ep-(45)

267 17 14
                                    

"ရေသောက်တာ အပြစ်လား..ရေသောက်တာ အပြစ်လား.."

စစ် သည် ရေတစ်စက်မျှမရှိတော့သော ရေဘူးခွံအားအမှိုက်ပုံးထဲသို့ ဆောင့်ခနဲ ပစ်ထည့်ရင်း ဆိုလာသည် ။ မော်နီတာ သည် ရူးသွားပြီ ဟူသောအကြည့်ဖြင့် ကြည့်၍ ခေါင်းယမ်းနေသည် ။ 

"ရေသောက်တာ အပြစ်မှ မဟုတ်ဘဲ လူပဲ 
ရေတော့ဆာမှာပေါ့..သူကျတော့ တစ်ခေါက်ပဲ ဆိုပြီးငါတို့ကျတော့ သုံးခေါက်တောင် ဆိုခိုင်းတယ်.."

မော်နီတာသည် သူ့အဒေါ် အား ပြော၍ 
သည်းမခံနိုင်တော့ဘဲ စစ် ဧ။် အရှေ့မှ ပိတ်ရပ်၍...

"ဆရာမ ထွက်သွားပြီးမှ ရေသောက်လို့ရရဲ့သားနဲ့ဆရာမ မထွက်ခင်ရေသောက်တာ မင်း အပြစ်ပေါ့.."

"ဆရာမ မထွက်သွားခင် ရေဆာတာ 
အပြစ်လား..သေလောက်အောင်
ရေဆာနေလည်း မသောက်နဲ့ပေါ့ ဟုတ်လား.."

"အေးပေါ့..ခဏလောက် စောင့်လိုက်ရင် သေ သွားမှာကျနေတာပဲ "

စစ် သည် ဘေးနားရှိ လွတ်နေသော စားပွဲအားဝုန်းခနဲ ထု၍ မော်နီတာ အား ပက်ခနဲ ပြန်အော်လိုက်သည် ။

"ဟုတ်တယ်..စောင့်လိုက်ရင် သေမှာ..အဲ့ဒါကြောင့်ချက်ချင်းထုတ်သောက်တာ ဘာဖြစ်လဲ..ရေလေးတစ်ငုံ နှစ်ငုံ သောက်မိပါတယ်..အမျိုးမျိုး အပြောခံလိုက်ရတယ်.."

ကိုယ့် ထိုင်ခုံ ကိုယ် ပြန်ထိုင်နေသော စစ် အား
မော်နီတာ သည် အနောက်မှ
လှိမ့်အော်သည် ။ 

"တစ်ငုံ နှစ်ငုံ...မင်း စဉ်းစားပြောပါဦး..တစ်ပုလင်းလုံးကုန်သွားတာ တစ်ခန်းလုံး အမြင်ပဲ.."

"မင်း စကားကို ဖိ မပြောနဲ့...သူ့ဟာသူ ရေ
ဘယ်လောက် သောက်သောက် မင်းကို ဘာ ထိခိုက်လို့လဲ.."

မင်းဘုန်းမြတ်ပိုင် သည် အနောက်လှည့်၍ မော်နီတာ အားပုံမှန် လေသံဖြင့် ပြောလိုက်သောအခါ ပထမမော်နီတာ ဘက်မှ နားထောင်နေသော ကျောင်းသူ များသည်
ချက်ချင်း မင်းဘုန်းမြတ်ပိုင် ဘက်သို့ ရောက်လာ ၍ မော်နီတာ အား တိုးတိုး တမျိုး ၊ ကျယ်ကျယ် တမျိုးဝေဖန်နေကြသည် ။

"အေးလေ..သူ့ ရေ ငှါးသောက်တာ ကျနေတာပဲ "

"မော်နီတာ ဆိုပြီး ဖင်ခေါင်းကျယ်နေတာ.."

Tie Up ( Completed) Where stories live. Discover now