးလည်းသောက်အုံးနော်"
"ဟုတ်အစ်မ"ဟုဆိုကာ နွေးလည်းခေါင်းအုံးချပြီး မှေးရင်းအိပ်ပျော်သွားတော့သည်။
---
"သမီးငယ်"အုတ်ခုံပေါ်တွင်တစ်ယောက်တည်းထိုင်နေသည့်သူအားနွေးခေါ်လိုက်မိသည်။အစ်မတို့က မြို့ထဲကိုရေပက်ခံသွားကြသည်။ဝသုန့်ရဲ့မိဘတွေကလည်း ဆွမ်းကပ်သွားသည်။နွေးကနေသိပ်မကောင်းချင်တာကြောင့်မလိုက်သွားဘဲ မြင့်မိုရ်ကတော့ မလိုက်ချင်ဘူးဟုဆိုကာ ကျန်နေခဲ့ခြင်းပင်။
"နေသိပ်မကောင်းချင်ဘူးဆို ဘာလို့ထွက်လာတာလဲတီချယ်ရဲ့"
"အင်း ၊သမီးငယ်တစ်ယောက်တည်းပျင်းနေမလားလို့လေ""ဟုဆိုရင်း မြင့်မိုရ်ဘေးတွင်ဝင်ထိုင်ရင်းလမ်းမဘက်အားငေးလိုက်မိသည်။
"ပျင်းတော့မပျင်းပါဘူးတီချယ်ရဲ့။အဲ့တာထားပါ အခုအိမ်ထဲဝင်ရအောင် လေစိမ်းတွေတိုက်နေတယ်"
"အွန်း သမီးငယ်အမိန့်အတိုင်းပါရှင်"နွေးကစနောက်ပြော​တော့နှစ်​ယောက်သားရယ်မိလိုက်ကြသည်။

🌼မြတ်နိုးရသောပန်းတစ်ပွင့်🌼(Completed)Where stories live. Discover now