အိတို🐻05

2.4K 288 21
                                    

အိတို🐻05
Zawgyi

ဝက်ဝံပေါက်လေး အိတိုဆီက အပြန်မှာ ကောင်မြတ်လွန်းသည် သူငယ်ချင်းဖြစ်သူ မင်းလွင်ဆီသို့သွားခဲ့သည်။

“ကောင်းမြတ်လွန်း … ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။ အလုပ်ကကော ….။”

“ငါ့အလုပ်ကအဆင်ပြေပါတယ်။ အန်တီ့ကို လာကြည့်တာ အခြေအနေဘယ်လိုနေလဲ”

“ကောင်းသွားပါပြီ။ ဆေးတွေကတော့ ဆက်သောက်နေရဦးမယ်။ ပြီးတော့လက်တလောတော့ ဆေးရုံက ချက်ချင်းဆင်းလို့မရသေးဘူး။”

“တော်သေးတာပေါ့။”

“ငါမင်းကိုကျေးဇူးတင်ပါတယ်။ ဒါနဲ့ မင်းနဲ့ မင်းအဖေ ပြဿနာဖြစ်ကြသေးလား။”

“နည်းနည်းပါ။”

“တောင်းပန်ပါတယ်ကွာ။ ငါ့ကြောင့်နဲ့ မင်းတော်တော်လေးဒုက္ခရောက်နေရတယ်။”

“မဟုတ်တာ။ မင်းအမေဆိုတာ ငါ့အမေလိုပါပဲ။ ငါလုပ်ပေးသင့်တဲ့အရာတွေပါ။ လိုအပ်တာရှိရင် ငါ့ကိုအားမနာပဲပြောပါ။ ပြီးတော့ ငွေရေးကြေးရေးကိုလည်း မင်းခေါင်းထဲထည့်မထားပါနဲ့။”

“ငါ အဆင်ပြေတာနဲ့ မင်းကူညီထားတဲ့ ပိုက်ဆံတွေကို မြန်မြန်ပြန်ဆပ်နိုင်အောင်ကြိုးစားပါ့မယ်။”

“ရပါတယ်ကွာ။ လာပါ … အန်တီ့ဆီသွားကြရအောင်”

မင်းလွင်ရဲ့အမေကို ခဏတဖြုတ်ကြည့်ပြီးသွားတာနဲ့ လမ်းကြောင်ရှည်မနေပဲ အိမ်ကိုသာပြန်ခဲ့လိုက်သည်။

လက်ထဲ ပိုက်ဆံပါးနေတဲ့အချိန် လမ်းပေါ်မှာ ကြာကြာမနေတာ အကောင်းဆုံးဖြစ်သည်။

အိမ်ပြန်ပြီး တရေးလောက်အိပ်လိုက်ရင် နောက်နေ့တွေ ဘာဆက်လုပ်ရမလဲ ကောင်းကောင်းစဉ်းစားလို့ရသွားမည်ဟု တွေးပြီး အိမ်ကိုပြန်ခဲ့ရာက မမျှော်လင့်ထားတဲ့ လူတွေကို တွေ့လိုက်ရသည်။

အိမ်ရဲ့ ဧည့်ခန်းမကြီးထဲမှာ အခန့်သားဝင်ထိုင်နေကြတာက အဖေ့ရဲ့နောက်မိန်းမ ဒေါ်ခင်မြချို နဲ့ ကောင်းမြတ်လွန်းနဲ့ အဖေတူအမေကွဲညီဖြစ်သူ ကောင်းထွန်းချို ဖြစ်သည်။

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now