အိတို🐻27

1.9K 216 5
                                    

အိတိုလေးရဲ့မာမား အခန်း(၂၇)
Zawgyi

"မတွေ့ရတာကြာလေ ပိုခန့်ပိုချောလာလေပဲနော်"

ဆေးဆိုးပန်းရိုက် မျက်နှာထားနဲ့ အမျိုးသမီးရဲ့အပြောကို ကမ္ဘာညိမ်းက ပြုံးတယ်ဆိုရုံလေး ပြုံးပြရင်း

"တကယ်တော့ အဲ့တာက ကျွန်တော်ပြောရမှာပါ" လို့ပြောလိုက်သည်။

တစ်ဖက်အမျိုးသမီးက ကမ္ဘာညိမ်းအပြောကို သဘောကျသွားဟန်ဖြင့် ပြုံးရယ်လာသည်။

တကယ်တော့ ကမ္ဘာညိမ်းက ယောက်ျားလေးတစ်ယောက်ဘက်ကသာ စပြောသင့်တဲ့ စကားလို့ဆိုလိုချင်တာဖြစ်သည်။

ဒါကို ထိုအမျိုးသမီးက တစ်မျိုးယူဆလိုက်ပုံရသည်။

"ညိမ်းက အဖွက်တော်တယ်နော်"

"ဘာကိုလဲဗျ"

"ညိမ်းရဲ့ ချစ်ဇနီးလောင်းလေးလေ။ သူ့ကို ဘယ်မှာမှ မတွေ့မိပါလား။ ဘာလဲ ပွဲထုတ်ဖို့ အဆင်မပြေတော့လို့လား။"

အလုပ်သဘောအရ ကောင်းကောင်းဆက်ဆံပေးနေတာကို ရောင့်တက်ချင်လာတဲ့ အမျိုးသမီးကြောင့် ကမ္ဘာညိမ်းက စိတ်ပျက်တဲ့ အကြည့်နဲ့ကြည့်ရင်း ခပ်ပြုံးပြုံးလေးနဲ့ပဲ တုန့်ပြန်လိုက်တယ်။

"ဒေါ်ဇင်မိုးမြင့်ရယ် ကျွန်တော်က ကျွန်တော့ မဟေသီလေးကို ချစ်လွန်းလို့ ထားစရာနေရာမရှိ ဖြစ်နေတာဗျ။ သူများတွေကြည့်ရင်တောင်း သဝန်တိုရလွန်းလို့ ဖြစ်နိုင်ရင် သူ့တစ်ကိုယ်လုံးကို အာခံတွင်းထဲတောင်ငုံထားလိုက်ချင်တာ။ အဲ့လိုလုပ်လို့မရလို့ လုံခြုံတဲ့နေရာမှာ သေချာဖွက်ထားရတာ။"

ဒေါ်ဇင်မိုးမြင့်က ကမ္ဘညိမ်းရဲ့ ပြောစကားတွေကို နားထောင်နေရင်း သူမရဲ့ မျက်နှာကြွက်သားတွေကို ပုံပျက်ဆင်းပျက်ဖြစ်မသွားအောင် တော်တော်ကြိုးစားပြီး ဟန်မပျက် ထိန်းထားလိုက်ရတယ်။

ထို့နောက် သူမက အရှက်ပြေ တစ်ချက်ရယ်လိုက်ပြီး

"ဟက် ... သူမက တကယ်ကံကောင်းတာပဲ။ ဒါပေမဲ့ ညိမ်းကတော့ ကံကောင်းခြင်းတွေလုယူခံလိုက်ရတယ်နော်" ဟု စကားနာထပ်ထိုးပြန်သည်။

သူမက ဟိုတယ်နှစ်ပတ်လည် အစည်းအဝေးဖိတ်စာ တစ်စောင်ကို အကြောင်းပြုပြီး ကမ္ဘာညိမ်းရဲ့ အိမ်ထောင်ရေးကို ဝေဖန်လေကန်ဖို့စီစဉ်ထားပုံရသည်။

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now