🌻ကိုကို့ကိုပူဆာထားလို့ နေပြည်တော်မသွားရပဲ မန္တလေးမြို့ကိုအပီအပြင်လည်ရတော့သည်။ ခက်တာက ကိုကိုကဘာလုပ်လုပ်ခေါင်းငြိမ့်ပြီး ကောင်းသည်ဆိုးသည်ဝင်မပြောတာပဲ။ ဘုရားကြီးသွားမယ်ဆိုပြီးထွက်လာကြတာကနေ ယမှုံပြောမှလုပ်သည် မပြောရင်မတ်တပ်ကြီးပဲရပ်နေတာမို့ သိပ်တော့မကြည်တော့ပေ။ ဘုရားပန်းကပ်ဖို့ ပန်းဝယ်ပါတယ်ဆိုမှဘေးကနေ ရပ်ကြည့်နေပြီး ဝိုင်းမရွေးပေးပေ။
" ကိုကို ပန်းရွေးပေးလေ "
" အင်း ဘာပန်းလဲ "
" ကြာပန်းနဲ့ နှင်းဆီနဲ့ ရွှေသင်္ကန်းလဲသွားကပ်ဦး။ မပြောရင်ဘာမှမလုပ်တော့ဘူးလား "
" မင်းမှဘာမှမပြောတာ ဒီပန်းတွေပေးပါ "
ပန်းအရင်ဝယ်ပြီးကပ်တော့ ကိုဆက်ကတောင်ရွှေသင်္ကန်း သွားကပ်နေပြီဖြစ်သည်။ အမရာကယမှုံ့တို့ရန်ဖြစ်နေတာကိုရီနေပေမဲ့ မရှက်နိုင်။ ကိုကိုကတအားကို အေးတိအေးစက်နိုင်လွန်းတယ်။ ဒါပေမဲ့အင်္ကျီကိုတော့ ဆင်တူဝတ်ချင်တယ်ဆိုတာနဲ့ အဖြူရောင်ရှပ်နဲ့ ပုဆိုးဝတ်လာပေးတာပဲ ကျေးဇူးတင်ရမယ် မဟုတ်ရင်မဝတ်ချင်ဘူး ကလေးကျနေတာပဲလို့ ပြောခံရဦးမည်။ ၂ယောက်သား ဘုရားပန်းအတူကပ်ရင်း မျက်စိမှိတ်ကာဘုရားကိုသာ အာရုံပြုထားလိုက်တော့သည်။
" ပြီးရင် လျောက်ကြည့်ကြမယ်လေ "
" ဟုတ် ကိုကိုဘုရားပြီးရင်ဘယ်သွားမှာလဲ "
" သူတို့လိုက်ပို့တဲ့နေရာပေါ့။ မိုမိုဘယ်သွားချင်လို့လဲ "
" မသွားချင်ပါဘူး ။ ဘယ်နေရာသွားရမလဲမသိလို့ "
" မိုမို ရန်ကုန်ပြန်ရောက်ရင်မေမေနဲ့လိုက်တွေ့ရမယ်။ ကိုတို့ကအရှိန်လွန်ပြီးနေပြီ မိဘတွေကိုအသိပေးထားရမယ်။ လိမ်ထားတာမဟုတ်ပဲ မိဘတွေပါသဘောတူထားတာ ပိုကောင်းတယ် "
" မိုမိုကြောက်တယ်။ မေမေတို့ကရိုက်လိမ့်မယ် "
" ကိုကို့ကို ယုံနော်။ မပြောသင့်တာကိုကိုမပြောဘူး ဘာပဲဖြစ်ဖြစ်ကိုကိုအရှေ့ကရှိတယ်။ ပြောပြထားတာကပိုကောင်းတယ် မကြောက်နဲ့နော် "
YOU ARE READING
အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်
RomanceUnicode and Zaw Gyi❗️ Start date - Oct 18 2021 အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ အချစ်တွေ ရစ်ပတ်လာချိန်မှာတော့ ..... ဘယ်လိုရှေ့ဆက်မလဲ ဘာတွေဆက်ဖြစ်လာမှာလဲ။ အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်...