My Master-17 (Z+U)

Start from the beginning
                                    

Baekhyunကတော့ ဘာမှမသိဟန်ဖြင့်ပြောလာပြန်သည်။
"ပုံမှန်အတိုင်းပဲဖျော်လာတာပါ သခင်လေး"

"မင်းကိုယ်တိုင်လာမြည်းကြည့်စမ်း"

သူ့ကိုကိုယ်တိုင်မြည်းကြည့်ခိုင်းလိုက်မှ ဘာလိုလဲဆိုတာ သူသိသွားပြီ။ တသက်လုံးသကြားနှစ်ဇွန်းထည့်လာရတာကို မေ့စရာလား။ Jonginကို ခေါင်းထဲပဲထည့်ထားလို့ သကြားနှစ်ဇွန်းထည့်ရတာကိုမေ့ကုန်ပြီလား။

"တောင်း....တောင်းပန်ပါတယ် သခင်လေး"

"ခွမ်း...ခွမ်း!!!" စိတ်ကအဆမတန်တိုလာတာကြောင့် ကော်ဖီခွက်နဲ့ကော်ဖီခွက်ပန်းကန်ပြားကို ကြမ်းပြင်ပေါ်ရိုက်ခွဲလိုက်သည်။

"ဘာလဲ Jonginနဲ့အရမ်းအဆင်ပြေနေတော့ တာဝန်တွေတောင်ပျက်ကွက်ချင်နေပြီပေါ့" နေ့လယ်က Jonginပြောခဲ့တာကိုနားထဲပြန်ကြားယောင်တော့ စိတ်တွေကိုထိန်းချုပ်မရတော့။

"ကျနော်တောင်းပန်ပါတယ် သခင်လေး"

"အဲ့ကြမ်းပြင်ပေါ်ကအကွဲတွေကိုစုလိုက်စမ်း"

Baekhyunလည်း ကျနော်ခိုင်းသည့်အတိုင်း အကွဲတွေကိုသေချာစုလိုက်သည်။

"စုပြီးရင် မင်းဘောင်းဘီကိုအပေါ်လှန်တင်ပြီး အဲ့အကွဲတွေပေါ်ဒူးထောက်လိုက်"
Jonginနဲ့မနီးစပ်အောင် အပြစ်ပေးရင်ရော စိတ်ချရလေမလား။

Baekhyunကထိတ်လန့်တကြား ကျနော့်ကိုကြည့်လာတော့

"ဘာလဲ ပြောတော့ငါ့ကိုချစ်တယ်ဆို ဒါလေးတောင်မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင်ဒီအိမ်ကနေတခါထဲထွက်သွား"
ကျနော့်ကိုချစ်မှန်းသိတော့ ကျနော်ဆိုးမိပြန်သည်။
သူကျနော့်နားကထွက်သွားရမှာကို သူအကြောက်ဆုံးလေ။ သူသေချာပေါက် အကွဲစတွေပေါ် ဒူးထောက်မယ်ဆိုတာ ကျနော့်ဘက်ကလုံးဝသေချာနေသည်။

"ဒီအိမ်ကနေ မထွက်သွားရပါစေနဲ့ သခင်လေးခိုင်းတဲ့အတိုင်း ဒီအကွဲတွေပေါ်ဒူးထောက်ပေးပါမယ်"
ကျနော်မှန်းဆထားသည့်အတိုင်း Baekhyunကဘောင်းဘီကိုလှန်တင်ကာ အကွဲစတွေပေါ်ဒူးထောက်လာသည်။

"ငါရပြီမပြောမချင်း အဲ့လိုပဲနေထား Byun Baekhyun"

သူ့ကိုဒူးထောက်ခိုင်းထားပြီး ကျနော်အလုပ်လုပ်ပေမယ့် အာရုံကအလုပ်ထဲမရှိ။ မျက်လုံးထောင့်စွန်းကနေမြင်နေရတဲ့ Baekhyunပေါ်မှာသာအာရုံရောက်နေသည်။
ဒီလိုနဲ့ အလုပ်အပေါ်အာရုံရတချက် မရတချက်နဲ့ အချိန်2နာရီလောက်ကုန်သွားခဲ့ပြီ။

My Master (Completed) (Z+U)Where stories live. Discover now