ep-(31)

164 7 18
                                    

~~ရှာပုံတော် မင်းသားကြီး မဏဍာပ်တကာ ရောက်ခဲ့ပြီ ဘယ်အရပ်သူလာခဲ့လည်း မသိတော့ပြီ..~~

နေရာတိုင်းတွင် ပျံ့လွင့်နေသော သင်္ကြန်သီချင်းများသည် မနက်စောစောစီးစီး စစ် ဧ။် နားထဲသို့ တဟုန်ထိုး ပြေးဝင်လာသည် ။ စစ် ဘေးနားရှိ ဖက်လုံးဖြင့်နားပိတ်၍ ပြန်အိပ်မည်အပြုတွင် တစ်ခုခုအားသတိရ၍ ဝုန်းခနဲ ထ ထိုင်မိသည် ။ ဘေးနားရှိ နာရီအား
အလောတကြီး ယူကြည့်လိုက်မှ ဟင်းခနဲ
သက်ပြင်းချနိုင်တော့သည် ။ 

"တော်ပါသေးရဲ့..၇နာရီတောင် မခွဲသေးလို့..ပြန် အိပ်လိုက်ဦးမယ် .."

"နိုးရင် ပြန်အိပ်မယ် မကြံနဲ့..အခု..ထ..ထ
သူများတွေက စောင့်နေရရင် ရှက်စရာကြီး "

အိပ်ရာပေါ်သို့ ပြန်လှဲ၍ မျက်လုံးပင် မှိတ်မည် ကြံကာရှိသေး အပေါ်ထပ်သို့ တက်လာ၍ စစ် အားအော်နှိုးသောအမေကြောင့် မကျေမနပ် နှင့် ထလိုက်ရသည် ။

"အမေကလည်း..အစောကြီးရှိသေးတာ..၈နာရီခွဲမှသွားရမှာ.."

"ဘာပဲဖြစ်ဖြစ်..အခုထ မထရင်နင်မလိုက်ရဘဲနေမှာနော်..မင်းဘုန်း တို့ဆို နင့်ထက်ဝီရိယရှိတယ်.."

အမေက အတည်ပေါက်ကြီး နှင့် ခြိမ်းခြောက်သောအခါစစ် မနေနိုင်စွာ လူးလဲထ၍ ရေချိုးခန်းအတွင်းသို့ဝင်သွားရသည် ။ စစ်တို့ ယနေ့ မိုးခနေစဉ် ဧ။်အမျိုးတွေရှိသည့် နေပြည်တော်ဘက်သို့ သင်္ကြန် ပိတ်ရက်
သွားရန် စီစဉ်ထားသည် ။

"အမေကလည်း.."

တစ်ညအိပ် ခရီးအသေးစားလေး ဖြစ်သည့်တိုင် စစ် မလိုက်၍ မဖြစ်သည့် အကြောင်းအရင်းက ရှိနေပြန်သည် ။

_________♥♥♥♥♥__________

"လေးလိုက်တာ..ဒီအိတ်က.."

အနက်ရောင် ခရီးဆောင်အိတ်ကြီးအား မနိုင်မနင်းသယ်ယူရင်း စုရပ် ခေါ် မိုးခနေစဉ် တို့ ခြံကို ရောက်လာခဲ့သည် ။ ခြံရှေ့တွင် ရပ်နေသောမိုးခနေစဉ် က စစ် ဧ။် ခရီးဆောင် အိတ်အား ကြည့်၍ပြုံးစိစိ နှင့် ပြောလိုက်သည် ။

"မင်း ငါတို့နဲ့အပြီးလိုက်နေမှာတော့ မဟုတ်ပါဘူးနော် ..ကျောပိုးအိတ်တွေရော..ခရီးဆောင်အိတ်တွေရောရှုပ်နေတာပဲ.."

Tie Up ( Completed) Where stories live. Discover now