"ဒီလယ်ကွင်းကြီးထဲက ဘာကောင်ရှိမှာတဲ့လဲ။ ဒီနားမှာ ချစ်နိုင်းကို အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါဆိုလို့ ..."

လူကို အထက်အောက်စုန်ဆက်ကြည့်ပုံမှာ မသင်္ကာသည့်ဟန်ပန်အပြည့်။ မျက်ဝန်းညိုလေးတွေထဲမှာ သံသယအလွှာပါးကလေးနှင့် လှောင်ပြောင်သရော်မှုလေးတွေက ရောယှက်နေခဲ့၏။

"ဒီက ဆရာသျှမ်းထက်ပိုင်ပဲ ရှိပါတယ်နော်"

"အဟားဟား..."

မနေနိုင်စွာ သျှမ်းရယ်တော့ ကောင်လေးကမဲ့ပြုံးပြံးရှာသည်။ ကျယ်လောင်‌သော ရယ်သံက အမှောင်ညထဲ ထိုးခွင်းဖောက်ထွက်သွားကာ ပတ်ဝန်းကျင်လေထုကလည်း အလင်းတန်းလေးတွေယှက်ပြေးသွားသည့်နှယ်။ချစ်နိုင်းဟာ မှောင်မိုက်သည့်ညလယ်က နူးညံ့သည့် အလင်းလွှာလေးလို၊ အေးစိမ့်သည့်ညလယ်က မီးလင်းဖိုလေးလို သျှမ်းကိုနွေးထွေးစေခဲ့သည်။

"ကြယ်တွေစုံတာပဲ ..ကိုကိုတို့ကြယ်ကြည့်ကြမလား။ ကားနောက်ဖုံးဖွင့်လိုက်ရင် ထိုင်လို့အဆင်ပြေတယ်...လာ"

ပီပီပြင်ပြင် ဆွဲဆုပ်ကိုင်လာမိသည့် လက်ကောက်ဝတ်လေး။ တဒုတ်ဒုတ်မြည်နေသည့် သွေကြောလေးကိုခံစားရင်း သျှမ်း ဘုရားတနေရသည်။ ဘုရားသိကြား မ လို့ ချစ်နိုင်းဘက်က လွှတ်ပါဟု ရုန်းကန်ငြင်းဆိုခြင်းမပြုခဲ့။ ကားပေါ်မှာနေရာယူပြီးကြပါမှ နှမြောတသလွှတ်ပေးလိုက်ရသည့် လက်ကလေးကတော့ တစ်သက်မလွှတ်ချင်စရာပါပဲ။

မီးရောင်ကို ထိုင်သည့်နေရာမှာချထားသည်မို့ ကြယ်တွေဆီမော့ငေးနေသည့် ချစ်နိုင်းမျက်ဝန်းညိုတွေကို သျှမ်းသေချာမြင်နိုင်၏။သူ့ရဲ့ အတောက်ပဆုံးကြယ်လေးဟာ အညိုရောင် စကြဝဠာမှာ လှုပ်လီလှုပ်လဲ့ကလေး ယိမ်းနွဲ့နေခဲ့သည်လေ။

"ကြယ်တွေကို သေချာမကြည့်ဖြစ်တာ အဲ့ကတည်းကပဲ"

မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပေမဲ့ အကြည့်တွေကတော့ဖြင့်ရောက်မလာ။သူ့ကိုယ်ပိုင်ကောင်းကင်ကြီးကို ငေးရင်းမအားသလိုမျိုး ကောင်ကလေးက သျှမ်းကိုမသိချင်ယောင်ဆောင်၏။ထိုဟန်ပန်က ပွယောင်းယောင်းအာတာပူစီလေးလို တမြုံ့မြုံ့အရသာခံကြည့်ချင်စရာ။သျှမ်းဟာ ကိုယ်ပိုင်ကောင်းကင်ငယ်ကိုငေးရင်း ပြုံးကာပြောလိုက်မိသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now