~၁၂~ပရောဂျက်

73 6 2
                                    

Unicode Version

"ကျွန်တော် ခင်ဗျားနဲ့ဒိတ်ဆက်လုပ်ချင်တယ်..."

ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးလေးက ပြုံးလိုက်၏....။

အဲ့ဒီအပြုံးက အလိုချင်ဆုံးအရာတစ်ခုကို ရသွားလို့ ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်တဲ့ ကလေးလေးတစ်ယောက် ရဲ့အပြုံးမျိုးပဲဖြစ်သည်...။

"ကျွန်မ ရှင့်ကမ်းလှမ်းချက်ကို လက်ခံသင့်တဲ့အကြောင်းပြချက်ကဘာများပါလိမ့်..."

သူမက စနောက်ဟန်ကလေးဖြင့်မေးလိုက်လေသည်..။

"ဘာလို့လဲဆိုတော့ ကျွန်တော် ခင်ဗျားကို သိပ်ချစ်နေလို့ပေါ့..."

သူမနုတ်ခမ်းပေါ်ကအပြုံးလေးက ပိုတောက်ပသွားပြီး....

"သိပ်ကိုဆွဲဆောင်မှုရှိတဲ့ အကြောင်းပြချက်ပါပဲ..."

စကားရဲ့ အဆုံးမှာ သူမရဲ့ ရယ်သံလွင်လွင်လေးပါဆက်ပါလာခဲ့၏...။

ဒီနေ့ကစနေနေ့ဖြစ်ပြီး ကျွန်တော်နဲ့သူမရဲ့ ဒိတ်တင်းသက်တမ်းသုံးလတင်းတင်းပြည့်တဲ့နေ့လည်းဖြစ်ပါသည်...။ သူမနဲ့ဒိတ်ဖို့ ပထမဆုံးစပြောခဲ့တုန်းက ထိုင်နေခဲ့ကြတဲ့ ကော်ဖီဆိုင်ထဲမှာပဲ ကျွန်တော်တို့ထိုင်နေခဲ့ကြသည်..။ အဲ့ဒီတုန်းကနဲ့အခြေအနေနဲ့တော့ အကွာခြားကြီးကွာခြားသွားပြီပေါ့လေ...။

"ဒါနဲ့ကျွန်မရှင့်ကိုမေးရဦးမယ်..."

"ဟုတ်ကဲ့ခင်ဗျ..."

"ရှင်ကမိန်းကလေးတစ်ယောက်ကိုသုံးလပဲအများဆုံးတွဲတာဆို..."

သူမကဆက်မေးလိုက်ပြန်သည်...။

ကျွန်တော်သူမကိုတစ်ချက်ကြည့်ကာပြုံးလိုက်ပြီး..

"အင်း..အဲ့လိုဖြစ်ဖြစ်သွားတယ်ပဲပြောရတော့မှာပဲ...ဒါပေမယ့် ဒီတစ်ခါကတော့ တစ်ဘဝလုံးစာအတွက်ပါ...၊ နောက်ဘဝမှာသာဆုံကြဦးမယ်ဆိုရင် နောက်ဘဝအတွက်ပါပေါ့...."

"ဝေါင်း...ခစ်ခစ်.."

သူမကမျက်လုံးလေးတွေပိတ်ကျသွားတဲ့အထိသဘောတကျနဲ့ရယ်လိုက်၏...။

Her Smiles [Completed]Where stories live. Discover now