My Master-20 (Z+U)

Start from the beginning
                                    

"ခွပ်!!!"

အထိုးခံလိုက်ရတာမလို့ ကျနော့်မျက်နှာဘေးကိုလည်ထွက်သွားသည်။ Lee Won Sungရဲ့လက်ဆကမသေးတာမလို့ ချက်ချင်းပဲပါးရိုးတွေအောင့်တက်သွားရသည်။

ကျနော့်လည်ပင်းကအင်္ကျီစကို ဆွဲလိုက်ပြီး ကျနော့်ကိုသတ်ဖြတ်မတတ်အကြည့်တွေနဲ့ကြည့်ကာ
"မင်းကငါ့ကိုမလိမ့်တပတ်လုပ်ချင်တာလား Park Chanyeol စာချုပ်အတုတွေပေးခဲ့တယ်ဆိုတော့"

စာချုပ်တွေကိုမနေ့ကပေးခဲ့တာဖြစ်ပြီး ထိုစာချုပ်တွေကိုပြန်စစ်ဖို့ဆိုလျှင် အနည်းဆုံးသုံးရက်လောက်ကြာမှာဖြစ်လို့ Baekhyunနိုင်ငံခြားသွားပြီးမှသိလောက်မယ်လို့ ကျနော်လုံးဝတွက်ဆခဲ့ပေမယ့် Lee Won Sungကဒီနေ့ပဲသိသွားပြီ။

"ခင်ဗျားသမီးနဲ့လက်ထပ်ပေးတာတောင် တော်လှပြီလေ"

"ငါဘာပြောခဲ့လဲ ငါ့ကိုမစမ်းတာကောင်းမယ်လို့ပြောခဲ့တယ်မလား"
ကျနော့်မျက်နှာကိုလက်သီးနဲ့ နောက်တချက်ထိုးရင်းထပ်ပြောလာတဲ့စကားက ကျနော့်မျက်နှာမှာရှိတဲ့ ဒဏ်ရာတွေရဲ့နာကျင်မှုကိုကျော်လွန်ပြီး ရင်ထဲမှာစိုးရိမ်မှုတွေအတိုင်းအဆမရှိဖြစ်လာရသည်။

"ငါစကားကိုနားမထောင်လို့ မင်းနောင်တရစေရမယ် Park Chanyeol"

Lee Won Sungကထိုသို့ဒေါသတကြီးပြောလာပြီးမှ ရုတ်တရက်စိတ်ငြိမ်သွားသလိုဖြစ်သွားပြီး ကျနော့်ကိုကြောက်မက်ဖွယ်ပြုံးကြည့်လာကာ

"ဒီအချိန်ဆို လေဆိပ်ရောက်နေလောက်ပြီမလား"

ကျနော့်ရင်ထဲ ထိတ်ခနဲစိုးရိမ်သွားမှုက ငရဲမီးလိုထက် ပိုပြီးပူလောင်လာစေသည်။

"တောင်းပန်ပါတယ် ကျနော်တကယ်တောင်းပန်ပါတယ်"

"နောက်ကျသွားပြီ Park Chanyeol"
Lee Won Sungကသူ့အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပြီး တစုံတယောက်ကိုဖုန်းခေါ်လိုက်ပြီး ကျနော့်မျက်လုံးတွေကိုစေ့စေ့ကြည့်လာကာ

📞Byun Baekhyunကိုရှင်းပစ်လိုက်တော့📞 ဟုသူ့ဖုန်းခေါ်တဲ့ကောင်ဆီပြောလိုက်သည်။

"မလုပ်ပါနဲ့ သူ့ကိုမလုပ်ပါနဲ့ "
ကျနော်သွေးရူးတန်းရူးအော်ဟစ်ပြောဆိုနေတော့

My Master (Completed) (Z+U)Where stories live. Discover now