ဒါပေမဲ့ သူမပြန်ချင်ဘူး။

နံပါတ်တစ်စစ်သင်တန်းကျောင်း ဘွဲ့ရတစ်ယောက်အနေနဲ့ သူ့နှလုံးသားထဲမှာ မာနနဲ့ ဂုဏ်ယူစိတ်လေးတော့ ရှိတာပဲ။ မြို့တော်ဂြိုလ်ထဲမှာ သူ့ကိုယ်ပိုင် နေရာတစ်နေရာတော့ ကျန်နေစေချင်သေးတယ်။

ဒီနေ့ ကျွမ်းကျိုး-လောင်ရှီးရဲ့ ၁၀၀ ရာခိုင်နှုန်းဓာတ်ရောင်ခြည် ကာရံတဲ့ နည်းစနစ်အတန်းကိုတက်ပြီး နောက်ဆုံးတော့ သူ့အခွင့်အရေး အလှည့်ရောက်လာပြီလို့ သူသိလိုက်ပြီ။

သူတို့ရဲ့ ကျွမ်းကျိုး-လောင်ရှီက စတုတ္ထနှစ်ကျောင်းသားတွေကိုပဲ သင်ပေးပါစေလို့ ဆုတောင်းမိတယ်။ ဒါမှ ဒီလိုစွမ်းအင်တပ်ဆင်နည်းစနစ်ကို တတ်ကျွမ်းတဲ့ မက်ခါဒီဇိုင်နာတွေ သိပ်မရှိမှာလေ။

ဒီလိုမှ သူဒီကျွမ်းကျင်မှုကို သင်ယူပြီးသွားပြီးနောက် အနာဂတ်ကျရင် သေချာပေါက် အထူးအခွင့်အရေးပေးခံရမှာ ဖြစ်တယ်။

ဘယ်ရွန်ပေါ်သွင့် သူ့လက်အောက်ကလူကို ကျောင်းကို လွှတ်လိုက်တုန်းက တကယ်ဆို သူတို့က သူ့ကိုရှာတာမဟုတ်ဘူး။ သူတို့က အတန်းထဲက အတန်းသူတစ်ယောက်ကို မျက်စိကျနေခဲ့ကြတာ။

အဲဒီအတန်းသူက စကားပြောပြီးထွက်လာတော့ နည်းနည်း မျက်နှာသိပ်မကောင်းပုံပေါက်နေတာကို သူမှတ်မိတယ်။ အဲဒါကြောင့် သူသွားမေးခဲ့တယ်။

အတန်းသူက အသံတိုးတိုးနဲ့ ပြောတယ်: "လူတစ်ယောက်က ၁၀၀ ရာခိုင်နှုန်း ကာရံစနစ်အကြောင်းကို လာမေးနေတယ်။ ငါလက်မခံခဲ့ဘူး"

လျောက်ကျစ်ဖျင်က မေးတယ်: "ဘယ်သူလဲ"

အတန်းသူက ဟိုသည် သေချာကြည့်လိုက်တယ်။ ဘယ်သူမှ သူတို့အပေါ် အာရုံမထားတာကိုတွေ့တော့ နောက်ဆုံးမှာ အသံတိုးတိုးနဲ့ ပြောလိုက်တယ်: "သူတို့က ဘယ်သူဘယ်ဝါဆိုတာကို ကောင်းကောင်း ဖုံးကွယ်ထားကြတယ်၊ ဒါပေမဲ့ ငါ့ဝမ်းကွဲတစ်ယောက်ရဲ့ မွေးနေ့ပွဲကို အရင်က တက်ဖူးတယ်၊ အဲဒီမှာ မင်းမျိုးစိုးနွယ်ဝင်တွေရဲ့ အမှတ်တံဆိပ်တွေ အများကြီးတွေ့ခဲ့တယ်။ လာတဲ့သူက ဘယ်ရွန်ပေါ်သွင့်မိသားစု တံဆိပ်ကို ဝတ်ထားတဲ့ပုံပဲ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now