အခန်း(၁၁.၂)

150 13 0
                                    

Unicode

Page 269-272

Page-269

တတိယနေ့ နွေးထွေးလှတဲ့ကောင်းကင်ပြာကြီးအောက်တွင် ဖုန်းကျိုတစ်ယောက် ၂ရက်တိတိခက်ခက်ခဲခဲလေ့ကျင့်ပြီးနောက် မြေပြင်ပေါ်မှာလျှောက်နေသလို နှင်းတိုင်လုံးတွေပေါ်မှာ မျက်လုံးမှိတ်အေးဆေးလျှောက်နိုင်ခဲ့ပြီဖြစ်သည်။ သူမကျောင်းတက်တုန်းက ရှေးသမိုင်းစာအုပ်တစ်အုပ်မှ ဒီစကားတွေကို ဝိုးတဝါးမှတ်မိလာတယ် "အားလုံးက ဖြစ်ရပ်တွေချည်းပဲဖြစ်သလို အားလုံးက အနှစ်သာရမရှိခြင်းပဲ ဒါ့ကြောင့် ဖြစ်ရပ်မှန်သမျှက အနှစ်သာရမရှိဘူး ဒါတွေကိုသေချာနားမလည်လို့ စိတ်နှလုံးသားညှိုးငယ်တာပါ ဒါတွေကိုသေချာ နားလည်သဘောက်ပေါက်ပြီဆိုရင် အောင်မြင်တာပဲ"။ ဒီဗုဒ္ဓကျမ်းစာပိုဒ်မှ ဖုန်းကျိုတစ်ယောက် နှင်းတိုင်လုံးတွေကို ဖြစ်ရပ်တွေလို့သဘောထားလိုက်တယ်။ ထိုတိုင်လုံးတွေကိုဂရုမထားဘဲ ဒီနှင်းတောထဲကို ရွပ်ရွပ်ချွံချွံသွားနိုင်တယ်ဆိုရင် သူမအောင်မြင်မှာပဲ။ ဒီနေ့ သူမ ဘယ်အရာမှတကယ်မတည်ရှိသလို ကြိုးကြိုးစားစားလေ့ကျင့်ဖို့လိုတယ်။ ထိုအကြောင်းတွေကို သုံဟွာကိုပြောပြတော့ သူအထင်ကြီးသလိုအံ့သြသွားပြီး သူမမျက်လုံးကိုစည်းထားတဲ့ ပိုးသားပိတ်စလေးကိုဖယ်ပေးဖို့ သဘောတူခဲ့လေတယ်။ သူမ နှင်းတိုင်တွေပေါ် နည်းနည်းလောက်လှည့်ပတ်သွားပြီးနောက် အရာအားလုံး အဆင်ပြေချောမွေ့နေတယ်လို့ ခံစားရတယ်။

အဖြူရောင်တရုတ်ဆီးသီးပွင့်တွေဟာ တိမ်တိုက်ထုဖြူဖြူလေးတွေ အပင်မှာချိတ်ဆွဲထားဟန်တူတယ်။ သုံဟွာကတော့ ၂ရက်လုံးလုံး တစ်ယောက်တည်းစစ်တုရင်ကစားနေရတာ ငြီးငွေ့သွားလို့ထင်ပါရဲ့။ တစ်နေရာရာက ရွှံ့စေးကောင်းကောင်းတစ်ချို့ကိုရှာတွေ့ထားပြီး ကွင်းပြင်အပြင်ဘက်မှာထိုင်ကာ ထိုရွှံ့စေးကို တစ်စုံတစ်ခုအဖြစ်ပုံဖော်ပြုလုပ်လျက်ရှိတယ်။ အရင်တုန်းကလည်း သူကြွေထည်တွေပြုလုပ်နေတာကို ဖုန်းကျိုမြင်ဖူးတာမို့ ထိုအလုပ်ပေါ်မှာ အမြဲအာရုံစိုက်တတ်မှန်း သူမသိတယ်လေ။ သို့သော် ဒီနေ့မှာတော့ သူ့ရဲ့မျက်နှာထားက တစ်မျိုးပြောင်းနေတယ်။ သူမလေ့ကျင့်နေတုန်း ခဏခဏ သူရှိရာဘက်သို့လှည့်ကြည့်နေခဲ့တယ်။ တစ်ကြိမ်..နှစ်ကြိမ်..သုံးကြိမ်။ လေးကြိမ်မြောက်လှည့်ကြည့်လိုက်တဲ့အခါ သူမ ခြေချော်ပြီး ၁၀မီတာလောက်ရှည်တဲ့တိုင်လုံးပေါ်ကနေ ပြုတ်ကျပါလေသည်။ သို့သော် နောက်ဆုံးတော့ သုံဟွာဘာလုပ်နေလဲဆိုတာ သူမမြင်နိုင်ခဲ့ပြီလေ။ ကြည့်ရတာ သူ အရုပ်တစ်ခုလုပ်နေပုံပဲ။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now