''ဒီနေ့တော့ သေချာပေါက် မင်းကို-အာ့!"
ကျန့်ယောင်က ဗိုက်ကိုအုပ်ရင်း နောက်ဆုတ်သွားတယ်။
''ကိုယ့်ယောက်ျားကို အသေသတ်နေတာပဲ...."

ထိုအခါမှ ရင်းချဲယ်က သူ့တံတောင်သူပြန်ရုတ်သွားပြီး
''ရိတိတိလာမလုပ်နဲ့"

ကျန့်ယောင်က ပြုံးတယ်။
''အဲ့လိုဆိုလည်း ဒီဘက်လှည့်ပါဦး မျက်နှာလေးကြည့်ပါရစေ၊ တစ်ရက်ကြီးတောင် မတွေ့ရတော့ လွမ်းနေတာ"

ရင်းချဲယ်က 'ရူးနေလား?'ဆိုတဲ့အကြည့်နဲ့ သူ့ကိုတစ်ချက်ကြည့်တယ်၊ နောက် လှည့်လာချိန်မှာ မျက်၀န်းတွေကို အဆုံမခံပဲ ဟိုရွေ့သည်ရွေ့။

''ကိုယ့်ကိုလည်း ကြည့်လေ”

''မင်းက ဘာများကြည့်ကောင်းတာရှိလို့လဲ?"

''မလွမ်းဘူးလား?"

''ဒီတိုင်းပါပဲ"

''ဟင်း...."
ချက်ချင်း ညှိုးကျသွားတဲ့ကျန့်ယောင်
''ငါ့ဘက်ကပဲ တစ်ယောက်တည်း လွမ်းနေမိတာလား...ထားပါ အခုကစားကြရအောင်"

ရင်းချဲယ် သူ့ကို တစ်ချက်လှမ်းကြည့်ရင်း စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်ရင်းနဲ့မှ အမှန်အတိုင်းမပြောတော့ဘူးလို့ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။

ဘ၀င့်မြင့်သွားမှာစိုးလို့

....

ကျောင်းပြန်ရောက်တော့ စာကျက်ခြင်းသံသရာလည်တယ်။

သင်ခန်းစာအသစ်တွေက ကုန်သလောက်နီးပါးမို့ ပြန်လှန်လေ့ကျင့်ခန်းအချိန်ကို ရောက်ရှိလာတယ်။ ဘာသာရပ်ပေါင်းစုံ လေ့ကျင့်မေးခွန်းစာရွက်တွေနဲ့ အလှည့်ကျမပြတ်တမ်း တိုက်ခိုက်အနှိပ်စက်ခံနေရတဲ့အခါမှာ ကျောင်းသားတွေမယ် လူနဲ့တောင်မတူချင်တော့ဘူး။

ကျန်းခဲ့ : ''ပထမနှစ်ကဂျူနီယာတွေကို ငါ မတအားအားကျတာပဲ၊ ဘယ်လောက်တောင် ရူးသွပ်ပြီး အပူပင်ကင်းလိုက်လဲ....."

ဟန်မုန့် : ''မင်းကတော့ အခုလည်း အပူပင်ကင်းပြီး ရူးနေတာပါပဲ"

ကျန်းခဲ့က စားပွဲကိုရိုက်ကာ :
''စကားကို ဘယ်လိုပြောလိုက်တာလဲ? လောင်ဟန်! အတန်းမော်နီတာက!"

Pay Attention To Me [Myanmar Translation]Where stories live. Discover now