【6】

190 26 4
                                    

နေစထွက်ချိန်၏အဖြူရောင်အလင်းရောင်သည် ပြတင်းပေါက်လိုက်ကာအပြာတွေကနေတစ်ဆင့်ထိုးဖောက်ဝင်ရောက်မှုကြောင့် မဖွင့်ရသေးသည့်မျက်လုံးတို့သည်အပြာရောင်ရှိသောအလင်းရဲ့ဖုံးလွှမ်းခြင်းကိုခံစားမိ၏။

ထိန်လင်းလွန်းသောအလင်းရောင်ကြောင့်လက်ဖြင့်မျက်လုံးစုံပေါ်ကိုကာထား၍ ထထိုင်လိုက်သည်။

မနက်ခင်းအစမှာနေရောင်ရှိန်ပြင်းလွန်းတာဟာ ရာသီဥတုသာယာဖို့ရာ ဖြစ်သည်။ ဤနေ့တော့ လှလွန်းတဲ့ ရာသီဥတုလေးဖြစ်တော့မည်ထင်သည်။

"အိပ်နေသေးတာပဲ"
ကျွန်တော့်အိပ်ယာဘေးကထိုင်ခုံပေါ်လေးမှာထိုင်လျက် ကုတင်ပေါ်စွန်းလေးမှာ လက်လေးဦးခေါင်းအောက်ကိုထောက်ကာအိပ်ပျော်နေတုန်းဖြစ်သည့်သူ။

မျက်နှာအစိတ်အပိုင်းတွေသည် ဘာနှင့်မှနှိုင်းယှဥ်လို့မရအောင်အထိတန်ဖိုးရှိသည်။ဒီလိုသူ့ရဲ့အရာတွေအပေါ်လိုက်ရှုပြီးခံစားမိနေခြင်းဟာ သူ့အပေါ်သဘောကျတဲ့စိတ်ရှိနေတာလား။
အမှန်တိုင်းပြောရရင် ရင်ထဲကလာတဲ့မသိစိတ်ရဲ့လွမ်းဆွတ်မှုတစ်ခုကဘယ်အရာလဲဆိုတာကိုအခုရှာတွေ့နိုင်ခဲ့ပြီထင်တယ်။

တဖြည်းဖြည်းဘေးဖက်ကိုရွေ့ရွေ့လာတဲ့ နေရောင်ဟာသူ၏မျက်နှာပေါ်ကျရောက်တော့မည်ဖြစ်လို့ လက်ဖြင့်အလျင်လေး ဖုံးပေးလိုက်တော့သည်။

"ဘာလို့ရင်တွေအရမ်းခုန်နေရတာလဲ"
ကျန်ရှိနေသေးသည့်လက်တစ်ဖက်ဖြင့်ဘယ်ဘက်ရင်အုံမှာတည်ရှိသည့် နှလုံးသားပေါ်ကိုနေရာချကာမေးမိသည်။ 

ကျွန်တော်အခုထလိုက်မယ်ဆိုရင်သူနိုးသွားလိမ့်မယ် ။
ဒီအတိုင်းလေးပဲဆက်နေပေးသင့်သည်မဟုတ်လား။

ညကနောက်ကျမှအိပ်တာကိုခုထိမနိုးတာ ဆိုးလိုက်တဲ့ဂျောင်ဝူး။

ညက.....
အဲ့အရာကအိပ်မက်လား?
၎င်းအိပ်မက်တွေကြောင့်ဒီရက်ပိုင်းခေါင်းတွေရှုပ်ပြီးဘာမှသေချာစဥ်းစားလို့မရပဲဖြစ်နေခဲ့တာ။
ဘာကြောင့်မမြင်ဖူးတဲ့အကြောင်းအရာတွေကိုမက်နေတာလဲ။
အဲ့ဒီအရာတွေကအတိတ်လား?

__

ဒီနေ့ကစနေနေ့၊ ပိတ်ရက်မို့တော်ပါသေးတယ်ညကတော်ရုံမအိပ်ဖြစ်ခဲ့တာကြောင့်၁၀နာရီမှနိုးလာခဲ့တော့တယ်။

Parallel Line Between Us(Completed)Where stories live. Discover now