~၈~မေးခွန်းများ

69 4 2
                                    

Unicode Version

"ခွန် ဏီ့ကိုဘာမှမေးစရာမရှိဘူးလား.."

သူမရဲ့မူပိုင်ထုံးစံအတိုင်း အပြုံးခပ်အေးအေးလေးနဲ့ သူမကမေးလိုက်လေသည်...။

ဘာမှမေးစရာမရှိဘူးလားတဲ့...။ မေးစရာလား...။ သိပ်ရှိတာပေါ့ ဏီရယ်...။ ဘယ်မရှိပဲနေပါ့မလဲ...? အခုအချိန်မှာ ခင်ဗျားကို မေးချင်တာတွေ များလွန်းနေလို့ ကျွန်တော့်ခေါင်းတွေပေါက်ထွက်တော့မလိုပဲ...?

သူမပြန်လာပြီးနောက် ရုံးပြန်တက်နေပြီဖြစ်ကာ နှစ်ပတ်လည်ပွဲပြီးလို့ သုံးရက်တောင်ရှိသွားခဲ့ပြီဖြစ်သည်..။ ပြီးခဲ့တဲ့ ရက်တွေထဲမှာ သူမရောကျွန်တော်ပါ အလုပ်တွေအရမ်းများခဲ့ရကာ သူမရဲ့နေရာမှာဆက်ဝင်မယ့် ပရောဂျက်အကြံပေးအသစ်နဲ့ ပတ်သတ်ပြီး လွှဲပြောင်းစရာတွေကို လုပ်ဆောင်ရတာလည်းပါဝင်ခဲ့၏..။ ကျွန်တော့်ရဲ့ကုမ္ပဏီနဲ့ သူမရဲ့စာချုပ်က ဒီတစ်ပတ်နောက်ဆုံးသာဖြစ်လေသည်..။

ထူးခြားတာတစ်ခုက ကျွန်တော်တို့ရဲ့ ညနေခင်း ထမင်းအတူတူစားဖြစ်သည့်အချိန်တွေမှာ စကားသံတွေ အရင်ထက်တိတ်ဆိတ်သွားခဲ့တာပဲဖြစ်၏...။ ဒီတစ်ပတ် စနေနေ့မှာကျရောက်မယ့် ကျွန်တော်တို့ရဲ့ ဒိတ်တင်းသက်တမ်း သုံးလတင်းတင်းပြည့်တဲ့ နေ့အကြောင်းကျွန်တော်တို့မဟဖြစ်ခဲ့ကြသလို နှစ်ပတ်လည်ပွဲနေ့က အကြောင်းကိုလည်း စကားစပ်ပြီးမပြောဖြစ်ကြ...။ ဒီနေ့တော့ တိတ်ဆိတ်ခြင်းကို သည်းမခံနိုင်တော့သလို သူမကကျွန်တော့်ကို မေးလာခဲ့လေပြီ...။

နှစ်ပတ်လည်ပွဲညတုန်းက သူမနဲ့ဒုဥက္ကဌရဲ့ ပွဲဝင်မြင်ကွင်းလေးက လူတိုင်းရဲ့အကြည့်ကို ဆွဲဆောင်နိုင်ခဲ့ရုံလေးတင် မဟုတ်ခဲ့ဘဲ အားလုံးကို အံ့အားတသင့်လည်းဖြစ်စေခဲ့၏..။ တကယ်တမ်း အဲ့ဒီမြင်ကွင်းက ဒီလောက်ကြီး အံ့ဩစရာကောင်းနေတာမျိုးတော့ ဟုတ်မနေ...။ ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက် ပွဲအတူတူတက်တယ်ဆိုတဲ့ မြင်ကွင်းဟာ ဘာများသိပ်ဆန်းကျယ်နေလို့လဲ...။ သူတို့ကစုံတွဲတွေ မဟုတ်ကြဘူးလို့ဆိုခဲ့ရင်တောင် ဘာမှကိုဆန်းကြယ်မနေ..။ စုံတွဲမဟုတ်သူတွေ ပွဲအတူတူမတက်ရဘူးလို့လဲ ဘယ်ဘုရားမှဟောမထားဘူးမလား..။ ဒါဆိုဘာလို့လဲတဲ့...။

Her Smiles [Completed]Where stories live. Discover now