【10】END

230 28 1
                                    

D-5

8နာရီထိုးသည်နှင့်အတူ ခုံပေါ်ကAlarmသေးသေးလေးကလည်းတစ်ဖန်ထမြည်လာသည်။
ထိုစဥ် ဘေးမှာရှိသည့် ပြက္ခဒိန်ကိုကြည့်မိပြန်တော့ မှင်အနက်ရောင်ဖြင့်ဝိုင်းထားတဲ့ရက်ကိုရောက်ဖို့ ငါးရက်သာအလို။
ဘေးဖက်အိပ်ယာပေါ်ကိုလှည့်ကြည့်လိုက်တော့ Jaehyunကရှိမနေခဲ့။

"ဘယ်ရောက်နေတာများလဲမသိ"သူတိုးတိုးလေးကိုယ့်ကိုယ်ကိုရေရွတ်လိုက်သည်။

ထိုအချိန်တွင်ပဲ ရေချိုးခန်းကနေခေါင်းကိုသုတ်ရင်းJaehyun၁ယောက်ထွက်လာတော့သည်။

"အိပ်ယာကထရင်လည်းရေထချိုးတော့လေ မမြင်ဖူးလို့အဲ့လောက်ထိအကြာကြီးစိုက်ကြည့်နေတာလား?"

"အမ်--"

"တွေ့လား ဒီကဘာပြောလိုက်လဲတောင်သူအာရုံမရပဲ တွေးနေတာ"ဆိုပြီးပြောရင်း ကုတင်ဘေးနားကိုရောက်သွားသည်။

"သုတ်ပေး"
သူ့အရှေ့ကိုလာထိုင်သည့်Jaehyunဆီကပုဝါကိုယူပြီးဆံပင်ထူထူပျော့ပျော့လေးတွေကိုသုတ်ပေးရင်း အညိုရောင်ခေါင်းလေးကိုနောက်စေ့နေရာကနေ ညင်သာတဲ့အနမ်းလေးခြွေမိသည်။

"မွှေးနေတာပဲအမြဲ"
"နောက်ကျရင် ဒီကိုယ်သင်းနံ့လေးကိုရှုခွင့်တောင်မရှိလောက်တော့ဘူး" အဲ့လိုစကားပြောလိုက်သည့်ဂျောင်ဝူးကိုဂျယ်ဟျွန်းကမော့ပြီးလှည့်ကြည့်လိုက်သည်။

မျက်ရည်တစ်စကျဖို့ဟန်ပြင်နေသည့်မျက်ဝန်းအိမ်တွေကိုဂျယ်ဟျွန်းအမှီသုတ်ပေးနိုင်လိုက်ပါသေးသည်။
အခုရက်တွေမှာ ဂျောင်ဝူးကအရင်လိုမဟုတ်ပဲထမင်းဆိုလည်းပုံမှန် ၃ ၄ နှပ်စားနေကျလူက အခုဆို၂နှပ်တောင်မှမကုန်ဘူးလေ ။ဂျယ်ဟျွန်းသိတယ် အခုအချိန်မှာသူ့စိတ်ထဲအဆင်မပြေဖြစ်နေမှာကို။

D-4

ကျောင်းကကန်တင်းမှာဟိုကောင်တွေနဲ့နေ့လည်စာစားပြီး သန့်စင်ခန်းဘက်သွားဖို့လုပ်တယ်။ဂျယ်ဟျွန်းကိုရှာရင်းပေါ့ နေ့တိုင်းကန်တင်းမှာတွေ့ပေမဲ့ ဒီနေ့တော့သူပျောက်ချက်သားကောင်းနေတာ။
သန့်စင်ခန်းဘက်ရောက်တော့လည်းမတွေ့ပြန်ပါဘူး။
ဘာလိုလိုနဲ့ဟိုဘက်ဒီဘက်နားတွေဆက်လိုက်ရှာရင်း စာကြည့်တိုက်ပဲကျန်တော့တယ် ဒီမှာရှိနေလောက်တာအသေအချာပဲ။

Parallel Line Between Us(Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα