ပထမပိုင်း-ပြန်လည်ရှင်သန်လာ​သော​​ဗောဓိနွယ်များ(၃)

194 19 0
                                    

Unicode

Page 25-28

Page-25

မင်းသမီး Zhi'he ရဲ့ ကောင်းကင်ဘုံကိုပြန်လာခဲ့တဲ့အကြောင်းပြချက်က လုံးဝကိုသိသာလွန်းပါတယ်။ အရှင်လန်ရှန်းရဲ့ပန်းပွဲတော်ကို တက်ရောက်တာကို အကြောင်းပြပြီး သူမနှလုံးသားကတောင့်တနေတဲ့ သူမရဲ့မွေးစားအစ်ကို သုံဟွာသီကျွင်းကို တွေ့လို့ရနိုင်တယ်လေ။ ပြီးတော့ အဆင့်မြင့်နတ်ဘုရားပိုင်ချန်းက ပြဇာတ်ကြည့်ရတာကို အထူးခုံမင်တယ်။ ဒီအချက်ကိုကောင်းကောင်းအသုံးချကာ သူမရဲ့ကချေသည်တွေ ဖျော်ဖြေရေးသမားတွေကိုခေါ်ပြီး ကပြဖျော်ဖြေစေတယ်။ ဒီလိုနဲ့ပဲ ဖျော်ဖြေရေးသမားတွေကို ကြီးကြပ်သူအဖြစ်နဲ့ ကောင်းကင်ဘုံမှာ ပေါ်ထွက်လာနိုင်ခဲ့တာပေါ့။

ဒါပေမဲ့ သူမခင်မျာလည်း ကံတော့အဆိုးရှာသား။ တစ်စုံတစ်ယောက်က Chiyan မီးတောက်ငှက်ကိုလွှတ်ပေးလိုက်လို့ သူမရဲ့မြင်းရထားကြီးရောက်တဲ့အချိန်မှာ စင်ကမီးလောင်လို့နေပြီ။

Zhi'he က တကယ်တော့ ရေနတ်သမီးဖြစ်သည်။ သူမ ထိုက်ချန်နန်းတော်မှာနေတုန်းကဆိုရင် ပင်လယ် ၄ ခုရဲ့ရေနတ်ဘုရားဖြစ်တဲ့ အရှင်လန်ရှန်းရဲ့ တပည့်ကျော်တစ်ယောက်ပါ။ တစ်နည်းပြောရရင် အနောက်ကုန်းမြေတွေအတွက် မိုးကိုခေါ်ပေးတဲ့ နတ်သမီးတစ်ပါးပဲ။ ကောင်းကင်ဘုံအတွက် ဒီလိုအသုံးဝင်လှတဲ့ နတ်သမီးမျိုးကိုကြုံရဖို့ အတော်ခက်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆင့်နှိမ့်ပြီး သေမျိုးတိုင်းပြည်ကိုနယ်နှင်ဒဏ်ပေးခံရတာတောင် ရေနတ်သမီးဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားဆဲဖြစ်လေသည်။

သို့သော် ဒီလိုအထိတ်တလန့်အခြေအနေမှာတော့ သူမရဲ့မိုးကိုဆင့်ခေါ်နိုင်စွမ်းက သိပ်ပြီးအသုံးမဝင်လှဘူး။  သူမက သူမမျက်စိရှေ့က မီးတောက်ငှက်ကြီးရဲ့ ပြိုင်ဘက်မှမဟုတ်ဘဲ။ Zhi'he တစ်ယောက် အကူအညီတောင်းဖို့ပြင်နေတုန်းမှာပဲ အကာအကွယ်တံတိုင်းထဲမှာရှိနေတဲ့ နတ်သားတစ်ပါးက သူမကို တစ်ခုခုလှမ်းအော်ပြောလို့နေသည်။ သူ့မှာ အကြံတစ်ခုရှိပုံပေါ်တယ်။ ဒါပေမဲ့ ထိုနတ်သားဘာပြောနေလဲဆိုတာ သူမမှမကြားရတာ။

Three Lives Three Worlds,The Pillow Book  Upper Volume (Completed)Where stories live. Discover now