~၃~ဂေဟာ

74 4 0
                                    

Unicode Version

ကျွန်တော် ကားကိုသူမတိုက်ခန်းလေးရှေ့မှာ ရပ်လိုက်ပြီး အပြင်ထွက်လိုက်ကာ သူမကို စောင့်နေလိုက်သည်...။

သုံးမိနစ်အတွင်းမှာပဲ သူမက တိုက်အောက်ကိုရောက်လာကာ ကျွန်တော့်ကို လှမ်းပြုံးပြသည်...။ လက်ထဲမှာလည်း အထုပ်ကြီးတစ်ထုတ်ကို ဆွဲထားသေး၏...။

"ဘာတွေလဲ..ဏီ.."

"အဝတ်တွေ..."

"ဘာလုပ်ဖို့..."

"အမ်း...ကလေးတွေအတွက်လေ...."

"အော်..."

ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက်ဒိတ်က အရင်တစ်ခါနဲ့ တစ်လတိတိ ကွာခြားခဲ့၏...။ တကယ်တမ်း သူမက ကျွန်တော့်ကုမ္ပဏီ မှာ ဒီတစ်ခေါက် ပရောဂျက် အတွက် ၆လတာ ကာလသာ လာရောက် တာဝန်ထမ်းဆောင်တာဖြစ်ပြီး သူမရဲ့ မူလတာဝန်က ရုံးချုပ်က သုတေသနနဲ့ ဖွံ့ဖြိုးမှုဌာနမှာဖြစ်၏...။

အရင် ကျွန်တော့်ပရောဂျက်ရဲ့ သူမနေရာမှာ တာဝန်ယူထားတဲ့သူရုတ်တရက် နုတ်ထွက်သွားပြီးနောက် သင့်တော်တဲ့ လူတစ်ယောက်ရှာဖို့ ခက်ခဲနေတဲ့အချိန် တစ်ယောက်ယောက်လွှတ်ပေးဖို့ ကျွန်တော်ရုံးချုပ်ကို အကူအညီတောင်းလိုက်တော့ ဒုဥက္ကဌရဲ့ ထောက်ခံချက်နဲ့ သူမကို လွှတ်ပေးလိုက်တာဖြစ်သည်...။

အဲ့ဒါကြောင့် သူမက ရုံးချုပ်က သူမရဲ့ မပြီးပြတ်သေးတဲ့ သုတေသနကိစ္စကိုပါတွဲလုပ်နေရပြီး တစ်ခါတစ်လေဆို အလုပ်က စနေနေ့အထိဆက်သွားတတ်၏....။ တနင်္ဂနွေကျတော့ သူမက မြို့ပြင်က မိဘတွေရဲ့ အိမ်ကိုပြန်ကာ မိသားစုကို အချိန်ပေးတတ်၏...။ အဲ့ဒါက သူမဒီကို ပြန်လာရသည့် အဓိကရည်ရွယ်ချက်ဟု ဆိုသည်...။

အဲ့ဒါကြောင့် သူမနဲ့ ကျွန်တော်က ရုံးဖွင့်ရက် သူမ ရုံးချုပ်ကို မသွားရသည့်နေ့မှသာ တွေ့ရပြီး ပိတ်ရက်မှာ အေးအေးဆေးဆေး တွေ့ဖို့တော့ခက်လှတာဖြစ်သည်...။ ဒီတစ်ပတ်တော့ သူမက သူမကိုယ်သူမအချိန်ပေးသည့် အနေဖြင့် ကျွန်တော်နှင့် ဒိတ်ပါမည်တဲ့...။

ပြီးတော့ ဒီတစ်ပတ်ရဲ့ ပလန်က သူမပလန်ဖြစ်ပြီး မိဘမဲ့ကလေးများဂေဟာကို သွားကြမှာဖြစ်သည်...။

Her Smiles [Completed]Where stories live. Discover now