~၂~ဟန်းချိန်း

109 7 0
                                    

Unicode Version

"ဏီဘယ်သွားချင်လဲ..."

ကျွန်တော် သူမကို မေးလိုက်သည်..။

"ခွန် ဘယ်သွားချင်လဲ...."

သူမကပြန်မေးလိုက်၏..။ ထုံးစံအတိုင်း အပြုံးလေးနဲ့ပေါ့...။

"ကျွန်တော်က ဏီသွားချင်တဲ့နေရာတွေလိုက်ပို့ပေးမလားလို့..ဒီပြန်ရောက်တာမကြာသေးဘူးဆိုတော့.."

"အင်း...ဒီနေ့ဏီအထူးတလည်သွားချင်တဲ့နေရာတော့မရှိဘူး... ခွန်တစ်ခုခုလုပ်စရာရှိရင် သွားလေ...ဏီလိုက်မယ်...."

သူမစကားက ခါတိုင်းကျွန်တော့်ရဲ့ပထမဆုံးဒိတ်တွေနဲ့ ကွာခြားတယ်လို့ပြောရမည်...။

တကယ်တမ်းပြောရရင် ကျွန်တော့်ရဲ့ ပထမဆုံး ဒိတ်တွေက သိပ်ပြီးအထူးတလည်ရှိလှတာတော့မဟုတ်...။

ဒီတိုင်းပဲ ဆိုင်ကောင်းကောင်းတစ်ခုမှာသွားစား...၊ သူမတို့လိုချင်တာ ဒါမှမဟုတ် ကျွန်တော့်စိတ်ထဲဝယ်ပေးချင်တာ တစ်ခုခုရှိရင် ဝယ်ပေး...၊ ဒါမှမဟုတ် အေးအေးလူလူစကားပြောလို့ရမဲ့နေရာတစ်ခုကိုသွား...စကားတွေပြော...၊ ပြီးရင်အိမ်ပြန်ပို့...ဒီလောက်သာဖြစ်သည်...။

အခုလည်း အဲ့ထက်ပိုပြီးထူးခြားမယ်လို့ထင်မထားခဲ့ပေမယ့် ကျွန်တော် ဒီထက်နည်းနည်းပိုပြီး မျှော်လင့်ထားတာကိုတော့ဝန်ခံရမည်...။

သူမဆီက ဒီထက်ပိုတဲ့စိတ်အားထက်သန်မှုမျိုးလို့ပြောရမလား...။

"ခွန်က ဏီသိပ်စိတ်မပါသလိုပဲလို့တွေးနေတာလား..."

"အာ..ပြောရရင်တော့ဟုတ်တယ်..."

သူမက နှစ်လိုဖွယ်ပြုံးလိုက်ပြီး...

"မဟုတ်ပါဘူး...ဏီညက သေချာစဉ်းစားထားတာ...၊ ဒါက ပထမဆုံးဒိတ်ဆိုတော့ပလန်လေးတစ်ခုခုနဲ့ဆိုရင်ကောင်းမှာလို့..."

ညက သေချာစဉ်းစားထားတာတဲ့...။ အဲ့စကားက စောစောက ကျွန်တော့်စိတ်ထဲက သံသယကို ချက်ချင်းရိုက်ထုတ်လိုက်သည်..။

"ဒါပေမဲ့ ဒီတစ်ပတ်က ဏီ့မှာဘာပလန်မှမရှိတော့...ခွန့်နောက်လိုက်ရတာပဲပျော်ဖို့ကောင်းမလားပဲ...၊ ခွန်သွားရတာကြိုက်တဲ့နေရာတို့..၊ ဒါမှမဟုတ် ခွန်ဝယ်ချင်တာရှိတာတို့ပေါ့..."

Her Smiles [Completed]Where stories live. Discover now