ep-(19)

163 12 12
                                    

"သား..စာမေးပွဲဖြေနိုင်လား "

ဒီနေ့က စစ် ရဲ့ စာမေးပွဲ နောက်ဆုံးနေ့ ။ ကျောင်းကပြန်၍ ကားပေါ်တက်ကတည်း က လူကအလွန်ပေါ့ပါးသွားသည် ။အိမ်ရှေ့ရောက်သောအခါ မိုးခနေစဉ် အား နှုတ်ဆက်ကာ ကားပေါ်မှ လွှားခနဲ ခုန်ဆင်း၍ အိမ်ထဲ ပြေးဝင်လာလိုက်သည် ။

အိမ်ထဲတွင် အသင့်စောင့်နေသော အမေက စားမေးပွဲအကြောင်းလှမ်းမေးသည် ။

"အမေ..အမေသိလား.. သားတို့ သီတင်းကျွတ်ရက်ရှည် ကျောင်းပိတ်ပြီ..ဘာမှလည်းလုပ်စရာမလိုတော့ဘူး..စာလည်း လုပ်စရာမလိုတော့ဘူး..နားလည်းမပူတော့ဘူး.."

"အဲ့လောက်တောင် ပျော်နေလဲ..ကျောင်းသာထွက်လိုက်.."

စားမေးပွဲ အကြောင်း မေးသည်ကို ပြောချင်ရာပြော၍အပေါ်တက်သွားသော စစ် အား အမေ ကလှမ်းအော်သည် ။ စစ် က လှေကားထိပ်မှနေ၍..

"အမေက ထုတ်ပေးမှာကျနေတာပဲ.."

"ထုတ်ပေးမယ်..ထုတ်ပေးမယ်.. ပြီးတော့ နင့်လည်ပင်းမှာဗန်းကလေးဆွဲပေးပြီး ကားဂိတ်မှာ ကွမ်းယာ  ဆေးလိပ်လိုက် ရောင်းခိုင်းမယ်..ဟုတ်ပြီလား..ဒါဖြင့် စာမေးပွဲ
ဖြေနိုင်လား "

"မဖြေနိုင်ပါဘူး..အမေရာ..ဒီ နှစ်ကျမှာ ကြိမ်းသေတယ်.."

စစ် ဒီလောက် အသည်းအသန် စာလုပ်ထားရသည်ကိုသိလျက်နှင့် ဖြေနိုင်လား ဟု လာမေးသဖြင့် စစ် လည်း တမင် မျက်နှာငယ်ကာ ပြောလိုက်သည် ။ အမေ က စစ် တမင် နောက်နေမှန်းသိ၍..

"ဒီကောင်လေး တမင်လာနောက်နေတယ်..ကဲကဲ..အဝတ်လဲ.."

"အမေ့..ဘာဟင်းချက်လဲ "

အိမ်နောက်ဖေး သို့ ဝင်သွားရန် ပြင်နေသော အမေအားစစ် မေးလိုက်သောအခါ အမေက လှည့်ကြည့်၍..

"ငါးကြင်းဆီပြန်.."

ပြောပြီးပြီးချင်း နောက်ဖေးသို့ ပြန်ဝင်သွားသော အမေ သည် လှေကားထိပ်မှ စစ် ဧ။် တဂျီဂျီအော်သံအား မကြားဟန်ဆောင်
သွားသည် ။ 

"မစားချင်ဘူး..ငါးဟင်းမကြိုက်ဘူး..omma. ."

စစ်က မကျေမနပ်ဖြင့် ခြေထောက်အား တမင် တဒုန်းဒုန်းဆောင့်ကာ အခန်းတွင်းသို့ ဝင် သွားသည်။ အခန်းတွင်းသို့ရောက်သောအခါ အဝတ်မလဲသေးဘဲ ကုတင်ပေါ်သို့
ဝုန်းခနဲ မြည်အောင် ခုန်တက်လိုက်သဖြင့် အောက်ထပ်ကအမေပင် လန့်သွား၍..

Tie Up ( Completed) Where stories live. Discover now