"ကိုကို ရှေးရှုကိုဆဲရပြန်ပြီ"

တစ်ခေတ်က ရှေးရှုပခုံးကိုသိုင်းဖက်၍ ခပ်ဟဟရယ်ကာ...

"ငါ့ယောကျာ်း"

ရှေးရှု ချက်ချင်းအပျော်တွေပြည့်လျှံလာပြီး တစ်ခေတ်၏လက်မောင်းတစ်ဖက်ကိုဆွဲကာ ဘေးနားမှ ခုန်ပေါက်နေလေသည်။

အစေခံများ - "...."

သူတို့ရဲ့ဆက်ခံသူသခင်ငယ်လေးက အခုဘာလုပ်လိုက်တာတဲ့လဲ...။

ရှေးရှုဆွဲခေါ်သွားရာတစ်လျှောက်လုံး တစ်ခေတ်လိုက်ငေးကြည့်ပြီး အိမ်အပြင်သို့ရောက်သောအခါ လန်ချားတစ်စီးကို တွေ့လိုက်ရသည်။ ဒေစီဝေါလ်က ရထားလုံးစီးခဲ့ရသောဖြစ်အင်ကို ပြန်လည်အမှတ်ရမိသောအခါ ဗိုက်ထဲကပါ အောင့်တက်လာသလိုလို။

တစ်ခေတ် မျက်နှာပျက်နေသည်ကိုမြင်သော် ရှေးရှုက လက်ဖဝါးအားဖျစ်ညှစ်လာ၍...

"အခင်းအထူကြီးပါတယ်... ကိုကိုမစိုးရိမ်ပါနဲ့ သူတို့ဖြည်းဖြည်းချင်းပဲ ဆွဲသွားလိမ့်မယ်"

တစ်ခေတ်မျက်နှာတစ်ချက်ရှုံ့ကာ ခေါင်းဆတ်ပြ၍ အပေါ်သို့တက်ထိုင်လိုက်သည်။

ရှေးရှုက သူ့လက်အားကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲမ,ဖို့လည်း မမေ့။

"ငါ့ဘာသာတက်ထိုင်လို့ရပါတယ်ကွာ"

"ကိုကိုအားပြုပြီးတက်ရင် ဗိုက်ထိမှာပေါ့"

ပိုကိုပိုလွန်းတယ်ဟူသောသဘောဖြင့် တစ်ခေတ် မျက်စောင်းထိုးလိုက်သည်။

ထပ်ပြီး နေပါဦး...။သူအခု ဘာထပ်လုပ်မိလိုက်ပြန်ပြီလဲ။ဘော!

"ကိုကို တစ်ခါလောက်တော့ ကိုယ်ရောနှုတ်ရော စိတ်ကိုပါ အကုသိုလ်လွှတ်အောင် နေစမ်းကြည့်ပါလားဟင်!"

တစ်ခေတ် လက်ခလယ်ထောင်ပြလိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ အကြည့်ပို့ကာ လျှောက်စပ်စုနေလိုက်သည်။ အဆောက်အဦးများမှာ ရှေးဟောင်းပုံစံဘက် အနည်းငယ်သွားနေသည်ကလွဲ၍ အဆင့်အတန်း တော်တော်မြင့်ပေသည်။ ဗိသုကာ ကျောင်းသားဖြစ်သည့်အလျောက် တစ်ခေတ် စကာတွက်ချက်တော့သည်။

လမ်းမထက်တွင် သွားလာနေသောရထားလုံးများအပြင် လန်ချားအချို့လည်း ရှိနေသည်။ လန်ချားစီးရတာ သက်တောင့်သက်သာရှိသည်ဟု တစ်ခေတ်ထင်မိသည်။ ဘေးတစ်ဖက်တစ်ချက်စီတွင် အခင်းထူများရှိနေသောကြောင့် ဆီလောင်းထားသောမှန်သားပြင်ပေါ် စကိတ်စီးသွားရသလို ရှောခနဲရှောခနဲပင်။ ထို့ပြင် ဒေစီဝေါလ်တုန်းကလို ဖင်လည်းမနာချေ။ အခင်းက နူးညံ့အိစက်သောအသားဖြင့် ချုပ်ခင်းထားသောကြောင့်ဖြစ်မည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့जहाँ कहानियाँ रहती हैं। अभी खोजें