Ep-(1)

1.5K 34 0
                                    

မေတ္တာရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကံကော်ရိပ်အဆောင်မှ ကိုးတန်း ၊ အခန်း (B) ဖြစ်သည် ။ စွတ်စွတ်ဖြူနေသော နံရံမ်ား ၊ ဖုန်တစက်မျှမရှိသော မျက်နှာကြတ်ဖြင့် တည်ဆောက်ထားသော ခပ်ကျယ်ကျယ် စာသင်ခန်း တစ်ခန်း သာဖြစ်သည် ။
သက်တောင့်သက်သာ ထိုင်လို့ရသည့် တစ်ယောက်ထိုင်ခုံများနှင့် စားပြဲ အတွဲအဆက်များအား ခပ်ချဲချဲ နေရာချထားသည် ။ နံရံထက်ရှိ မှန်ပြတင်းပေါက်အားပိတ်၍ အဲယားကွန်း ဖွင့်ထားသဖြင့် အခန်းတွင်း လေထုသည် အေးစက်နေသည် ။ အခန်းပြင်ရှိ မှန်ပြတင်းပေါက်ပေါ်သို့ လေအရှိန်ဖြင့် သစ်ရွက် မ်ား လွင့်စင်နေသည် ။

ကျောင်းမတက်သေးသဖြင့် အတန်းသူများသည် သူတို့ဧ။်ထိုင်ခုံများမှ နေ၍ အချင်းချင်းတီးတိုး စကားပြောနေကြသည် ။ တချို့ အတန်းသူများသည် ၄င်းတို့ဧ။် သူငယ်ချင်းများရှိသည့် စားပွဲသို့သွားရောက်ကာ မိုးတိုးမတ်တပ်ရပ်၍ စကားစမြည်နေကြသည် ။
အချို့မှာမူ ၄င်းတို့ဧ။် မုန့်ထုတ်များအား ဖောက်ကာ အားရပါးရ စားနေကြသည် ။တစ်ယောက်တစ်ပေါက် ဆူညံနေကြသော စာသင်ခန်းသည် တိရိစ္ဆာန်ရုံရှိ မျောက်ရွာနှင့်ပင် တူနေသယောင် ။

အရှေ့ဆုံးမှ ရေတွက်လျှင် ဒုတိယမြောက် စားပွဲခုံမှ ကျောင်းသားတစ်ဦး သည် မိမိဧ။် ဈေးကြီး ပေးရဟန်တူသော အညိုနုရောင် လွယ်အိတ်အား လက်ဖြင့်နှိုက်၍ တစ်စုံတစ်ခုအား ရှာဖွေနေသည် ။ သပ်သပ်ရပ်ရပ် စီရီထားသော စာအုပ္မ်ားအား လက်ဖြင့် ဖွရသည်ကို အားမရ၍ လွယ်အိတ်အား စားပွဲပေါ်သို့ သွန်မှောက်လိုက်သည် ။ လွယ်အိတ်အတွင်းရှိ စာအုပ်မျိုးစုံသည် ပရမ်းပတာ ထွက်ကျလာသည် ။ သူသည် စာအုပ်တစ်အုပ်ပြီး တစ်အုပ်အား ယူကြည့်နေသည် ။ ဇောက်ထိုးဖြစ်လို့ဖြစ် ၊ ကြမ်းပြင်ပေါ်သို့ ကျလို့ကျ နှင့် ပြန့်ကျဲနေသော စာအုပ်များသည် သူ ရှာနေသော စာအုပ္မ်ား ဟုတ်ဟန်မတူ ။

သူဧ။် ဝိုက်၍ အနည်းငယ် ကွေးညွတ်နေသော မထူထပ်လွန်းသည့် မျက်ခုံးများသည် အလိုမကျဟန်ဖြင့် တွန့်ချိုးနေသည် ။ သူဧ။် နှဖူးမှ အပြောင်သိမ်း၍ သပ်ရပ်စွာလှန်တင်ထားသော ဆံပင်များသည် စိတ်ညစ်ညစ်နှင့် ထိုးဖွထားသဖြင့် ရှုပ်ပွ နေသည် ။ ဆံပင်များ ရှုပ်ပွနေသည့်တိုင် သူဧ။် ဖူးကျဉ်းကျဉ်း နှင့် မျက်နှာသွယ်သည် အသင့်တင့်သောဖြူသော အသားရည်ဖြင့် ကြည်လင်၍ အဖုအထစ် ကင်းစင်နေသည်။

Tie Up ( Completed) Where stories live. Discover now