အိတို🐻Final

3.9K 260 43
                                    

အိတိုလေးရဲ့မာမား🐻အခန်း(ဇာတ်သိမ်း)
Zawgyi

"အား ..."

စိတ်မနှံ့သူတစ်ယောက်လို အော်ဟစ်သောင်းကျန်းနေတဲ့ အမျိုးသမီးက သူမလက်ထဲက ဖုန်းကို အညှာအတာမရှိ ကိုင်ပေါက် ခွဲပစ်လိုက်သည်။

မစားရတဲ့အမဲ သဲနဲ့ပတ်ဖို့ကြိုးစားခဲ့သော်လည်း ပျော်ရွှင်ချိန်က ခဏတာမျှသာ။

မနေ့က အထိ သူမမျှော်လင့်ထားတဲ့အတိုင်း ဆဲဆိုပြစ်တင်ခံနေရတဲ့ သူတွေက ဗီဒီယို ဖိုင်လေးတစ်ခုနဲ့ အင်တာဗျုး သတင်းတစ်ပုဒ်ကြောင့် ချက်ချင်းကို သူတော်ကောင်း ကြီးများလို ချီးကျူးခံလိုက်ရသည်။

"ဟက် ... ဘာတဲ့ LGBT တွေကိုစာနာထောက်ထားတဲ့သူ သွားစမ်းပါ ...တောက်(ခ်) ငါ့ကိုပိပိရိရိနဲ့လှည့်စားသွားကြတာ ကမ္ဘာညိမ်း .. ငါနင့်ကိုသေတောင်မကျေဘူး။"

"ဘာတွေပြဿနာထပ်ရှာအုံးမလို့လဲ မိဇင်မိုးမြင့်"

ထင်မှတ်မထားတဲ့သူကို မမျော်လင့်ပဲတွေ့လိုက်ရတာကြောင့် သူမဒေါသတွေက ကြောက်ရွံ့မှုအဖြစ်ပြောင်းလဲသွားတော့သည်။

"အ...အဖေ ဘယ်လိုလုပ်ပြီး"

"ညည်း ငါနဲ့အတူ ဒီညလေယာဉ်နဲ့ နိုင်ငံခြားထွက်ဖို့ပြင်ထား။"

"ဘာ ... ဘာလို့လဲ။"

"ကျွတ် ..ကျွတ် ... နင့်လို ဉာဏ်နည်းပြီး အောက်တန်းကျတဲ့ လုပ်ရပ်တွေလုပ်တက်တဲ့ သမီးကို မွေးထားမိတာ တကယ်စိတ်ပျက်စရာပဲ။ အခု ညည်းကြောင့် ငါက ကမ္ဘာညိမ်းလိုကောင်ဆီကနေ ခြိမ်းခြောက်တာခံနေရပြီ။"

"ဘာလဲ သူက ဘာကို ခြိမ်းခြောက်နေတာလဲ"

"ညည်း သူ့ကို့ မလိုမုန်းထားစိတ်နဲ့ သတင်းအမှားတွေပေးပြီး လုပ်ကြံသတင်းလွှင့်တဲ့ သက်သေက သူ့လက်ထဲမှာ ရှိနေတယ်။ သူသာ ညည်းကို ဖော်ထုတ်လိုက်ရင် ညည်းတစ်ယောက်တည်းတင်မကဘူး ငါ့လုပ်ငန်းတွေပါထိခိုက်ကုန်တော့မှာ အဲ့တာ ညည်းသိလား"

ဇင်မိုးမြင့်က ရုတ်တရက်ကြီး စိတ်လွတ်နေသူတစ်ယောက်လို့ ဟက်ဟက်ပက်ပက် ထရယ်သည်။

"ဟား ... ဟား ... လုပ်ချင်တာလုပ်ပါလေ့စေ။ သမီးက ဘာကိုကြောက်နေရမှာလဲ ဟမ် ...။ သတင်းဆိုတာ ခဏနေတာနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပဲ..."

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now