Harry နဲ့ Hermione ရဲ့ အနောက်မှာ ရပ်နေတာကတော့ Neville နဲ့ Ron ဖြစ်သည်။ Neville ကတော့ သူ့ကြောင့် ဆိုတဲ့ မျက်နှာလေးနဲ့ Ron နောက်ကနေ ကွယ်ကွယ်ပြီး လာနေသည်။ တကယ်တော့ သူ့ကြောင့်မှ မဟုတ်ဘဲ Grace ဘာသာ သွားလျှာရှည်သည့် ကိစ္စကို သူက ကြားထဲက အားနာနေပုံရသည်။ Ron ကျတော့ မလာချင်ပဲ သူများတွေ ခေါ်လို့ လိုက်လာရသည်ဆိုသည့် ရုပ်နှင့်ပင်။ Harry ၊ Hermione နဲ့ Pansy ကတော့ စိုးရိမ်နေသည့် ရုပ်နှင့်ပင်။ Harry ကလည်း Draco ကို တစ်ချက်တစ်ချက် လှည့်ကြည့်နေပြီး Draco ရဲ့ ရုပ်ကတော့ ပိုပြီးတောင် တည်နေသေးသည်။ သူလည်း တစ်ခါတစ်ခါ Harry ဘက်ကို လှည့်လှည့်ကြည့်သည်။

Draco ရဲ့ မျက်နှာကို သတိမထားမိသော Grace ကတော့ လိုရာဆွဲတွေး ကျန်းမာရေး လုပ်နေသည်။

*Hermione နဲ့ Ron နဲ့ မယူဘဲ Hermione က Pansy နဲ့ ယူပြီး Ron က Neville နဲ့ဆို မဆိုးဘူး ဟိ ဟိ*

ပြီးမှ ပေါ်လာတဲ့ အတွေးကတော့ ဘာအတွဲမှ မရှိတာက သူတစ်ယောက်တည်း ဖြစ်နေသည် ဆိုတာပင်။

*တစ်ယောက်တည်းလည်း ဘာဖြစ်လည်း ပိုပြီးတောင် လွတ်လပ်သေးတယ် ဘယ်သူမှ မလိုဘူးကွ*

Draco-"လက်က ထိခိုက်ထားတာတောင် ရုပ်က စပ်ဖြီးဖြီးနဲ့ပါလား"

အတွေးလွန်နေချိန်မှာပင် ထွက်လာသည့် အေးစက်စက်အသံကြီးကြောင့် လန့်သွားသော်လည်း ကြားဖူးနေကြဖြစ်သောကြောင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

Grace-"ဘာလဲ လက်နဲ့ မျက်နှာ ဆိုင်မှ မဆိုင်ပဲ လက်နာနေလည်း ပြုံးလို့ရတာပဲကို"

Harry, Hermione, Pansy-"နင့်လက် အဆင်ပြေရဲ့လား"

၃ ယောက်လုံး တစ်သံတည်း ထွက်လာသောကြောင့် Grace ရယ်လိုက်မိသည်။ ပြီးမှ

Grace-"ပြေပါတယ်"

Neville-"တောင်းပန်ပါတယ် ငါ့ကြောင့် နင်အခုလို ဖြစ်သွားတာ"

Grace-"မဟုတ်တာ ငါ့ဘာသာ ဖြစ်သွားတဲ့ဟာပဲကို လက်နည်းနည်းထိရုံပါပဲ နင်ရော အဆင်ပြေလား ကျောက နာတာတို့၊ အောင့်တာတို့ မဖြစ်ဘူးလား"

Neville-"မနာပါဘူး"

Grace-"ဒါမဲ့လဲ အပေါ်ကနေ ပြုတ်ကျလာတာကို နာတော့နာမှာပေါ့ ရောက်လက်စနဲ့ Madam Pomfrey ကို ကြည့်ခိုင်းလိုက်လေ"

I was transmigrated into Harry Potter's WorldWhere stories live. Discover now