အပြာရောင်အငွေ့များနှင့်အနက်ရောင်အလင်းတန်းတွေကြား ကျွန်တော့်ခန္ဓာကိုယ်ဟာ မြေပြင်နှင့်ဆွဲငင်မှုပျက်ကွင်းလျက် ဝဲစွာနေခဲ့သည်။
အဖြူရောင်ပေါ်၌ မျက်လုံးမပွင့်နိုင်လောက်တော့အောင်ပင် စူးလွန်းသည့်အလင်းစက်များကကာကွယ်ထားသည့် နှင်းဆီဖြူ တစ်ပွင့်ကိုတွေ့ရသည်။
ကိုယ့်ရဲ့အသက်ရှုသံတောင်ပြန်ကြားနိုင်တဲ့ တိတ်ဆိတ်နေလွန်းသည့် လေဟာနယ်ထဲဝဲနေလျက်ရှိသည် မကြာခင်ပင် ကျွန်တော့်ကိုယ်ခန္ဓာဟာ ထိုနှင်းဆီဖြူအနားသို့ အလိုလိုရောက်ရှိသွားခဲ့သည်။
ထိန်လင်းနေသောထိုပန်းပွင့်ကို တည့်တည့်ကြည့်နိုင်လောက်အောင်ပင် ကျွန်တော် ခံနိုင်ရည်ရှိခဲ့သည်။
အသက်ရှုနေရတာကလွဲလို့ ဘာမှထိတွေ့မလှုပ်ရှားမခံစားနိုင်သည့် နေရာတစ်ခုပင်ဖြစ်လိမ့်မည်။
"18ရက်။
နတ်ဘုရားဆီသို့ တောင်းဆိုခဲ့သည့် အသင်၏ ဆုတောင်းခြင်းသည် ပြည့်မြောက်ခဲ့သည်။
သင်၏ ဒုတိယမြောက်ရှင်သန်ခြင်းဟာ မကြာခင်18ရက်တိတိမှာပင် အချိန်စေ့လိမ့်မည်။"မျက်စိရှေ့တည့်တည့်ပင်တည်ရှိနေသည့် ထိုနှင်းဆီဖြူဆီက သြဇာအာဏာပြည့်မြောက်ပြီးတည်ကြည်လျက် နားဝင်ချိုလွန်းသည့် မိန်းမတစ်ယောက်၏အသံကိုကြားရသည်။
သူပြောသည့်စကားကိုကျွန်တော်ကြားပြီးပြီးချင်း လိပ်ပြာလွင့်သွားမတတ် ဖြစ်ခဲ့ရသည်။
ကျွန်တော်ဟာ ဘာတစ်ခုမှဆက်ပြောခွင့်မရှိလိုက်ပဲ အပြာရောင်အငွေ့တန်းတွေကတစ်ဖန်ကျွန်တော့်ခန္ဓာကိုယ်ကို ထိုပန်းပွင့်၏ဝေးရာကိုဆွဲယူကာခေါ်သွားတော့သည်။
အမြင့်ကနေပြုတ်ကျသလိုမျိုး ခံစားရကာ လန့်ပြီး ကျွန်တော်ဒီအိပ်မက်မှနိုးထလာခဲ့တော့သည်။အိပ်ရာပေါ်ထထိုင်လိုက်ပြီး မောပန်းကာအသက်ကိုသာဝအောင်ရှုနေရသည်။
"18ရက်??"
ကျွန်တော်နှင့် ဂျယ်ဟျွန်းအတူတူရှိရဖို့ကျန်တော့သည့်အချိန်က ၁၈ရက်။နံနက် 2နာရီနှင့်47မိနစ်
ကုတင်ပေါ်ကနေဆင်းလိုက်ပြီး ကျွန်တော့်ခြေလှမ်းတွေဟာ ဂျယ်ဟျွန်းရဲ့ကုတင်ဖက်ကိုဦးတည်၍လျှောက်သွားခဲ့သည်။ သူ့ရဲ့ကုတင်ဘေးက ခုံပေါ်လေးထိုင်ကာ
YOU ARE READING
Parallel Line Between Us(Completed)
Fanfiction•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)