Chapter-19

11.7K 1.4K 90
                                    

Unicode

ချစ်နိုင်းကို သဘောကျတယ် ၅

"ကိုကို ဖြေးဖြေးလျှောက်ပါ။ နောက်ကဘယ်သူလိုက်နေလို့လဲ"

ကပ်ပါလာတဲ့ ဆူအောင့်အောင့်အသံကြောင့် သျှမ်းခြေလှမ်းတွေကို အရှိန်ပိုတင်လိုက်သည်။ ဂလောက် ဂလောက်အသံတွေနှင့်
ပြေးမတတ်ပါလာသည့် ခြေသံတွေ။ မပြုံးပဲမနေနိုင်စွာ ပြုံးလိုက်မိပြီး ခြေလှမ်းတွေကိုရပ်ချလိုက်တော့ ဘုတ်ခနဲအသံဖြင့် ကျောတစ်ခုလုံး နင့်နေအောင်ဝင်တိုက်ခံလိုက်ရသည်။

"အ..သေပါပြီ။ ကိုကိုကတော့ ချစ်နိုင်းကို သပ်သပ်မဲ့အနိုင်ကျင့်နေသလားမှတ်ရတယ်။
ဆေးဘူးတွေသယ်လာတာမှ အားမနာ။
‌လမ်းကချော်လို့ လဲမှာစိုးလို့ကြည့်လျှောက်နေရတာကို နောက်တစ်ချက်မှမကြည့်ဘူး။ တော်တော်တရားကျဖို့ကောင်းတယ်"

ချစ်နိုင်းအောင်မျက်နှာက ဆူပုတ်လျက်။စိတ်ဆိုးတာရော မောတာပါပေါင်းကာ
မျက်နှာတစ်ခုလုံးရဲတွတ်နေသည်။စတာလက်လွန်သွားပြီမို့ ဆေးဘူးကို သျှမ်းဆွဲယူတော့ နဂါးမျက်စောင်းကစူးခနဲ။

ပုခုံးကနေဖက်ကာ အတူလမ်းလျှောက်စေသည့်တိုင် သျှမ်းကိုမကျေမနပ်ဖြစ်နေတော့သည်။ ခြေလှမ်းတွေကို ပေတေနေပုံက
မုန့်မစားရလို့စိတ်ကောက်နေသည့် ကလေးတစ်ယောက်နှယ်။

"လာပါကွာ ဒီကရှေ့ဆေးပုံးတွေငါသယ်ပါ့မယ်"

"ဆေးပုံးသယ်ရလို့ ပြောနေတာမဟုတ်ဖူးလေ။ ချစ်နိုင်းနောက်ကနေ အော်နေတာကို မကြားချင်ယောင်ဆောင်လို့ပြောနေတာ"

"ဟုတ်ပြီ ဟုတ်ပြီ ငါမှားတာ ငါမှားတာ"

"ကိုကို ချစ်နိုင်းကိုရွဲ့နေတာပဲ"

ကုန်းမို့မို့ပေါ်တွန်းထိုးနေကြတဲ့ သူတို့နှစ်ယောက်။ ရပ်ကွက်တွေထဲ လူကြီးရှိတဲ့အိမ်တွေ ဆေးလိုက်စစ်ပေးဖို့ သူတို့ကိုတာဝန်ပေးလိုက်တာ ခုထိရှစ်အိမ်ပဲဝင်ရသေးသည်။
အကြောင်းက ချစ်နိုင်းအောင်ကိုစရင်း
လမ်းပတ်လျှောက်နေတဲ့ သျှမ်းကြောင့်ပင်။ လောင်နွန်ကလည်း နေ့လည်စာစားရမည့်အိမ်ကစောင့်မှာမို့ နှစ်ယောက်သားတော်တော်နှင့် ရှေ့မရောက်နိုင်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now