(( 12 ))

3.1K 351 50
                                    

Unicode

"ဝါး မုန့်ချိုကစားလို့ကောင်းလိုက်တာ"

မျက်နှာချင်းဆိုင်စားပွဲတစ်ဖက်မှထိုင်၍ စားပွဲပေါ်ကမုန့်ချိုလုံးတွေတမြုံ့မြုံ့စားနေသည့်အကောင်သေးသေးလေးကိုဂျောင်ကု သေရည်သောက်ရင်းထိုင်ကြည့်ကာစောင့်နေရသည်။

ဂိုလျောကလူတွေကအကုန်လုံးဒီလိုသေးသေးလေးတွေပဲလား။ မဖွံ့ထွားတဲ့ခန္ဓာကိုယ်အချိုးအစားတွေဟာသူတို့ထန့်ယန်းနှင့်လားလားမျှမဆိုင်။

"အဟမ်း ...ဒီကထန့်ယန်းအရှင့်သားကနန်းတွင်းထဲမလာဘူးလား?? ဘယ်မှာတည်းခိုနေတာပါလဲ?? "

စားလို့သောက်လို့ဝပြီဆိုတော့မှ စကားစပြောလာသူကိုဂျောင်ကုဘာမှပြန်မဖြေပေးမိ။ ဖြေစရာအဖြေလည်းမရှိပါလေ။ သူလာတာဂိုလျောနန်းတွင်းကိုမဟုတ်။ ယောင်းကိုတွေ့ချင်လို့လာတွေ့ရုံသာဖြစ်သည်။

အစီအစဉ်တွေမစခင်မှာ လွမ်းနေရသည့်သူ့နှလုံးသားလေးကိုတွေ့သင့်သည်လို့ထင်လို့လာတွေ့ခဲ့ခြင်းပင်။ တွေ့ဖို့ရည်ရွယ်တာတစ်ယောက် ရောက်လာသူကတစ်ယောက်ပေမလို့ဘယ်သူ့ကိုအပြစ်တင်ရမလဲမသိတော့။

"ကိုယ်တော်ကဂိုလျောကိုတိုင်းရေပြည်ရေးကိစ္စနဲ့လာတာမဟုတ်တဲ့အတွက် ဒီကမင်းသားလေးကစိတ်ထဲမထားလည်းအဆင်ပြေပါတယ်"

သူပြောလိုက်တော့ မင်းသားလေးယောန်ဂျွန်းကနှာခေါင်းလေးရှုံ့ကာသူအားကြည့်သည်။ တကယ်လည်းယောန်ဂျွန်းမှာသဘောရိုးနှင့်လာခြင်းလို့ထင်သွားခြင်းပင်။

စတွေ့စဉ်ကရုတ်တရက်မလို့မမှတ်မိလိုက်သော်လည်း ယောင်းနဲ့အမြဲတတွဲတွဲရှိနေတတ်သည့်ဂိုလျောမင်းသားငယ်မှန်းတော့နောက်မှ သူသတိထားလိုက်သည်။

"အဟမ်း ကျွန်တော်ကယောင်းလေးနဲ့ညီကိုတော်ဆိုတာအရှင့်သားလဲသိမှာပါ... ယောင်းလေးနဲ့မေတ္တာမျှနေတဲ့လူကိုသိချင်လို့ ယောင်းလေးမသိအောင်အစားလာအကဲခတ်တာမလို့ ချိန်းဆိုမှုကိုအနှောက်အယှက်ဖြစ်သွားစေမိတာ တောင်းပန်ပါတယ်"

ခေါင်းလေးငုံ့ကာရိုကျိုးစွာပြောလာသည့် မျက်စိရှေ့ကမင်းသားအသေးလေးကိုဖြင့်ဂျောင်ကုထူးဆန်းစွာမျက်မုန်းမကျိုးမိ။ ပုံမှန်ဆိုဂျောင်ကုအတွက်ရန်သူ့ပြည်မှာသက်ညှာစရာလူရယ်လို့ရှိခဲ့ဖူးသည်မဟုတ်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now