အိတို🐻07

2.3K 277 22
                                    

အိတို🐻07
Zawgyi

ထွေးထွေးတစ်ယောက် မနေ့ကလိုပဲ ပြေးလာပြန်ပါသည်။

သို့သော် လမ်းတစ်ဝက်ရောက်မှာပဲ ကမ္ဘာညိမ်းမျက်နှာကိုကြည့်ပြီး ခြေလှမ်းနှုန်းကို လျှော့ချပစ်လိုက်သည်။

“ကိုကိုကြီး …”

“အေး ဘာမေ့ကျန်ခဲ့ပြန်ပြီလဲ”

“ဟိုဟာလေ မမထူးထူးက အိတိုလေးရဲ့မာမား … အယ် .. ဟို အစ်ကိုလေ … ကိုကိုကြီးရဲ့ အစ်ကိုကြီး အတွက် … အဲ့တာ  …”

“ငါသိပြီ ကောင်းမြတ်လွန်းအတွက် ငါ ထူးထူးကို နေ့လည်စာထမင်းချိုင့် ထည့်ခိုင်းထားတာ အဲ့တာကျန်ခဲ့လို့မဟုတ်လား”

“ဟုတ် … ဟုတ်ကဲ့ကိုကိုကြီး”

“ပေးပေး ထူးထူးကိုပြောလိုက် ကျေးဇူးပဲလို့

“ဟုတ်ကဲ့ကိုကိုကြီး”

ကမ္ဘာညိမ်း ထွေးထွေးလက်ထဲက ထမင်းချိုင့်ဗူးလေးကိုလှမ်းယူလိုက်သည်။

ထို့နောက် ကားမှန်ကို ပြန်ပိတ်ချလိုက်သည်။

“ကောင်းမြတ်လွန်း … ဒါက မင်းအတွက် နေ့လည်စာ”

“ဗျာ … ဟို … အဲ့လိုလုပ်ပေးဖို့မလိုပါဘူး။ ကျွန်တော်က အခုထိလည်း အစ်ကိုကမ်းလှမ်းထားတဲ့ အလုပ်ကို လက်ခံရသေးတာ မဟုတ်သေးဘူးလေ”

“ကိုယ်ထည့်ပေးချင်လို့ထည့်ပေးတာ။”

“မာမား … ယူလိုက်လေ။ ပြီးရင် အိတိုလေးနဲ့တူတူစားကြမယ်လေ။ အဲ့တာကောင်းတယ်လေနော်”

အိတိုလေးက နှုတ်ခမ်းလေး တထော်ထော်နဲ့ ကြားထဲက ဝင်ပြောရုံသာမက ကမ္ဘာညိမ်းလက်ထဲက ထမင်းချိုင့်ကိုပါ မနိုင်တနိုင် လှမ်းဆွဲပြီး ကောင်းမြတ်လွန်းလက်ထဲအရောက် ထည့်ပေးနေတာကြောင့် ကောင်းမြတ်လွန်းလည်း မနေသာတော့ပဲလက်ခံလိုက်ရတော့သည်။

ကုမ္ပဏီကိုရောက်တော့ တစ်လမ်းလုံး အာပေါက်မတက်ရှင်းပြပြီး ချော့ထားတဲ့ အကျိုးကျေးဇူးကြောင့် အိတိုလေးက ကောင်းမြတ်လွန်းကို အလွယ်တကူလမ်းခွဲခွင့်ပေးခဲ့သည်။

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now