**စာရေးသူရဲ့စကားစမြည်**

34 1 0
                                    

Zawgyi Version

ဟယ်လို...မင်္ဂလာပါ.....🙏🙏

Seven ပါ...😊😊

ရောက်လာပေးလို့ကျေးဇူးအများကြီးတင်ပါတယ်....

Her Smiles လေးကတော့ ပြီးသွားပါပြီ...

ပျင်းစရာကောင်းတယ်မလား...?

ဇာတ်လမ်းဇာတ်အိမ်လည်းမယ်မယ်ရရမရှိလို့လေ...၊ အညွှန်းမှာပြောထားတဲ့အတိုင်းပဲ ကောင်လေးနဲ့ကောင်မလေးရဲ့ကြားက ဘာမှမထူးဆန်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...

တကယ်တော့ ဘာမှမဟုတ်တဲ့အကြောင်းအရာကိုပဲ စာတစ်ပုဒ်ဖြစ်အောင်ရေးချင်ခဲ့တာပါ..၊ ဒါပေါ့..ဇာတ်အိမ်အကြီးကြီးတွေမရေးတတ်တာလည်းပါတာပေါ့...ကိုယ်ကအခုမှ စလုံးရေစရတဲ့စာရေးသူလက်သင်လေးပါ...

တကယ်တမ်းရေးကြည့်တော့မှ ဇာတ်လမ်းမရှိတဲ့အကြောင်းအရာကို စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးရတာက နောက်ထပ် အတတ်ပညာတစ်မျိုးဆိုတာ ကိုယ်နားလည်သွားတယ်...ကိုယ်မတတ်တဲ့ပညာရပ်တစ်ခုပေါ့...နောက်တော့ဖြစ်လာမလားမသိဘူးပေါ့လေ...

အရေးအသားကတော့ ပထမဦးဆုံးဆိုတဲ့အတိုင်း Shitty ပါပဲ...၊ စကားလုံးတွေကလည်း ကိုယ့်ရဲ့ကျွမ်းကျင်ရာဟုတ်မနေခဲ့ပြန်ဘူး...

ဘယ်လိုပဲဖြစ်ဖြစ် ပြီးအောင်တော့ရေးမယ်လို့ဆုံးဖြတ်ထားခဲ့တဲ့အတိုင်းတော့ ပြီးသွားခဲ့ပါပြီ...

အံ့အားသင့်ရလောက်အောင်ပဲ ကိုယ့်ရဲ့ ခွန်နဲ့ဏီကို ချစ်ခင်ပေးကြတဲ့သူတွေရှိခဲ့တာကိုတော့ ကိုယ်အရမ်းကို ကျေးဇူးတင်ရပါတယ်...❤️❤️

အထူးသဖြင့် စိတ်အားတက်ဖွယ်..ချစ်စဖွယ်ကွန်မန့်ကောင်းကောင်းလေးတွေထားပေးခဲ့တဲ့ @Hana_lonely နဲ့

@fresas21တို့ပါပဲ...၊ ကိုယ့်ရဲ့ဗိုက်တာမင်လေးတွေဖြစ်ခဲ့ပါတယ်လို့...🥰🥰❤️❤️😘😘

ပြီးတော့ တိတ်တိတ်လေးပဲဖတ်ပေးခဲ့တဲ့သူတွေရော လမ်းကြုံလို့ဝင်ကြည့်ပေးခဲ့သူတွေကိုရော ကျေးဇူးအများကြီးတင်ပါတယ်နော်...

ဒါပါပဲ...ဘိုင်ဘိုင်..

**Seven**

****************************************************************************************************

အော်...စကားမစပ် ကိုယ့်အကောင့်ထဲမှာ My Cellmate လေးရှိတာသိတယ်ဟုတ်...ဝင်ကြည့်ပေးသွားဦးနော်..

ပြီးတော့ SevenLeo2 ဆိုတဲ့ အကောင့် မှာ 'ဗယ်လင်တိုင်းသို့ ၇ရက်အလို' ဆိုတဲ့ ကိုယ့်ရဲ့ပထမဦးဆုံး ဘာသာပြန်လေးရှိပါတယ်...အညွှန်းကတော့ကိုယ်သိပ်မပြောတတ်ပါဘူး..ဒါပေမယ့် ဒါဒါလေးတစ်ယောက်ကတော့ 'Precious' ဆိုတဲ့ RL အသစ်ကလေးတစ်ခုဖန်တီးပြီး အဲ့ဒါလေးကိုထည့်ထားပေးခဲ့ဖူးပါတယ်...၁၀ပိုင်းပဲပါတဲ့အတိုလေးမို့ ဝင်ကြည့်ပေးသွားဦးနော်...

ဒါပါပဲ...

ဒီတစ်ခါ အတည် ဘိုင်ဘိုင်နော်...😂😅

*******************************************************************************************************************

Her Smiles [Completed]Where stories live. Discover now