5:15AM
"သားကုဋေရေ...ဦးညိုလေးကို ခုသွားခေါ်တော့လေ...နောက်ကျနေလိမ့်မယ်..."5:45AM
"မင်းမြတ်ကုဋေဟန်...မင်း ဒီလိုဝီရိယမရှိပုံမျိုးနဲ့ဆို ဦးညိုလေးက စိတ်ကုန်တော့မှာပဲ...သွားခေါ်တော့လို့...ကိုယ်ကအရင်ကြိုရောက်နေမှ အမှတ်ပိုရမှာပေါ့...ဪသူက ငါ့ကို ချစ်လွန်းလို့ ချမ်းအေးနေတာတောင် ဂရုမစိုက်နိုင်ဘူး အစောကြီးလာကြိုတယ် ဘာညာ..ဟက်ထိမှာပေါ့လို့...မင်းနဲ့တော့ ခက်ပါတယ်...."6:30AM
"မင်းမြတ်ကုဋေဟန်ရေ..."ထိုစကားများဟာဆိုရင်တော့
ဒေါ်မြခတ်ကုဋေနွယ်ရဲ့ သူ့သမက်လေးလာမည်ဆိုသောကြောင့် မနက်၄နာရီကတည်းက ထပြီး လောစော်နေသောအသံများသာဖြစ်ပါသည်။
ကုဋေ အခန်းထဲမှ အဝတ်လဲရင်းနာရီကြည့်လိုက်တော့၆နာရီခွဲရှိသေး၍ အပြင်မှာတောင်အလင်းရောင်ကောင်းကောင်းအရသေး။
အစောကြီးကတည်းက အောက်ထပ်မှအော်လိုက် အခန်းတံခါးလာခေါက်လိုက်နှင့် သမက်လေးအတွက်တက်ကြွနေသော မာမီဖြစ်သူကြောင့် သားရော သူရော နိုးလာရသည်။
သားကြည့်လိုက်တော့လဲ အိပ်ချင်မူးတူးလေးဖြင့် စောင်ပုံလေးထဲငုတ်တုတ်လေးထိုင်ရင်း ပစ်တိုင်းထောင်လေးသဖွယ် ဟိုယိမ်းဒီယိမ်းဖြင့်ငိုက်နေသည်။"ဟက်..."ကုဋေ သားကို ကြည့်ရင်းရီလိုက်ပြီး မျက်နှာသစ်ပေးဖို့ပြင်လိုက်သည်။
ထပ်အိပ်စေချင်သေးသော်လည်း အဆိုးလေးက သူ့ထားခဲ့ရင် စိတ်ကောက်နေဦးမည်။"သား...ဧကလေး..."
"ဂျာ..."
မျက်လုံးမဖွှင့်ပဲ သံရှည်ဆွဲထူးနေသော သားဖြစ်သူကိုကြည့်ရင်း
"ဟက်...ထတော့ မျက်နှာသစ်ရအောင် ...""ဧတယေး အိပ်ရို့ဝသေးဝူး..."
"အိပ်လို့မဝသေးဘူး...အဲ့ဒါဆို သားပါးပါးဆီမလိုက်တော့ဘူးလား..."
"ပါးပါးရား...ရိုက်မှာယေ..ထထ တွားမယ်..."
သူ့ပါးပါးဆိုသည်နှင့် မဖွှင့်ချင်သည့်မျက်လုံးများကို အတင်းဖွှင့်ပြီး စောင်ပုံထဲမှ အတင်းထဖို့ပြင်နေသည့် အကောင်ပေါက်လေးပင်။ကုဋေ အသေးလုံးလေးကို စောင်လုံးလေးလိုက် ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်သွားလိုက်သည်။
Episode 24✨🍁
Start from the beginning