ep-(18)

172 12 25
                                    

"သားရေ..အဲ့ကောင်လေးက ဒီလိုပဲ..ဘယ်တော့မှ လိမ္မာမယ့်ကလေးမဟုတ်ဘူး..စာလုပ်ဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့
ကြိမ်းမောင်း လုပ်ခိုင်းတော့လည်း ရေခဲသေတ္တာထဲက မုန့်တွေ ခိုးစားသွားလေရဲ့..."

စစ် ဧ။် ဂုဏ်သတင်းများအား အာပေါင်အာရင်း သန်သန် နှင့်မင်းဘုန်းမြတ်ပိုင် တို့ အား ပြောပြနေသော စစ် အမေအား
လှေကားပေါ်မှ လှမ်းတွေ့လိုက်ရသည် ။ မင်းဘုန်းမြတ်ပိုင် ဧ။် အမေ သည် ပြုံးသာပြုံး၍..

"ကလေးကို အတင်းအကြပ်မလုပ်ခိုင်းပါနဲ့..သူလည်းတစ်ယောက်တည်းဆိုတော့ ပျင်းမှာပေါ့ အဖော်အပေါင်းလေးနဲ့
ဆိုတော့ ပိုပြီးလုပ်ချင်သွားတာပေါ့.."

မင်းဘုန်းမြတ်ပိုင် သည် လှေကားထိပ်တွင် ရပ်နေသောစစ် အား လှမ်းကြည့်သည် ။ စစ် လည်း မင်းဘုန်းမြတ်ပိုင် အားတချက် ပြန်ကြည့်ကာ အောက်သို့ဆင်းလာလိုက်သည် ။

"အမေက သားအတင်းပြောနေတာကို..ရေခဲသေတ္တာထဲကစပျစ်သီး တစ်တွဲပဲ ယူတာပါ..လူရှေ့သူရှေ့မှာ မုန့်ခိုးစား
တာကို မပြောပါနဲ့..ရှက်စရာကြီး.."

"တော်သေးတာပေါ့..ကိုယ်တော်ရယ်..ရှက်တတ်သေးလို့.."

စစ် ပြောရင်း မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာအား လှမ်းကြည့် မိသောအခါ တချက်သာ ပြုံး၍ ပြန်တည်သွားသည် ။

"အစ်မကို မသူဇာအေး က ဒါလေး ပြ လိုက်ဆိုလို့..အဆင်လေးတွေ အရမ်းလှတယ်..ညီမတောင် ဝယ်လိုက်သေးတယ်.."

မင်းဘုန်းမြတ်ပိုင် ဧ။် အမေသည် အထည်များအား ထုတ်ပြသည် ။စစ် က မယောင်မလည် နှင့် စားပွဲပေါ်မှ အထည်များအားယူ ကြည့်သည် ။ စစ် ဧ။် အမေသည် စစ် လက်အား ရိုက်ကာ..

"နင်နဲ့ဘာဆိုင်လဲ အပေါ်မှာ စာသွားလုပ်.."

ဟု ပြော၍ မင်းဘုန်းမြတ်ပိုင် အား ပြုံးပြလိုက်သည် ။ စစ် သည်အပေါ်ထပ်သို့ ဦးအောင်ပြေးသွား၍ ပွနေသော စပျစ်သီးခွံ
များအား သိမ်းကြုံးယူကာ စားပွဲခုံအောက်ထဲသို့ ထိုးထည့်လိုက်သည် ။ ခဏကြာသောအခါ မင်းဘုန်းမြတ်ပိုင် လည်း
အခန်းတွင်းသို့ ဝင်လာသည် ။

Tie Up ( Completed) Where stories live. Discover now