(( 2 ))

3.5K 488 58
                                    

Unicode

လသာဆောင်ကြီးပေါ်တွင် ဗျပ်စောင်းသံလွင့်လွင့်သည်ချိုမြန်စွာပျံ့လွင့်နေသည်။ စံပယ်ပန်းအဖန်ရည်မွှေးမွှေးကိုသုံးဆောင်ရင်း အိမ်ရှေ့စံယွန်းဂီမှာမျက်စိလေးတွေမှိတ်ထားရင်းအေးချမ်းဖွယ်အနုပညာလက်ရာလေးကိုခံစားနေမိသည်။

ထိုလှပသည့်အနုပညာသံစဉ်ကို ဖန်တီးနေသည့်နတ်သားငယ်လေးဆီအကြည့်ရောက်မိတော့အိမ်ရှေ့စံနည်းနည်းမျက်မှောင်တွေကြုံ့ကာစိတ်အလိုမကျဖြစ်သွားရသည်။

ထယ်ယောင်းမှာဗျပ်စောင်းတီးခတ်နေပေမဲ့ စိတ်တို့ကပျံ့လွင့်နေသည်။ အခုရက်ပိုင်းသိသိသာသာကယောက်ကယက်ဖြစ်နေသည့်စိတ်တို့ကို ထိန်းချုပ်ဖို့ရာအတွက်ထယ်ယောင်းမှာဘာဆေးနှင့်မှကုသမရနိုင်။

တိတိကျကျပြောရပါလျှင် ဆောင်ကြာမြိုင်သို့သွားခဲ့သည့်ထိုညကတည်းကဖြစ်သည်။ ထိတွေ့ခဲ့မိသည့်ထိုသူစိမ်း၏အနမ်းတွေဟာ ပြန်တွေးမိတိုင်းထယ်ယောင်းမျက်နှာထက်အပူလှိုင်းတွေစီးဆင်းသွားစေသည်။

မေးရိုးထင်းထင်းနှင့်ခန့်ညားနေခဲ့သည့်ထိုလူ၏ အကြည့်စူးစူးတွေဟာထယ်ယောင်းရဲ့အိမ်မက်တွေထဲထိဝင်ရောက်လာတတ်သည်။

နန်းတွင်းထဲမှာနေ၍ ဘယ်သူစိမ်းနှင့်မှမထိတွေ့မဆက်ဆံခဲ့ဖူးသည့်ထယ်ယောင်းအတွက်တော့ပထမဆုံးအနမ်းနှင့်စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေက နေ့နေ့ညညအချိန်ပြည့်ခေါင်းထဲတွင်နေရာယူနေတော့ ထိုလူ့ကိုထပ်ပြီးတွေ့ချင်နေမိသည့်စိတ်တို့ကြောင့်လူကအနည်းငယ်နေလို့မကောင်းချင်။

သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာ ပြောခဲ့သည့်အသံဩရှရှကိုပြန်လည်ကြားယောင်မိတော့ထယ်ယောင်းတစ်ကိုယ်လုံးကြက်သီးလေးတွေသိမ့်ခနဲထကုန်သည်။ တဖန်ထိတွေ့ခဲ့သည့်နှုတ်ခမ်းပါးတို့အကြောင်း ပြန်လည်မြင်ယောင်မိတော့လည်း ထယ်ယောင်းသူ့အောက်နှုတ်ခမ်းလေးကိုအသာကိုက်ထားလိုက်မိသည်။

ထိုလူ့အကြောင်းတွေးမိတာနှင့်ထယ်ယောင်းရင်ထဲ နှလုံးခုန်နှုန်းတွေမြနနလာရသည်။ ယောကျာ်းတစ်ယောက်အပေါ် ဒီလိုရင်ခုန်သံမြန်ဆန်နေမိသည့်အတွက်လည်းထယ်ယောင်းမှာရှက်ရွံမိရသည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now