Chapter-9

14.1K 1.5K 72
                                    

Unicode

ရုန်းထွက် မရခြင်းများ ၉

ကလူဂျာကားအနက်လေး ခြံဝန်းထဲမှာရပ်သွားသည်နှင့် ကားနားရောက်လာသည့်လူတစ်စု။ ခြံထဲက အလုပ်သမားသုံးလေးယောက်တောင် လာရပ်တာမို့ သျှမ်းတစ်ယောက်ကြောင်တောင်တောင်ဖြင့် ကားပေါ်ကဆင်းလာလိုက်ရသည်။သူ့ကားကိုများ
တစ်နေရာရာမှာ ခြစ်မိခဲ့သလားပတ်ကြည့်မှ
အလျှိုလျှိုအနားက ထွက်သွားကြတဲ့လူစု။

သုတ်သုတ် သုတ်သုတ်သွားကြသူတွေကို
သျှမ်းကြည့်နေတုန်း မေမေကအနားရောက်လာသည်။ မေမေ့မျက်နှာက ပြုံးရယ်လျက်။ ရွှေရောင်အိနေသည့် ဆွဲကြိုးအတုတ်ကြီးဟာ မေမေ့လည်ပင်းမှတစ်ဆင့် ‌ဖက်ဖူးစိမ်းရောင်ဇာအင်္ကျီထက် တွဲကျလို့နေသည်။

"သားက ကားနဲ့လာတော့ ဧည့်သည်ထင်နေကြတာနေမှာ။ မေမေတောင် သားမှန်းသိမှထွက်လာဝာာ"
သျှမ်းလက်မောင်းကိုကိုင်လို့ အိမ်ထဲခေါ်ရင်းပြောနေတဲ့မေမေ။ ပြင်ဆင်ထားတာကြည့်ရတာတော့ အိမ်ကိုဟိတ်ကြီးဟန်ကြီးဧည့်သည်တွေလာမည့်ပုံပါပဲ။ ဒီလိုနေ့မျိုးဆို တစ်အိမ်လုံးဖီးလိမ်းပြင်ဆင်ပြီး ရွှေတွဲလွဲငွေ‌တွဲလွဲဝတ်ပြရတဲ့ အကျင့်ကြီးက အခုထိမကုန်နိုင်သေး။
သျှမ်းဟာ နှာခေါင်းပင်ရှုံ့လိုက်မိသည်။ ဒါတွေကြောင့်ပဲ သူအိမ်မှာမနေချင်တာပင်။

သျှမ်းရဲ့ ကြီးမြတ်လှတဲ့ဖခင်ကြီးက
သူ့ရဲ့ သူဌေးသူကြွယ်အပေါင်းပါတွေကို
အိမ်ဖိတ်ပြီး စကားဝိုင်းဖွဲ့ရသည့်ရက်ကိုး။
ဖေဖေ့တို့ လူကြီးအုပ်စု တစ်လတစ်ကြိမ်
တစ်အိမ်စီလှည့်ပြီး စကားဝိုင်းဖောင်ဖွဲ့တတ်ကြသည်မှာ နှစ်မနည်းလှတော့။ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာတဲ့အမွေနှစ်လိုမျိုး ဂုဏ်တယူယူလုပ်ပြီးကို တွေ့ကြတာဖြစ်သည်။ ကိုယ့်အိမ်အလှည့်ကျပြီဟေ့ဆိုရင် အိမ်ကလူတွေမှာရှိတာအကုန် ထုတ်ဝတ်ထားသလားမှတ်ရအောင် ပြင်ဆင်ရသည်။

မိန်းမတွေ သားသမီးတွေလဲ အငြိမ်မနေရ။
ဘေးကနေ ရေပူရေချမ်းကမ်းဖို့လှမ်းဖို့
ခြယ်သပြီးစောင့်နေကြရသေးသည်။
သျှမ်းကတော့ ဟိုးအရင်ကတည်းက နည်းနည်းမှသဘောမတွေ့။ လူချမ်းသာတွေဟာ
အတော်ကို မယောင်ရာဆီလူးကြသည်ဟုထင်မိသည်။ သူတို့ပြောသမျှစကားတွေက
သူတို့ထက်သာတဲ့ ဒါမှမဟုတ် သူတို့ထဲမပါတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ယောက်ရဲ့ အတင်းဖျင်းကို ဝိုင်းဖွဲ့ပြောကြတာသာဖြစ်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now