အိတို🐻14

2K 259 16
                                    

အိတို🐻14
Zawgyi

Ocean Palace Hotel ရှိ Royal Diamond အထပ်မြင့်အဆောင်သစ်ဖွင့်ပွဲကို မနက် ကိုးနာရီမှာ ခမ်းနားသိုက်မြိုက်စွာကျင်ပခဲ့ကြသည်။

အဓိကရှယ်ရာဝင် လေးဦးဖြစ်တဲ့ ဒေါ်ဇင်မိုးမြင့်၊ ဦးကမ္ဘာညိမ်း၊ ဦးမောင်ထွန်းဦး နှင့် ဒေါ်ကျော့ဖုန်းမေ တို့က ဖွဲ့ကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ပြီးနောက် ကြွရောက်လာကြတဲ့ ဧည့်သည်တော်များကို လိုက်လံဧည့်ခံခဲ့ကြပြီး အဆောက်အဦးပုံစံငယ်နှင့်တကွ အဆောက်အဦးတွင်းရှိ ဖွဲ့စည်းတည်ဆောက်ပုံတွေ ရရှနိုင်တဲ့ ဝန်ဆောင်မှုအမျိုးအစားတွေကို လိုက်လံပြသခဲ့ကြသည်။

လူကြီးတွေကတော့ ဒုတိယအလွှာမှာရှိနေတဲ့ အရေးကြီးဧည့်သည်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ နားနေဆောင်မှာအနားယူရင်း မျက်နှာချင်းမှာရှိတဲ့ဟောခန်းထဲမှာခင်းကျင်းထားတဲ့ ပင်လယ်စာ ဘူဖေးကိုနေ့လည်စာအဖြစ်သုံးဆောင်ကြသည်။

လူငယ်တွေကတော့ အပေါ်ဆုံးလွှာမှာရှိတဲ့ ရေကူးကန်မှာ ဓါတ်ပုံရိုက်သူကရိုက် ရေကူးကန်ကြီးရဲ့အလယ်မှာ အလှဆင်ထည့်သွင်းပြင်ဆင်ထားတဲ့ အဆင့်မြင့်ဘားမှာထိုင်ပြီး ဝိုင်လေးသောက်လိုက် ကော့တေးလေးသောက်လိုက်လုပ်နေကြသည်။

ကမ္ဘာညိမ်းကတော့ ဒုတိယအလွှာမှာရှိနေပြီး မျက်နှာသိ စီးပွားရေး လုပ်ရှင်တစ်ချို့နဲ့ စကားလက်ဆုံကြနေခဲ့သည်။

အားလုံးနဲ့ လုပ်ငန်းအကြောင်းတွေပြောပြီးနောက် နှုတ်ဆက်ကာ လူစုခွဲလိုက်ကြပေမယ့်

ကမ္ဘာညိမ်းက ရန်ကုန်က ပို့ကုန်လုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ လုပ်ငန်းရှင် ဒေါ်ဖြူတင့်လွင်နဲ့ ဆက်ပြီးစကားပြောနေတာကြောင့် အိတိုလေးနဲ့ ကောင်းမြတ်လွန်းတို့နှစ်ယောက် ဘူဖေးစားတဲ့နေရာမှာ ယောင်လည်လည်နဲ့ ဟိုလျှောက်ဒီလျှောက် လျှောက်နေကြသည်။

"သား ကမ္ဘာညိမ်းရဲ့ လက်တွဲဖော်က တော်တော်လေးကို ယဉ်တယ်နော်။ ဒီနေ့ပွဲမှာ သူမလေးက အထင်ရှားဆုံးပဲ။"

"ကျွန်တော်လည်းထင်ပါတယ်။"

ကောင်းမြတ်လွန်းက ဒီနေ့မှာ ကမ္ဘာညိမ်းဆင်ပေးထားတဲ့ အဖြူရောင် ဂါဝန်လေး ဝတ်ထားတာမို့ ကာလာရောင်စုံ ပြိုးပြိုးပြက်ပြက် တွေဝတ်စားဆင်ယင်လာတဲ့ အမျိုးသမီများကြားထဲမှာ ရိုးရှင်းစွာနဲ့ပဲ ထင်းလင်းနေခဲ့ခြင်းဖြစ်သည်။

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now