Part-13 (Zawgyi & Unicode)

Start bij het begin
                                    

"ကျိန်းသေတာပေါ့။ အကို အများကြီး၀ယ်လာတာပါကွ။ မဟာ မင်းရဲ့ သူငယ်ချင်းတွေကိုခေါ်ခဲ့လိုက်လေ လူများတော့ပိုပျော်ဖို့ကောင်းတာပေါ့။"

"အာ!...ဟုတ်ကဲ့"

ဘေးကနှစ်ကောင်ကိုကြည့်ရင်း မဟာဘုရားသာ တထားမိသည်။ သူဟာ လွှမ်းတို့အရှေ့ လူကောင်းလေးလို နေနေသည်ကို သူတောင်းစားတွေ အောက်ဖဲများလှန်လိုက်လို့ကတော့ လှလိုက်မည့်ဖြစ်ခြင်း။

အကိုခက်နောင်ချိုရဲ့လက်ရာက ဩချလို့ရသည်။တည့်ခင်းထားသည်များကလည်း အကုန်အစပ်ဟပ် တည့်လွန်းသည်။ သူတို့ကိုလည်း ဧည့်၀တ်ကျေပွန်လှသည်။ ပင်လယ်စာတို့ဆိုသည်မှာလည်း လတ်လတ် ဆတ်ဆတ်နဲ့ စားလို့ကိုကောင်းလှသည်။

"အကိုနဲ့လွှမ်းက နှစ်ယောက်ထဲနေတာလား"

"အာ!..ပထမကတော့နှစ်ယောက်ထဲပေါ့၊ အခုတော့ မဟာပါတိုးလာပြီလေ သုံးယောက်ပေါ့။"

"မဟာက ဒီအိမ်မှာလာနေတာလား။" ငြိမ်းခက စားနေရင်းတန်းလန်းနဲ့ပင်မေးချလာသည်။မေးပေါက်ကလည်းတလွဲ။

"အချိန်ပြည့်တော့မဟုတ်ပေမယ့်၊ မဟာကဒီဘက်ရောက်‌လာတာများတယ်။ ညဘက်အကို ဆေးရုံမသွားခင်အိမ်မှာလူစုံလို့"

"အော်!...ညဘက်တွေဆို ဒီကောင်ကမအားဘူးဆိုတာ ဒါကြောင့်ကို"

*အာ့!...* ခြေတံရှည်ကြီးနဲ့ အကန်ခံလိုက်ရတဲ့ဖြိုးဇာနည်တော့ အီစိမ့်နေမည်မှာအမှန်ပင်ဖြစ်သည်။

"ဘာဖြစ်လို့လဲ" အကုန်လုံးရဲ့အာရုံက ထအော်လိုက်တဲ့ ဖြိုးဇာနည်ထံသို့ဖြစ်သည်။

"ပြည်ကြီးငါးလက်မ ဆူးသွားတာနေမှာပေါ့"

မဟာက ရုပ်တည်ကြီးနဲ့ရွဲ့ပြောချလာသည်။ ‌ပြည်ကြီးငါးမှာလက်မ ပါတယ်ပြောရအောင် ထိုင်နေတဲ့သူတွေက ကလေးတွေမှမဟုတ်ပေ။

ကိုဖြိုးဇာနည်တို့သူငယ်ချင်းနှစ်ယောက် ပြန်‌သွားတော့ ည 10 နာရီထိုးလုပင်ရှိနေပြီဖြစ်သည်။ လွှမ်းတစ်ယောက်စားသောက်ထားသည့် ပန်းကန်များကိုဆေးရမည့်တာ၀န်ကိုယူလိုက်ရသည်။ မနက်ဆေးရုံသွားရမည့် ဦးငယ်ကပင်ပန်းထားတာကြောင့် အိပ်ခန်းထဲ အနားသွားယူနေပြီဖြစ်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Waar verhalen tot leven komen. Ontdek het nu