ep-(50)

247 15 20
                                    

" Wow...လကျ်ာရဲ့ skill ကို ကိုယ်အရမ်းအားကျတာပဲ ပထမဆုံး အကြိမ် လုပ်တာ
တစ်နေ့တည်းနဲ့ အကုန်ပြီးသွားတယ်..ချီးကျူးဖို့စကားတောင် ရှာမတွေ့ဘူး "

စစ် သည် ကွန်ပျူတာ တစ်လုံး နှင့် အလုပ်ရှုပ်နေသည် ။ပထမဆုံး အကြိမ် သေချာ ဘာသာပြန်သည့် နာရီဝက် ကြာသော ဇတ်လမ်းတိုလေးမှာ စစ်မှာ တစ်မနက်လုံး
လုပ်နေတာ တောင် အခုမှ ပြီးသည် ။ ဒါတောင် ဒီရေလှိုင်း က ချီးကျူးဖြစ်အောင် ချီးကျူးသေးသည် ။

"အစ်ကိုက မြှောက်နေပြန်ပြီ..ဇတ်လမ်း က နာရီဝက်ထဲရယ်..စ တာက မနက် ၇နာရီတည်းက..ဒါတောင် နေ့လည် ၁၂နာရီ မှ ပြီးတယ်.."

"အဲ့ဒါတော်တာပေါ့..ကိုယ်ဆို အရင်တုန်းက တစ်နေကုန်လုပ်တာတောင်

မပြီးဘူး..ဒါနဲ့ သေချာ Save ဦး..တော်ကြာ ကိုယ့်လို ယောင်ပြီး

ဖျက်မိဦးမယ်

"Save ပြီးပြီ "

ဒီရေလှိုင်း သည် စစ် အပေါ် အားနာယူရသည်အထိ စိတ်ရှည်သည် ။

သူ့ ကျေးဇူးကြောင့် နှစ်လတည်းနှင့် ကိုရီးယား စာ

အခြေခံ အားလုံး ရေးတတ်ဖတ်တတ် နေပြီ ။ စစ်

ကွန်ပျူတာ သင်တန်းပြီးသွားသည့်တိုင် ဒီရေလှိုင်းမှ စစ်

အိမ်သို့ လာ၍ အခမဲ့ အနီးကပ်သေချာပေးဆဲ..။ စစ်

ဘယ်လို ကျေးဇူးတင်ရမှန်းတောင်မသိ ။

" အစ်ကို့ကို ကျွန်တော် မေးစရာရှိလို့...အဲ့ဒါထက်

တိုင်ပင်စရာရှိလို့ "

စစ် သည် ဒီရေလှိုင်း နှင့် တိုင်ပင်ရန် တွေးထားသော

ကိစ္စအား သတိရလာသည် ။ ဒီရေလှိုင်း သည်

စစ် အား ဒီကိစ္စတွင်လည်း စိတ်ရှည်ပေးမည် ဟု

ယုံကြည်သည် ။

"အင်း..ပြောလေ.."

"ကျွန်တော် ဘာသာပြန် ထားတ့ဲ webtoon

အတိုလေးတွေကို page ထောင်ပြီး

တင်ကြည့်ဖူးတယ်..အခုဆို အားပေးတဲ့

လူတွေ တောင် တော်တော်ရနေပြီ..အဲ့ဒါ

ဇတ်လမ်းကိုရော ထပ် page ထောင် ရမလား "

Tie Up ( Completed) Donde viven las historias. Descúbrelo ahora