အိတို🐻29

1.9K 205 7
                                    

အိတိုလေးရဲ့မာမား🐻အခန်း(၂၉)
Zawgyi

“အိတို ….”

“နိုး ….”

ကမ္ဘာညိမ်းက ကောင်းမြတ်လွန်လက်ပေါ်က အိတိုလေးကို ပြောင်းချီပေးဖို့ တောင်းနေသော်လဲ အိတိုလေးက လုံးဝမလိုက်။

အိတိုလေးက ကောင်းမြတ်လွန်းလည်တိုင်ကို လက်လေးနှစ်ဖက်ဖြင့် သိုင်းဖက်ထားသည့်အပြင် လုံးတစ်ခြေတံတိုလေးတွေနဲ့ ကောင်းမြတ်လွန်း ခါးမှာပါ မြဲနေအောင် တွယ်ချိတ်ထားသည်။

အိတိုလေးတစ်ယောက် ဟော့ပေါ့စားပြီး ဗိုက်လေးနေတာကြောင့် တမင် ကောင်းမြတ်လွန်းကိုယ်ပေါ်မှာ ဇိမ်ခံရင်း လေညှင်းခံနေခြင်းဖြစ်သည်။

အခု သူတို့သုံးယောက် တံတားဖြူကန်ဘောင်ပေါ်မှာ လမ်းလျှောက်နေခြင်းပင်။

ညနေစောင်းအချိန်မို့ လူက နည်းနည်းတော့များသည်။ အတွဲများ ကလေးငယ်များ လေ့ကျင့်ခန်းလုပ်သူများ ခွေးကျောင်းထွက်လာကြသူများ နဲ့ ဈေးသည် တစ်ချို့လည်း ရှိနေသည်။

ရာသီဉတုကောင်းမွန်တာကြောင့် လေပြေလေညှင်းလေးများကလည်း အေးအေးစိမ့်စိမ့် ရှိလှသည်။

ကောင်းမြတ်လွန်းက အိတိုလေးကို ချီထားရပေမဲ့ နည်းနည်းလေးမှ ပင်ပန်းတယ်လို့ မခံစားရပဲ သူဟာ အနွေးဓာတ်လေးတစ်ခုကို ထွေးပိုက်ထားရသလိုမျိုးသာ ခံစား နေရသည်။

“အစ်ကိုရယ်ထားလိုက်ပါ ကလေးက ကျွန်တော် ချီ ချင်လို့ ချီထားတာပါ”

“ကိုယ်က ကိုယ့်အချစ်… ပင်ပန်းနေမှာဆိုးလို့”

“အစ်ကို”

"ကိုယ့်အချစ်" ဆိုတဲ့ အသုံးအနှုန်းကြောင့် ကောင်းမြတ်လွန်း ကမ္ဘာညိမ်းလက်မောင်းကိုရိုက်ပြီးသတိပေးလိုက်သည်။

အဲ့တာကို အိတိုလေးက တခစ်ခစ်ထရယ်ပြီး

“ကိုယ်အချစ်တဲ့ မာမား .. dad က မာမားကို ကိုယ့်ချစ်တဲ့ ခစ်ခစ်”

“တွေ့လား။ ကလေးတောင်ရယ်နေပြီ။”

“ဘာဖြစ်လဲ ကိုယ်ခေါ်ချင်လိုခေါ်တာ။”

“အစ်ကိုနော် …”

“မာမား … ရှက်ပါနဲ့ အိတိုလေးက အသည်းယားလို့ရယ်လိုက်မိတာပါ။”

အိတိုလေးရဲ့မာမား(2022){Complete}Where stories live. Discover now