Unicode
"အမ် ဘာပြောလိုက်တာ?"
"ဘာမှမဟုတ်ပါဘူး"
လှတယ် ဆိုပြီးတင်စားခေါ်ပြီးပြောလိုက်သည့်စကားလေးကို သူမကြားလိုက်တာပဲကောင်းမည်။
သူ့ရဲ့ပါးပေါ်၌တည်ရှိသည့် ထင်းနစ်နေတဲ့ ပါးချိုင့်လေး၂ခုကိုမြင်တွေ့ဖူးခဲ့သလိုရှိ၏...
ဒါဟာကျွန်တော်ပထမဆုံးမြင်ဖူးတဲ့ မိတ်ဆက်အပြုံးလေးဖြစ်နေမယ်ထင်ထားခဲ့ပေမဲ့ အရင်တုန်းကရော..သူ့ရဲ့အပြုံးကိုမြင်ဖူးခဲ့လေသလား?"အမ်...ဒါနဲ့..ကျောင်းသွားမှာမလား?"
တွေးလက်စကိစ္စလေးကိုခဏရပ်တန့်ပြီး လည်ပင်းအနောက်ကိုသပ်ပြီး စကားဆက်လိုက်သည်။ကျောင်းတစ်ခုထဲဖြစ်ပြီး အခန်းတစ်ခန်းထဲမယ်အတူတူခြေစုံချနေရတော့မည်ဆိုသည့် ခံစားချက်သည်အခုထိထူးဆန်းလွန်းနေသည်။
"အင်း ဟုတ်တယ် သွားရမှာပေါ့ ဒါဆို ငါအရင်ရေချိုးခန်းဝင်လို့ရလား?"
ပေါင်းရသင်းရခက်ခဲမည့်ပုံပေါ်ပေမဲ့ သူကတစ်ချိန်လုံးပြုံးနေတတ်ပြီး အလွန်သဘောကောင်းသည့်လူတစ်ယောက်ဖြစ်လိမ့်မည်။"ရတယ်"
"ဟုတ်ပြီ"
ကိုယ်ပေါ်ကစောင်ဖြူလေးကိုလှန်တင်ပြီးဖယ်ကာ ကုတင်ပေါ်ကနေခြေလှမ်းချသည်။တဖြည်းဖြည်းနီးကပ်လာသည့်သူ့ရဲ့ခြေလှမ်းတွေဟာ တစ်လှမ်းလှမ်းလိုက်တိုင်း ကျွန်တော့်ရဲ့ရင်ထဲမှာ မပြောပြတတ်အောင် နှလုံးဟာခုန်လွန်းနေခဲ့ပါသည်။
ပတ်ဝန်းကျင်ကြီးတိတ်ဆိတ်ငြိမ်သက်သွားပြီး သူနဲ့ကျွန်တော်၂ယောက်ပဲ အသက်ရှုလို့မရနိုင်တဲ့ လေဟာနယ် တစ်ခုထဲကျန်ခဲ့သလို...။
သူ၏ကိုယ်ရိပ်ကြောင့်ဖြတ်ခနဲတိုက်လာသည့်လေပြေသွေးဟာကျွန်တော့်မျက်တောင်နားအရောက်...။
ဘာဆက်ဖြစ်မည်လို့ထင်သလဲ...?
သူ၏ဘယ်ဘက်လက်ချောင်းထိပ်လေးတွေဟာ ကျွန်တော့်ဘယ်ဘက်လက်ချောင်းထိပ်လေးတွေဆီမလွှဲမသွေမုချလာတိုက်တော့သည်ပင်။
**"ဒီနေ့ဘာလုပ်ကြမလဲ?ရုပ်ရှင်ကြည့်ဖို့သွားကြမလား?"
"ငါတို့အဲ့လိုလုပ်လို့ဖြစ်ရဲ့လား?ငါစိုးရိမ်တယ်"**
YOU ARE READING
Parallel Line Between Us(Completed)
Fanfiction•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)